ကဗျာမပီစာမမီ
အပိုင်း (၂၂)တစ်စုံ တစ်ယောက်ကို နှလုံးသားနှင့်ရင်းပြီး ချစ်သွားသည့်နောက်မှာ တော့ အရာ အားလုံး ဟာ နှစ်ကိုယ့်တစ်စိတ် ဖြစ် လာတက်ပေသည်။ သူ့ အပူ လည်း ကိုယ့်အပူ
သူ့အပျော် လည်း ကိုယ့် အပျော်သက်ဝေ မိမိဘေးရှိ စာအုပ် တစ်အုပ် နှင့်
သည်းကြီး မဲကြီး အလုပ်ရှုပ်နေသူ အား ရေနွေးဗန်းအသာချ ကာ
ငေးကြည့်နေမိသည် ။ချစ်ခြင်း ၏ လှေကားထစ်များ တစ်ထစ်ပြီး တစ်ထစ် ထိုသူနှင့် အတူ လက်တွဲ တက် လာခဲ့ဖူးပေပြီ။ တစ်ချို့ လှေကားထစ်များတွင် သက်ဝေ သူ ၏ အလိုက်မသိမှုကြောင့် စိတ်ဆိုးရသည်။ တစ်ချို့ခြေလှမ်းများတွင် ဘဝ ၏ ပင်ပန်းမှုများ အား သူ့ချစ်ခြင်း ဖြင့်
ဖြေဖျောက်စေခဲ့သည်။ဘဝ က လှေကားထစ် အဆုံး မှာဘာရှိနေမလဲ မသိပေမယ့် ယခုလောလောဆယ် သူ့ဘေး
ရောင်နီဦးရှိနေခြင်း သည် မင်္ဂလာတစ်ပါးပေ။"ခင်ဗျား အဲ့ စာအုပ်မှာ မှတ်ဖို့ ကျွန်တော့် အိမ်လာတာ လား "
မည်မျှ ပင် ချစ်သည်ဟု ဆိုဆို အဖက်မလုပ်ဘဲ စာအုပ်ချည်းဘဲ သည်းကြီး မဲကြီး ဖတ်နေ ရေးနေသော အခါ မိမိ က စိတ်ဆိုးဆိုး နှင့်ပြော မိလေသည်မို့ ထိုသူ က ထိုအခါမှ သာ စာအုပ် ကို ကပြာကယာ ချ ကာ
သက်ဝေ လက် ၂ ဖက် လုံး က်ို ယုယုယယ ဆုပ်ကိုင် လိုက်ပြီး ပြုံးစစ မျက်နှာထား နှင့်"တောင်းပန်ပါတယ် သက်ဝေ ရယ်
က်ိုကို က အရမ်း စာအုပ်ထဲ စိတ်ရောက်သွားလို့ပါ""မှန်း ခင်ဗျား အဲ့လောက် သည်းကြီးမဲကြီး ဖတ်နေရအောင် ဘာစာအုပ်လဲ"
ပြောရင်း အညိုရောင်သားရေ ဖုံး စာအုပ် ကို သူ့ လက် ထဲ မှ သက်ဝေ ဆွဲ ယူမိတော့ သူ က မပြချင် ဟန် နှင့် အသာပြန်ဆွဲ ယူလေသည်မို့
"ပြစမ်း ပြစမ်း ရောင်နီဦး အခုတော့ ကျွန်တော့် က်ို ပါ ဖွက် တက်နေပြီပေါ့လေ"
သက်ဝေ က မရ မက အတင်းတောင်း တော့ သူက အတော်လေး အကြပ်ရိုက်ဟန်နှင့်
YOU ARE READING
ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed
FantasyTime based 1910s Burma ကို့ ကို ရူးတယ် လို့ပြောလည်း ကို ခံရမှာ ဘဲ သက်ဝေ မင်း မျက်တောင်ဖျားမှာ ငြိနေတဲ့ ကို့ အလွမ်းထုထည် ကိုမှ မင်းမမြင်တာ အိမ်မက်ထဲမှာ မငိးကို ပွေ့ဖက်ရင်း ကျေနပ်နေတဲ့ ကိုယ့်ဝိညာဉ် ကိုမှ မင်းမမြင်တာ မြန်မာ ပြည် ကို ပြန်ဖို့ အိမ်နဲ့...