Chapter(3.1)ဦးလေး၉

2.4K 347 5
                                    

Unicode

Chapter(3.1) ဦးလေး၉

အဓိကခန်းမထဲတွင် အစေခံမိန်းကလေးက လက်ဖက်ရည်ကို ခေါင်းငုံ့ကာသယ်လာသည်။ ချင်းဖူကျွမ်းကျူ၏ မျက်နှာက မှုန်မှိုင်းနေပြီး အချိန်အတော်ကြာ အောင့်အီးသည်းခံပြီးနောက် ပြောလာခဲ့သည်။ "သခင်ရွှယ်၊ ကလေးတွေရဲ့လက်ထပ်ပွဲက သေးသေးဖွဲဖွဲမဟုတ်ဘူးလေရှင်သေချာပြန်ဥ်းစားပြီးပြီလား"

ဟော်ရွှယ်ရှိက ပြုံးပြီးပြောသည်။
"ကျွန်မဒီကို ချင်းဖူကျွမ်းကျူ နဲ့ တွေ့ဖို့လာကတည်းက အကြောင်းပြချက် မည်မည်ရရရှိဘဲ မပြောရဲပါဘူး။ အကြီးဆုံးသခင်မလေးက တကယ့်ကို မိန်းမကောင်းလေးပါကျွမ်းကျူနဲ့ အမတ်ကတော်ကြီးတို့က တကယ်ကို ကောင်းကောင်းပြုစုပျိုးထောင်လာခဲ့တာပဲကျွန်မလည်း သူမကို တကယ်သဘောကျပါတယ်ဒါပေမဲ့ နောက်ဆုံးကျ လက်ထပ်ပွဲဆိုတာ ပါဝင်ပတ်သတ်နေတဲ့နှစ်ဖက်လုံးက သဘောတူကြည်ဖြူ လိုအပ်တယ်လေပြီးတော့ ခံစားချက်ဆိုတာ အတင်းဖိအားပေးလို့မှ မရဘဲကိုး"

ချင်းဖူကျွမ်းကျူ ဒေါသတဖြည်းဖြည်းထွက်လာခဲ့သည်။ လက်ထပ်ပွဲက နှစ်ဦးနှစ်ဖက်သဘောတူမှ ဟုတ်လား? ဘယ်အချိန်ကများ ရီချွမ်းအမတ်မင်းအိမ်တော်က ဟော်ချန်းယွမ်ကို ချိန်ယွီကျင် နှင့် လက်ထပ်ရန် တောင်းဆိုခဲ့လို့လဲ။

ချင်းဖူကျွမ်းကျူ က ဟော်ရွှယ်ရှိကို စိတ်ထဲတွင် ဆူပူကြိမ်းမောင်းရင်း အလုပ်ရှုပ်နေခဲ့သည်။ သူမဒေါသထွက်နေရသည်က သူမ၏အမည်ခံသမီး စေ့စပ်ပွဲ ဖျက်လိုက်ရသည့်အတွက် မဟုတ်ဘဲ မကြာသေးမီက ဒီစေ့စပ်ပွဲအတွက် ပျော်ပွဲရွှင်ပွဲ အကြီးအကျယ် ကျင်းပခဲ့မိခြင်းကြောင့်သာ ဖြစ်သည်။ အခု အရာအားလုံးပျက်စီးသွားတော့မည်ဆိုတော့ သူမ မျက်နှာပျက်စရာ ဖြစ်သွားနိုင်သည် မဟုတ်ပေလား။

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) Onde histórias criam vida. Descubra agora