အပိုင်း ၃

10.3K 1.6K 134
                                    

ကဗျာမပီ စာမမီ
အပိုင်း ၃

သည်းမဲနေသောမိုးတိို့ကြား ဂျပန်ထီးမဲကြီး အောက်မှ သူတို့နှစ်ယောက်ကတော့ မိုးသံ နှင့်မတူစွာ တိတ်ဆိတ်ငြိမ်သက်လျက် ။

သက်ဝေ က ပင်ကို ၌ ကပင် စကားနည်း သလို
အနေအေးသည်။
ရောင်နီဦး အနေနှင့် လည်း သူ့ ဘေးမှ လိုက်လာသူ အမျိုးသား က မကြာ ခဏ သူ့လက်ထဲ မှ ပိုက်ထားသော အထုတ်ကြီး ကို
အကြည့်ပို့နေကြောင်း သူရိပ်မိသည်။

"ကိုယ် သေချာ ကိုင်ထားပါတယ်
အဲ့လောက် မကြည့်ပါနဲ့"

သူ့စကားကြောင့် လင်းသက်ဝေ ဟုခေါ်သော ထိုအမျိုးသားလေး ၏ အကြည့်တို့ က လမ်းမ
ပေါ် ပြန်ရောက်သွားပြန်သည်။

မိုးသည်းနေသဖြင့် လမ်းပေါ်၌ ပြေးလွှားဆော့ကစားနေကြသော ကလေးတစ်သိုက် သာရှိ၍ လူ ရှုပ်သက်သာသည်။

ဆိပ်ကမ်းတွင် ကူလီထမ်းလေ့ရှိသော ကူလီသမား တို့ကား ဟို တစ်စု သည်တစ်စု ဝိုင်းဖွဲ့သောက်နေကြဟန်။

သူတို့နှစ်ယောက် ဖြတ်သွားတော့ လူတစ်ချို့က တီးတိုးတီးတိုး ပြောဟန်ရှိသည်။ မှန်လည်းမှန်ပါသည် သက်ဝေ ကဲ့သို့ အရပ်ပုသော သူ ကထိီးကိုင် ၍ အရပ်ရှည်ရှည် ခပ်ချောချော လူ ကကြ အထုတ်ကို ကျစ်နေအောင် ပိုက်ကာ ခါး ကိုင်းကိုင်း နှင့် သက်ဝေ ထီးအောက် အတင်း တိုးဝင်နေပုံမှာ မထော်မနန်း ဖြစ် နေသည်မှာ အမှန်ပေ။
မသိလျှင် သက်ဝေက ထိီးတော်မိုး လိုလို ဘာလိုလို။

"ချာတိတ် "

ဘေး က လူ၏ ခေါ်သံကြောင့် သူ မော့ကြည့်မိတော့

"ကို့ နောက်မှာ အမြီးပေါက်နေလားဟင်"

"ဟင် "

သည်လူ့စကားကြောင့် သက်ဝေ ကြောင်အအ နှင့်ပင် ထို့လူ့ အနောက်ဖက် ရပ်ဝန်းကို ကြည့်လိုက်မိသေးသည်။

"မပေါက်ပါဖူး ဘာလို့"

"ဒါဆို ကိုယ်တို့ကို ဘာလို့ဝိုင်းကြည့်နေကြတာလဲ"

"ဒီလို ဘဲ အခု ဒီလမ်းပေါ်မှာ လှုပ်ရှားနေတဲ့ အရာဝတ္ထု ဆိုလို့ကျွန်တော်တို့ဘဲရှိတာမလား ?"

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Where stories live. Discover now