အပိုင်း ၉

10.1K 1.3K 110
                                    

ကဗျာမမီ စာမမီ
အပိုင်း (၉)

သောက်ထားသည့် ဆေးအရှိန်ကြောင့် လား၊ ခုနက မျက်နှာ ချင်း နီးကပ်စွာ တွေ့လိုက်သည်ကြောင့် လားမသိ သက်ဝေ ရင်ထဲ တစ်ဒိန်းဒိန်း နှင့်

ခြေတံ ဖွဖွ နှင့် တက် လာသူကြောင့်
အောက်ထပ် မှ ပြန်တက် လာပြီ ဖြစ်ကြောင်း သိသော်ငြား ကျောပေးထား သည် မှ မလှည့် ရဲသေး။

"အစ်ကို"

ခပ်ဖျော့ဖျော့ ထွက် လာသော မာလေး၏ အသံကြောင့် သက်ဝေ ခေါင်းမြီးခြုံ ထားမှ လှည့် ရန် အလုပ်

"ပြော ဝေလေး"

သူ အိပ်နေပြီ အထင်နှင့် မာလေး က
မြို့အုပ်မင်း နှင့် စကားပြောဖို့ဟန်ပြင်သည်နှင့် တူပါသည်။
စောင်ခြုံ ထား သော် ငြား အလိုလို ချမ်းတက် လာသလိုလို ။ ခြေထောက်တွေ က ဘဲ
အေးချင် လာသလိုလို နှင့် စိတ်လှုပ်ရှားမှုကြီး က ကြီးစိုးနေလေသည်။

"ညီမ တဲ့တိုး ဘဲမေးပါရစေ"

"ကိုယ် သက်ဝေ အပေါ် ဘယ်လို
စိတ်ထားတယ် ဆိုတဲ့
သဘောထားလားဝေလေး ?"

မာလေး စကားမဆုံး ခင် ဖြတ်ပြောလိုက် သောသူကြောင့် မာလေးဘယ်လို ဖြစ်သွားမှန်း မသိသော်ညား သက်ဝေ ကတော့ စောင်အောက် မှ တစ်ချက် တုန်မိသွားသေးသည်။
သက်ဝေ အိပ်နေပြီ အထင်နှင့် ဒီနှစ်ဦး ဟာ သူ့ အပေါ်ထားသည့် သဘောထား ကိုဆွေးနွေးတော့မည့် သဘောပင်။

ရန်ခုန်သည်လား ရန်တုန်သည်လား မသည်းကွဲသော်ညား ခြေတွေ လက်တွေတော့ အေးစက်နေ ပါသည်။

"ဟုတ်ပါတယ်"

"ဝေလေး မြင်တဲ့ အတိုင်းဘဲ ဟုတ်တယ်
ကိုယ် သက်ဝေ ကို ချစ်တယ်..
မဟုတ်ဖူးမြတ်နိုးတာ
သက်ဝေ အပေါ်ထားတဲ့ မေတ္တာ ထု ကို တိုင်း ပြလို့ရရင် တောင် ဝေလေး မြင်သမျှ က
အကုန်ဖြစ်မှာ မဟုတ်ဖူး"

"အစ်က်ိုလည်း ထက်မြက်သူတစ်ယောက်ဘဲ ဒီလမ်း က ခက်ခဲ မှန်းရိပ်မိမှာပေါ့
ပြီးတော့ ကိုကို က သူ့မိသားစု အထူးသဖြင့် မမကြီး ကို သူလွန်ဆန်နိုင်မဟုတ်ဖူး
လွန်ဆန်ရဲမှာတောင်မဟုတ်ဖူး"

မာလေးပြော သော စကား က အမှန် ပင် မို့ သက်ဝေ တစ်ကိုယ်လုံးရှိအကြောများတုံ့ဆိုင်းသွား သလိုပင်။
သက်ပြင်း မမည်သော အသက်ရှူ သံ
ပြင်းပြင်း တစ်ချက် ထွက် လာပြီးနောက်
မြို့အုပ်မင်း ထံ မှ အေးဆေး တည်ငြိမ်စွာနှင့်
မာလေး စကား အား တုံ့ပြန်မှု တစ်ချို့ ပြန်လုပ်လေသည်။

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Donde viven las historias. Descúbrelo ahora