Chapter(15)လက်ရေးလှ သင်ခန်းစာ

1.3K 205 10
                                    

Unicode~

အရှေ့က chapterလေး ဖတ်ပြီးကြပြီလား?unpublishလုပ်ပြီး ပြန်တင်တော့ မတွေ့ကြမှာစိုးလို့။ ဒါလေးက ကိုယ်ပြန်နေတဲ့ အခြားနှစ်ပုဒ်ထက် အတော်လေးရှည်လို့ အနည်းဆုံးတော့ ဆယ်ရက်တစ်ပိုင်းနှုန်း တင်ဖြစ်ပါလိမ့်မယ်။ အရေးအသားပိုင်းဆိုင်ရာ ပိုပြီးအာရုံစိုက်ထားပေမဲ့ တစ်ခုခုလိုတာရှိရင် ကိုယ့်ကို အကြံပေးကြပါဦး။ ထောက်နေမယ်စိုးလို့…

Chapter(15)လက်ရေးလှ သင်ခန်းစာ

နောက်တစ်နေ့တွင် ချိန်ယွီကျင်က သခင်မကြီးချိန်ကို မနက်အစောပိုင်းတွင် ဂါရဝပြုရန်သွားခဲ့၏။

အစေခံမိန်းကလေးက ချိန်ယွီကျင်ကို နူတ်ဆက်၍ သူမအတွက် တံခါးဖွင့်ပေးခဲ့သည်။ ကမ္ဘာမြေနဂါး၏ အခိုးအငွေ့တို့က သူမမျက်နှာကိုလာဟပ်၏။ အစေခံမိန်းကလေးက သူမ၏ခြုံလွှာကို ချွတ်ရန်ကူညီပေးပြီး မနေ့ညက သခင်မကြီးက ဒုတိယသခင်မလေးသခင်လေးရွှီနဲ့ သခင်မလေးတွေကို ပင်မဆောင်ရဲ့အစွယ်ခန်းတွေမှာ အိပ်ခွင့်ပြုထားပါတယ်အခု သခင်မလေးတို့က အစိမ်းရောင်ပိတ်ကျဲစင်အတွင်းထဲမှာ အိပ်နေကြတုန်းပဲ ရှိပါသေးတယ်သခင်မကြီးက သခင်လေးရှု အအေးမိမှာစိုးလို့ ကမ္ဘာမြေနဂါးကို မီးပိုရှို့ဖို့ ညွှန်ကြားထားပါတယ်ရှင့်သခင်မလေးက အခုမှ အပြင်ဘက်ကရောက်လာတော့ အပူနှင့် အသားကျတာ ဖြစ်ပါလိမ့်မယ်ခဏလောက် စောင့်ပေးပါ ဟု ပြောလာတယ်။

(*ကမ္ဘာမြေနဂါး: ရိုးရာအပူပေးစနစ်။ မြေပြင်တွင် တွင်းတစ်ခုတူးကာ အပြင်ဘက်တွင်မီးရှို့ပြီး အပူကို မြေအောက်လမ်းကြောင်းမှ ထုတ်လွှတ်ပေးသည်ကို ကမ္ဘာမြေနဂါးဟုခေါ်သည်။)

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) Where stories live. Discover now