Announcement

40K 1.3K 90
                                    

မင်္ဂလာပါလို့ပြောချင်ပေမယ့်
ကျွန်တော့်စိတ်အခြေအနေ ကတကယ်အဆင်မပြေပါဘူးဗျာ

ခဏခဏ အပြောခံရပါတယ် ဒီဝတ္ထု ရဲ့ အပိုင်း ၁ကနေ ၄အထိစာသားတွေက ဂျာနယ်ကျော်မမလေးရဲ့ မုန်း၍မဟူနဲ့တူနေတဲ့အကြောင်းပါ

ကျွန်တော့် အနေနဲ့ တူကြောင်း
ယူထားကြောင်း လည်းပြောခဲ့ပါပြီဗျ
ကာလဒေသနောက်ခံ ယူထားတဲ့အကြောင်း
ဇာတ်ကောင်ဖွဲ့စည်းပုံ မတူတဲ့အကြောင်း
ဒါကို အခုက ဝတ္ထုထက် ကျွန်တော့် ကို ပဲ ပြောချင်နေကြတယ်ဗျ
ပြောတာ ချက်ချင်းမပြင်ပေးလို့ခေါင်းမာတယ်တဲ့

ဟုတ်ကဲ့ ကျွန်တော့် မှာလည်း personal life မှာ အခြေအနေ တွေ  မျိုးစုံရှိပါတယ်
ကျွန်တော့်ကိုအချိန်တစ်ခုပေးဖို့နဲ့
အချိန်ကြောင့်ရော ကျွန်တော့်မျက်စိ
ကျန်းမာရေးကြောင့်ပါမပြင်နိုင်သေးကြောင်းပြောခဲ့ပါတယ်
ဒါကိုမှ လည်း နားမလည်ပေးနိုင်တာတော့
ကျွန်တော့်အနေနဲ့မတက်နိုင်ပါ

ကိုယ်စိုက်ထားတဲ့
အပင်ကိုယ်ရိတ်သိမ်းရပါမယ်
အခု ကျွန်တော် အပင်ပန်းခံရမယ့်အလှည့်ပါ

ဆိုတော့ အပိုင်း ၁ကနေ ၄ အထိ စာသား
တူတဲ့ဟာတွေ ကို ကျွန်တော့်ကို
လက်ပူတိုက်ပြင်ခိုင်းနေပြီ မို့ ၁-၄ အထိ ကို ခဏ unpublished လုပ်ထားပါ့မယ်
လွမ်းတယ်ဆိုအောက်ပိုင်းတွေဆက်ဖတ်ပေါ့ဗျာ
တစ်လက်စတည်း အချိန်ပေးရင်း
စာလုံးပေါင်းတွေ ပြင်ရဦးမယ်

ခွင့်တော့ကြိုတိုင်ထားရမယ်
ဒုတိယ ongoing လေးကတော့
တစ်လတစ်ပိုင်း ဖြစ်တော့မယ်ဗျာ😂

ဟိုအစ်မကြီးလည်း ဟိုဂရုဒီဂရုပြေးမတင်နေပါနဲ့တော့ ပင်ပန်းတယ်
ပြင်ပေးလိုက်ပြီမို့ ကျွန်တော့်ကို
စိတ်ထဲကထုတ်လိုက်ပါတော့
မပြင်မချင်းပြောနေရင် မောနေမှာစိုးလို့ 😂
မမောနဲ့တော့နော်

နောက်တစ်ခုက
စာအုပ် ကိစ္စ
ကျွန်တော် မထုတ်ဖြစ်လောက်ဘူးဗျ
ပထမတော့ ကျွန်တော့်အနေနဲ့မုန်း၍မဟူ
မူပိုင်ခွင့်ပိုင်သူရယ် သက်ဆိုင်ရာတိုက် ရဉ်နဲ့ညှိဖို့ ရှေ့နေ့နဲ့ကြိုးစားခဲ့ပါတယ် တစ်ဖက် ကလည်း အကျိုးအကြောင်းနားထောင်ပြီး
အရာအားလုံး အစီတကျ ဖြစ်ဖို့ လိုတဲ့ခဏလေးမှာ ကျွန်တော့စိတ်က
အဆင်မပြေတော့လို့ပါ ဘယ်သူ့ပယောဂမှ မပါဘူး ကျွန်တော် စိတ်ပင်ပန်းခံထားက ထင်သလောက်ဖြစ်မလာလို့ပါ

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Where stories live. Discover now