ကဗျာမပီ စာမမီ
အပိုင်း (၇)၃၈ လမ်း ကို ရထားလုံးနှင့် သွားမည် ဟု မိမိက ရထားလုံးငှါး သော်ညား သူ က လမ်းလျှောက် သွားမည် ဟု ဆိုသဖြင့် မိမိမှာ အားနာပါနားနှင့် ငှါး ထားသော ရထားလုံး ကို ပြန်လွှတ်ရ သည်။
"ဒီလောက်နေပူတာ ဘာလုပ်ဖို့ လမ်းလျှောက်မှာ လဲ"
သက်ဝေ ဆူတွတွ ပြောမိတော့
ထိုသူ က သက်ဝေ လက်ထဲ က ထီး အမဲကြီး ကို ဆွဲယူ ကာ
"ကို တစ်ခါလောက် ချာတိတ် ကို ထီးဆောင်းပေးချင် လို့လေ အရင်တစ်ခေါက်တုနိး က ချာတိတ် ဘဲ ကိုယ့်ကိုဆောင်းပေး လိုက်ရတာ မလား"
ရီဝေဝေအကြည့် တို့အောက် သက်ဝေ မသိကျေးကျွံ ပြု ကာ နေလိုက်မိတော့သည်။ မနေ့ည က အိမ်မက် က အကင်းသေသေးဟန်မတူပါ။ ရင်ဘတ် ထဲ တစ်လှပ်လှပ် နှင့် သည်ကြားထဲ လေတိုက်တိုင်း ပါလာသည့် ထိုသူ့ကိုယ်သင်းရနံ့ က တသင်းပျံ့ပျံ့။
လေအဝေ့ တွင် တစ်ချက် တစ်ချက် ပါလာတက်သော စီးကရက် အနံ့ တစ်ခုကြောင့် သက်ဝေ မနေနိုင်စွာ မေးမိတော့သည်။
"စီးကရက်သောက် ခဲ့တာ လား မြို့အုပ်မင်း?"
"အိုး ... အနံ့ထွက်နေတာလား"
သက်ဝေ အမေး က်ို သူ့အကျီင်္ သူ ပြန်ရှု ရင်း
မျက်နှာငယ်လေးနှင့် ဖြေရှာသည်။"အင်း"
"ဆောဒီး သက်ဝေ ရာ ကို ဦးအုန်းနဲ့တွေ့တော့ သောက်ခဲ့မိတာ သိ တယ်မလား သူ က
ဆေးလိပ်သမားလေ"တကယ် ဆို သက်ဝေ က သူ့ဆိုင်သူ မဟုတ်ပါဘဲ သက်ဝေ ကို တောင်းပန်နေသူ ကို သူနားမလည်နိုင်တော့ ။ ပို၍ နားမလည်နိုင်သည်က ဤ ကဲ့သို့တောင်းပန် ခံ ရသည် က်ို ပင် ကျေနပ်နေသော မိမိ ကိုယ်ကိုပင်။
သက်ဝေ အတွေး တစ်ချို့ကြောင့် မျက်နှာတည်နေသည် ကို ထိုသူ က သူဆေးလိပ် သောက်တာ မကြိုက်ဖူး ဟု ယူဆသွား၍ ထင်
လက်ညိုးနှင့် လက်ခလယ် ကြား ထီးရိုး ကို ညပ် ကာ ဆေး လိပ်သောက်ဟန် အပြည့်နှင့် သက်ဝေ ကို တစ်ချက်စောင်းကြည့်ကာ ဟန်ပါပါနှင့် ဓာတ်ရှင် မင်းသားပင် ရှုံးလောက်သည်။
YOU ARE READING
ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed
FantasyTime based 1910s Burma ကို့ ကို ရူးတယ် လို့ပြောလည်း ကို ခံရမှာ ဘဲ သက်ဝေ မင်း မျက်တောင်ဖျားမှာ ငြိနေတဲ့ ကို့ အလွမ်းထုထည် ကိုမှ မင်းမမြင်တာ အိမ်မက်ထဲမှာ မငိးကို ပွေ့ဖက်ရင်း ကျေနပ်နေတဲ့ ကိုယ့်ဝိညာဉ် ကိုမှ မင်းမမြင်တာ မြန်မာ ပြည် ကို ပြန်ဖို့ အိမ်နဲ့...