Chapter(24.2) ပေါ်ပေါက်သွားလေပြီ

503 84 6
                                    

Unicode

Chapter(24.2) ပေါ်ပေါက်သွားလေပြီ

ဘုရင်မင်းမြတ်က အရှင့်သားကို နဂိုက တောင်ပေါ်ကို ပို့လိုက်တာက နလန်ထူနိုင်ဖို့အပြင် ရန်မိသားစုကိုလည်း ရှောင်လို့ရအောင်ပါ။  မမျှော်လင့်ထားတာက သိပ်မကြာခင်မှာပဲ အရှင်မင်းသား နေတဲ့ဘုရားကျောင်းက ထူးဆန်းတဲ့ ရေလွှမ်းမိုးမှုကြောင့် မျှောပါသွားတယ်ဆိုတဲ့သတင်းတစ်ခု ရောက်လာခဲ့တယ်။ နေသာတဲ့နေ့မှာ မိုးကြိုးပစ်တာပါပဲ။ ဘုရင်မင်းမြတ်က ယူကြုံးမရဖြစ်ခဲ့ပါတယ်။ အရှင်မင်းမြတ်က တော်ဝင်ကိုယ်ရံတော်တွေကို တောင်ဆီ အမြန်သွားရှာဖို့ စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သုံးလလုံးလုံးကြာခဲ့တာတောင် သူတို့ ဘာကိုမှ ရှာမတွေ့ခဲ့ကြဘူး”

“ဘုရားကျောင်းဧရိယာကို အချိန်အကြာကြီး ရှာပြီးတဲ့နောက်မှာ အသက်ရှင်ကျန်ရစ်တဲ့သူ တစ်ယောက်မှ ရှာမတွေ့ခဲ့ဘူး။ ဒီမတော်တဆမှုက တိုင်းပြည်ကို အတော်လေး တုန်လှုပ်သွားစေခဲ့တယ်၊ ဘုရင်မင်းမြတ်ကလည်း မနက်ခင်း ညီလာခံကို တစ်လခွဲကြာ ရပ်ဆိုင်းပြီး အရှင့်ရဲ့သတင်းကို စောင့်ဆိုင်းနေခဲ့တယ်။ ဘုရင်မင်းမြတ်ရဲ့ သဘောထားကို မြင်တဲ့အခါမှာတော့ ဘယ်သူကမှ အဆိုးဆုံးဖြစ်နိုင်ချေကို မခန့်မှန်းရဲကြတော့ဘဲ အရှင့်သားကို ပျောက်ဆုံးနေတယ်လို့ သဘောထားပြီး ဆက်ပဲရှာကြပါတော့တယ်” သခင်ကြီးက ခေါင်းယမ်းကာ ပြုံးလိုက်တယ်၊ “အဲ့ဒီအချိန်တုန်းက ဒီသတင်းကို ဒီငယ်သားအိုကြီးက ကြားတော့ အရှင့်သားရဲ့ ကံဆိုးမှုကို သနားမိတယ်၊ ကျွန်တော်မျိုးတို့ မိသားစုကလည်း လူအင်အားတွေ စေလွှတ်ပြီး ရုံးတော်ရဲ့ ရှာဖွေမှုကို အားဖြည့်ခဲ့ပါတယ်။ ဒါပေမဲ့ မျှော်လင့်မထားပဲ ဒီကမ္ဘာကြီးက ထူးဆန်းလှတဲ့ ကံကြမ္မာတွေနှင့် ပြည့်နှက်နေပြန်ပါရော: ရွှယ်လန်က အရှင့်သားကို မတော်တဆ ကောက်ရခဲ့သတဲ့လေ”

စကားဝိုင်းခေါင်းစဉ်က ကွယ်လွန်သွားတဲ့ သူ့ရဲ့မွေးစားမိခင်အကြောင်းကို ပြောင်းသွားတဲ့အခါမှာ ချိန်ယွမ်ကျင်း၏အမူအရာက အများကြီး ဖြေလျော့သွားတယ်။ သူ့ဘဝမှာ လူပေါင်းများစွာက သူ့ကို နှိမ့်ကျစေခဲ့ပေမဲ့ ရွှယ်ရှိက သူ့ကို ငြိမ်းချမ်းတဲ့ အိမ်လေးတစ်လုံးကို ပေးခဲ့တယ်၊ စာရေးတတ် ဖတ်တတ်အောင်း သင်ပေးတယ်၊ သူ့ကို အသစ်တစ်ဖန် ပြန်စတင်နိုင်အောင် ကူညီပေးခဲ့တယ်။ ချိန်ယွမ်ကျင်းအတွက် သခင်ကြီးချိန်ရဲ့ အရေးပါမှုက ရွှယ်ရှိထက်စာရင် ပမွှားပါပဲ။ အခု သခင်ကြီးအပေါ်မှာထားတဲ့ သူ့ရဲ့လေးစားမှုက ရွှယ်ရှိနှင့် သူ့ရဲ့ဆက်ဆံရေးအပေါ်မှာ အဓိက အကြောင်းခံနေတာပါပဲ။ 

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) Donde viven las historias. Descúbrelo ahora