Unicode
Chapter (19) အသိအကျွမ်းဟောင်း
ချိန်ယွီကျင်းအတွက်တော့ ချိန်ယွမ်ကျင်းက ကူကယ်ရာမဲ့နေခဲ့သည်။ သူမရဲ့စေ့စပ်ပွဲဖျက်သိမ်းတဲ့ချိန်က အငြင်းအခုံကို သူ မြင်တွေ့ဖို့ အကြောင်းတရားဖန်လာခဲ့သည်။ သူမနှင့် ဟော်ချန်းယွမ်တို့၏ အရှုပ်အထွေးကို သူနားမလည်သလို ဂရုစိုက်ရန်အတွက် သူ့မှာ လွန်စွာပျင်းရိနေ၏။ သို့ပေမဲ့လည်း စေ့စပ်ပွဲပျက်ပြီးနောက်တွင် သူမက သူမ၏ အရင်ခင်ပွန်းလောင်းကို သူစိမ်းတစ်ယောက်လို ဆက်ဆံ၍ နောက်လာမည့်နွေဦး*ကို စိတ်လွတ်လက်လွတ်ဖြင့် တက်ကြွစွာ ရှာဖွေနေသည်က ကောင်းသည့်အရာပင်ဖြစ်သည်။
(နွေဦးဆိုသည်မှာ ကြည်နူးဖွယ်ရာချစ်ရေးချစ်ရာများကို စကားလှအောင်သုံးထားသည့် အသုံးအနှုန်းပင်ဖြစ်ပါသည်)
ရက်အနည်းငယ်က ချိန်ယွီကျင်တွင် ရှုမိသားစု၏ မိန်းမဆန်သော သခင်ငယ်လေးအပေါ် မူမမှန်သည့်ရည်ရွယ်ချက်မျိုးရှိနေသည်ကို ချိန်ယွမ်ကျင်း သတိထားမိသည်။ ချိန်ယွမ်ကျင်းက သူမ၏ရွေ့လျားနှုန်းက မြန်သားပဲဟု ရိုးရိုးရှင်းရှင်းပင် တွေးခဲ့သည်။ သူတို့နှစ်ဦးက ကလေးဘဝကတည်းက ဆော့ဖော်ဆော့ဖက်များဖြစ်သည့်အပြင် တစ်ဝမ်းကွဲများဖြစ်ကြသည်။ အယူအဆအားဖြင့်ပြောရလျှင် ကောင်းမွန်သောအတွဲအဖက်ဟု ဆိုရပေမည်။ ဒီအချက်က မသိသေးသည့်အရာဖြစ်ပေမဲ့လည်း ရွှီကျစ်ရှန်းအတွက်မူ ကောင်းမွန်သည်မှာ အမှန်ပင်ဖြစ်သည်။
ဤအရာကား အဆုံးသတ်ဖြစ်မည်ဟု ချိန်ယွမ်ကျင်းတွေးထားခဲ့သည်။ သို့သော် ချိန်ယွီကျင်က သူသဘောတွေ့ထားသည့် အနာဂါတ်ပါရမီရှင်လောင်းလေးတွေကို ပစ်မှတ်ထားဖို့ကြိုးစားနေသည်ကို သူမြင်တွေ့ရမည်ဟု မည်သူက တွေးကြည့်မိပါမည်နည်း? ပြီးတော့ သူ့ကိုယ်ပိုင်အဝင်းအဝိုင်းထဲ၊ သူ့မျက်စိအောက်မှာလေ။ ယောင်္ကျားတစ်ဦးအနေဖြင့် သူမ ဤသို့ပြုမူနေသည်ကို မြင်နေရသည်က ချိန်ယွမ်ကျင်းအနေဖြင့် အနည်းငယ် ရှုပ်ထွေးလာသလို ခံစားရသည်။
ချိန်ယွီကျင်က ချိန်ယွမ်ကျင်းကို ရွှန်းလဲ့တောက်ပသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး သူမကို သူ့ဧည့်သည်များနှင့် မိတ်ဆက်ပေးရန် စောင့်ဆိုင်းနေလေသည်။ ချိန်ယွမ်ကျင်းလည်း ရွေးချယ်စရာမရှိတော့ဘဲ ရှေ့သို့ တိုး၍ : “ဒါက ကိုယ့်ရဲ့ တူမ၊ အကြီးဆုံးတစ်ယောက်”
CZYTASZ
"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation)
HistoryczneChapters-144+2(extra chapters) Genere-Drama,Josei,Romance I have permission to translate this novel from original english translator.