အပိုင်း ၁၃

9.3K 1.4K 115
                                    

ကဗျာမပီစာမမီ
အပိုင်း ၁၃

ဝါဆို လလယ်ပိုင်း သို့ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်၍ မြစ်ဝကျွန်းပေါ် မိုး က ပို၍ ကောင်း လာသည်။
ယခင်လ ကထက် ပို၍ မိုးများ လာသည့်
အပြင် မြစ်ကမ်းရေ မှာ လည်း တစ်နေ့ထက် တစ်နေ့ ပိုပို တက် လာသောကြောင့် သက်ဝေ မျာ စပါးဂိုထောင် ကို
မျက်ခြည် မပြတ်နိုင်ချေ။
ဘလုတ်ဘရားသားနှင့် လည်း စာချုပ် ချုပ်ပြီး ၍ စပါးတွေ ရွှေ့ ဖို့စတင်
လုပ်နေရပြီဖြစ်သောကြောင့် သက်ဝေ
အချိန်အများ စု က ဆိပ်ကမ်းမှ ဂိုထောင်၌ သာ အချိန်ကုန်သည်။

ယခင် ကဲ့ သို့ စားပွဲတွင်ထိုင် ကာ စာရင်း လုပ်နေရသည်ထက် သက်ဝေ မှာဆိပ်ကမ်းတွင် ပြေးလိုက် လွှား လိုက်နှင့် ။

ဒီနေ့ လည်း ဆိပ်ကမ်း ဘက်သို့ သွားကြည့်ရ ဦးမည် ဖြစ်သောကြောင့် မနက်စောစော ထကာ သူပြင်ဆင်နေမိတုန်း

"ဟေ့ ချာ တိတ် ချာတိတ်"

ခပ်တိုးတိုး အသံ တစ်ခု က ဖွင့်ထားသည့် ပြတင်း တစ်ပေါက်မှ တိုးဝင် လာ လေသည်။ မနက်တိုင်း နီးပါးနေ့စဉ်ဖြစ်နေသော
အကြောင်းအရင်း ဖြစ်နေ၍
သက်ဝေ က တော့
မထူးဆန်းနေတော့။

ဖွင့်လျက်သား ပြတင်း တံခါးကနေ ကိုယ် တစ်ပိုင်းထွက်ကြည့် လိုက်ပါတော့ ဟို ဖက် အခြမ်း ပြတင်းပေါက်က နေ ရုံး သွားဖို့ အသင့်ပြင်နေသူကို မြင်ရသည်။

"ပြော ပါ"

သက်ဝေ ခပ်ပြတ်ပြတ် ဆိုမိတော့
ထိုသူ က မကျေနပ်ဟန်နှင့် နှုတ်ခမ်း တစ်ချက် ဆူကာ မျက်မှောင် ကျုံ့ လိုက်ပြီး

"ချာတိတ် အတွက် အခန်း ပြောင်း လာတဲ့ လူကို အဲ့ လို လေသံကြီးတောင့်တောင့် ကြီးနဲ့ မဆက်ဆံပါနဲ့ကွာ ရင်ဘတ်တွေ အောင့်လို့"

ပြောရင်းရှပ်အကျီင်္ အဖြူ လက်ရှည် မှ ကြယ်သီး ကို တပ်နေသူ က ဆိီမလိမ်းရသေးသည့် ဆံပင်တို့မှ လွဲ ကျန်တာ အကုန် ရုံးသွားရန်အဆင်သင့်ဖြစ်နေဟန် ။

"ဒီဖက် အခန်း က ခြင်သိပ်ကိုက်တာဘဲ
ကို့မှာလေ ညည ဆို မှောင်တာ နဲ့
ခြင်ထောင်စောင့် နတ်ကြီး လို ဖြစ်လို့
ခြင်ထောင်ထဲ ကကို မထွက်ရဖူး"

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Where stories live. Discover now