Chapter(1.3)

2.2K 345 6
                                    

Unicode

Chapter(1.3)

အခု အရာအားလုံး အခြေကျနေပြီဖြစ်သည်။ သို့သော် ချိန်ယွီကျင်သည် ဒုတိယလအစမှ စတင်ကာ အိပ်နေလျှင်ပင် ရှင်းမပြတတ်သော ဖိစီးမှုတစ်ရပ်ခံစားလာရသည်။ ယမန်နေ့ညကမူ သူမသည် အလွန်ရှည်လျားသော အိပ်မက်ရှည်တစ်ခု မက်ခဲ့သည်။

မိုးမသောက်ခင်တွင် ချိန်ယွီကျင်သည်  ချွေးအေးများနဲ့ ရွှဲရွှဲစိုလျက် ရုတ်တရက် လန့်နိုးလာခဲ့သည်။ ထပ်အိပ်၍ မရနိုင်တော့သောကြောင့် သူမအိပ်ရာပေါ်တွင် အချိန်အတော်ကြာ လဲလျောင်းခဲ့သည်။ ဒါကအိပ်မက်တစ်ခုပါပဲ၊ အတည်မှတ်ယူဖို့အတွက်ကတော့ ရယ်စရာ ကောင်းလှတယ်လေ။သို့ပေမဲ့  ချိန်ယွီကျင်အနေဖြင့် ဤသည်က အိပ်မက်တစ်ခုလောက်မရိုးစင်းဘဲ အစစ်အမှန်ဖြစ်နေသည်ဟု ခံစားမိသည်။

အိပ်မက်ထဲမှာ သူမက သူမကိုယ်တိုင်မဟုတ်ဘဲ သူမကိုယ်သူမ ပြန်မြင်ခဲ့သည်။ ကြိုးဆွဲခံရသည့်ရုပ်သေးရုပ်သဖွယ် သူမသည် ချိန်ယွီကျင် ၏ တစ်ဘဝလုံးအကြောင်း အတွေ့အကြုံရသွားခဲ့သည်။

သူမအိပ်မက်ထဲတွင် သူမသည် ရီချွမ်း အမတ်မင်းအိမ်တော်၌ပင် မွေးဖွားခဲ့သည်။ ဒုတိယအိမ်တော်မှ ရန့်ရှိ သည် အမွှာညီအမနှစ်ဦးကို မွေးဖွားခဲ့သည်။ ထိုအချိန်တွင် ပထမအိမ်တော်မှ ချင်းဖူကျွမ်းကျူ သည် အိမ်ထောင်ကျပြီး ငါးနှစ်ကြာသည့်တိုင် ကလေးမရသေးပေ။ သတို့သမီး အသစ်ကလေး ရန့်ရှိ က တစ်နှစ်အကြာတွင် သမီးမိန်းကလေးနှစ်ဦး မွေးဖွားပေးခဲ့သည်။ သမီးမိန်းကလေးနှစ်ယောက်ဖြစ်နေပေမဲ့လဲ သူမတို့နှစ်ယောက်က ချိန်မိသားစု၏ မင်္ဂလာရှိသော ပထမဆုံးမြေးဦးလေးများ ဖြစ်သည်။ ထို့ကြောင့် သခင်မကြီးချိန်က ဦးဆောင်ဦးရွက်ပြုကာ အမွှာထဲမှ အကြီးဆုံးကလေးကို ချွေးမကြီး ချင်းဖူကျွမ်းကျူအား ကံကောင်းစေသည့် သမီးကလေးအဖြစ် ပေးခဲ့သည်။

ထို့နောက် ညီမနှစ်ယောက်အား ချိန်ယွီကျင်နှင့် ချိန်ယွီမော် ဟူ၍ နာမည်ပေးခဲ့ကြသည်။

ချိန်ယွီကျင်သည် ငယ်စဥ်အချိန်ကတည်းကပင် သူမနှင့် တစ်ဝမ်းကွဲညီမဖြစ်သူတို့သည် သွေးရင်းအမွှာညီမများဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။ သို့သော် ရန့်ရှိသည် အဒေါ် ဖြစ်ပြီး ချင်းဖူကျွမ်းကျူတစ်ယောက်တည်းကသာ  အမေဖြစ်ကြောင်းကို  သူမနားလည်သည်။

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) حيث تعيش القصص. اكتشف الآن