Unicode
Chapter(5.1) သူမ၏ နစ်နာရမှုအား တိုင်တန်းခြင်း
ချိန်ယွီကျင် အခန်းထဲသို့ရောက်ပြီးနောက် သူမက မျက်တောင်ပင်မခတ်ဘဲ ချိန်ယွမ်ကျင်းကို စူးစိုက်စွာကြည့်သည်။ သူမ ဦးညွှတ်ပြီး သခင်ကြီးချိန်ကို အရိုအသေပေးလိုက်သည်။
"မြေးမက အဖိုးကို ဂါရဝပြု၍ ငြိမ်းချမ်းစေ
ဖို့ ဆုတောင်းမေတ္တာပြုပါတယ်"ထို့နောက် ချိန်ယွီကျင်က အနည်းငယ်လှည့်၍ ချိန်ယွမ်ကျင်းကို တစ်ခါ ဦးညွှတ်ဂါရဝပြုသည်။ "တူမက ၉ကို နူတ်ခွန်းဆက်ပါတယ်"
ချိန်ယွမ်ကျင်းက သူ့လက်ကို အသာအယာမြှောက်၍ ပြောလိုက်သည်။ "ထလို့ရပြီ"
ချိန်ယွီကျင်လည်း အနည်းငယ်အံဩသွားသည်။ သခင်ကြီးချိန်က ဒီမှာရှိနေတာကို ချိန်ယွမ်ကျင်းက တကယ်ပဲ ဆုံးဖြတ်ချက်ကို ချတာလား။ သူမ သခင်ကြီးချိန်ကို ချောင်းကြည့်လိုက်သော် သခင်ကြီးချိန်၏အမူအရာက တစ်စုံတစ်ခုမှားသွားတာကို သတိမပြုမိသည့်အတိုင်း တည်ငြိမ်ပြီး အနှောက်အယှက်ဖြစ်ပုံမရနေ။
ကောင်းပြီလေ။ သခင်ကြီးချိန်က သူ့သားရဲ့ မသင့်လျော်သည့်အပြုအမူကို အရသာတွေ့နေမှတော့ သူမကဘာလို့ ဂရုစိုက်နေရမာလဲ။ ချိန်ယွီကျင်က သူမ ကိုယ်နေဟန်ကို ဖြောင့်တန်းလိုက်ပြီး ပြုံးလိုက်သည်။ "ဒီတူမက ဦးလေး၉ ဒီနေ့ပြန်ရောက်တယ်ဆိုတာ မသိတဲ့အတွက် ဦးလေးကို ထွက်မကြိုဆိုနိုင်တာ ခွင့်လွှတ်ပေးပါ။ ဦးလေး ၉ရဲ့ ခရီးစဉ်က အဆင်ပြေ ချောမွေ့ခဲ့ပါရဲ့လား"
ချိန်ယွမ်ကျင်းက ချိန်ယွီကျင်၏ နှစ်လိုဖွယ်ကောင်းသောအပြုံးကို ကြည့်လိုက်သည်။ စိတ်ထဲ၌ ကြိတ်၍ တွေးနေမိသည်။ သူအပြင်မှာနေတာ ကြာပြီဖြစ်၍ ဒီနေရာမှ အပြောင်းအလဲများကို လိုက်မမှီတော့ပေ။ ခုမိန်းကလေးက အရွယ်ငယ်သေးသော်လည်း သရုပ်ဆောင်သည်က ပီပြင်လှသည်။ သူသာ သူ့မျက်လုံးနှင့်ကိုယ်တိုင် မမြင်ခဲ့ရပါက ချိန်ယွမ်ကျင်းသည် ဤကဲ့သို့ သိမ်မွေ့ပြီး လှပသည့် မိန်းမငယ်လေးက သူမ၏ စေ့စပ်ထားသူကို ပါးရိုက်နိုင်လိမ့်မည်ဟု ယုံကြည်နိုင်မည်မဟုတ်။
ESTÁS LEYENDO
"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation)
Ficción históricaChapters-144+2(extra chapters) Genere-Drama,Josei,Romance I have permission to translate this novel from original english translator.