အပိုင်း ၂၄

7.4K 1.1K 95
                                    

ကဗျာမပီစာမမီ
အပိုင်း (၂၄)

စံကားဝါ ပြန်သွားပြီး သည့်နောက် သူ
မီးဖိုချောင် ထဲ ဝင် လာမိတော့
ဆန်ပြုတ် သောက်နေသူ မြို့အုပ်မင်း က သူ့ကို ရယ်ပြ လာလေသည်။

"ပြန်သွားပြီ လား"

"အင်း ပြန်ပြီ"

သက်ဝေ ဘဝ တစ်လျောက်
စာအုပ်မြောက်မြားစွာ ဖတ်ခဲ့၍ တစ်ချို့ ဇာတ်ဝင်ခန်း တွေ ဆို အသည်းစွဲ သည် အထိ မှတ်မိသည်။ ဥပမာ ပြောရလျှင်
"လေထန်ကုန်း"စာအုပ်ရှိ ဇာတ်ကောင်
၄ ယောက် ပြန်ဆုံခန်း မျိုး ..။
ခံစားချက် အမြင့်ဆုံး အချိန်ဖြစ်လိမ့်မည် ဟု
မှတ်ယူထားသော်လည်း သူ့ထံ ၌
လက်တွေ့ဖြစ်လာသောအခါ ရင်ထဲ ၌ အနွေးလှိုင်းလေး ဖြတ်သန်းသွားရုံမှ တစ်ပါး အခြားမရှိခဲ့ ။

"သက်ဝေ ဘာတွေ စဉ်းစားနေတာလဲ"

သူ့ရှေ့ ရှိ ထိုင်ခုံတွင် ဝင် ထိုင်ကာ
တစ်စုံတစ်ရာ ထံ အတွေးရောက်နေသော သက်ဝေ က််ို မြို့အုပ်မင်း က ရ်ိပ်မိဟန်နှင့် မေး လာသည်မို့။

"အော် ကျွန်တော် စဉ်းစားနေတာ"

ပြောရင်းရပ်လိုက်သူကြောင့်

"အင်းဆက်ပြောလေ . ..."

"ဘာလို့ မစံကားဝါ ရှိနေတာတောင် ကျွန်တော့် ကို စကားဝိုင်းထဲ ခေါ်သွင်း ခဲ့ရတာလည်း"

သူမေးတော့ ရောင်နီဦး က လက်ထဲရှိ
ဆန်ပြုတ် ဇွန်း က်််ု ချ လိုက်ကာ
တည်ငြိမ်လှသော အပြုံးနှင့်

"အနေရခက် သွားလား ?
ခက်သွားရင် တောင်းပန်ပါတယ်"

"ဟင့်အင်း အဲ့လိုတော့လည်း မဟုတ်ပါဖူး"

"ဒါဆို ကို့သက်ဝေ ကို မိန်းမ တစ်ယောက်နဲ့ စကားန်ိုင် လုပြော ခိုင်းတယ်ထင် လို့ ကိုက်ို့ က်ို စိတ်ဆိုးတာလား"

ဒီတစ်ခါ စကား ကတော့ မှန်နေသည်မို့ သက်ဝေ မငြင်းမိ ။

သူ က ပြုံးရင်းဖြင့်သာ

"တကယ်တော့ အဲ့လို သဘောမဟုတ်ဖူး သက်ဝေ က်ိုကို က မင်း ကို အကုန်သိစေချင်ရုံတင်ပါ ပွင့်လင်းချင်တယ်ပေါ့

ကိုက်ို သက်ဝေ စိတ်ထဲ က အစိုင်အခဲ ကို မဖြေရှင်းခင် တစ်ခုလေးမေးချင်တယ်"

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Where stories live. Discover now