ကဗျာမပီ စာမမီ ရှင်းတမ်း

5.8K 869 128
                                    

အားလုံး ဘဲ မင်္ဂလာပါ

ကိုယ် ကတော့ ကဗျာမပီ စာမမီကိုရေးတဲ့ သော်တာနိုင်ပါ 
ပထမဆုံး အနေနဲ့ ဒါလေး ကို ဆုံးအောင် ဖတ်ပေး ဖို့ပြောချင်ပါတယ်

သော်တာနိုင် က စကားပြောတဲ့နေရာမှာ အရမ်း ညံ့ပါတယ် အထူးသဖြင့် မျက်နှာစုံညီ စကားပြောတဲ့ နေရာတွေမှာရယ် ငြင်းခုန်တဲ့နေရာတွေမှာ ရယ်ဆို သော်တာနိုင် က မျက်လုံး အပြူးသားလေးနဲ့ ကြည့်နေလိုက်တာ များပါတယ်
ဘာလို့ဆို ဘယ်လို ပြန်ငြင်းရမှန်းမသိလို့ပါ

အခုတော့ သော်တာနိုင် အကြောက်ဆုံး အငြင်းအခုန် အပိုင်း က ဒီကို ရောက်လာပါပြီ။

ကဗျာမပီစာမမီ က ဆရာမကြီး
ဂျာနယ်ကျော်မမလေး ရဲ့ မုန်း၍ မဟူနဲ့
တူနေတယ်ဆိုတဲ့ ကိစ္စ

အစ ကတည်း က စာဖတ်သူတစ်ယောက် လာပြောလို့ ကိုယ် ပြန်ပြောခဲ့ဖူး ပါတယ်
ဒီ စာရေးဖို့ အိုင်ဒီယာ က မုန်း၍ မဟူ က ရတယ်ဆိုတဲ့ အကြောင်း

တူတယ် လို့ ကူးချ ထားတယ်လို့ပြောနေတဲ့ အပိုင်းတွေ ကို ကိုယ်ပြောပါမယ်

၁။ ဘေးအိမ်မှာ လာနေတဲ့ ကိစ္စ
ဦးစောဟန် က တော့ ဘလုတ်ဘရားသား အဝယ်တော်မို့ ဝေဝေတို့အိမ်ဘေးရောက်လာတယ်ပေါ့
ဒါပေမယ့် ဒီထဲ က မြို့အုပ်မင်း က တော့ တမင် ကိုရည်ရွယ်ချက်ရှိရှိနဲ့ သက်ဝေ တို့ အိမ်ဘေးအရောက် လာခဲ့တာပါ
သော်တာန်ိုင် ရေးတဲ့ အထဲ ပါပါတယ်
အဲ့တာ ကိုပေါ်အောင်မရေးနိုင်ရင် အဲ့တာသော်တာနိုင်ညံ့လို့ပါ

၂။ အိမ်အပြင်အဆင် က ဂျာနယ်ကျော် မမလေး ဆီက တစ်လုံးမကျန်ကူးချထားတယ်

တစ်ဆိတ်လောက်မေးပါရစေ
ဦးစောဟန် က မြန်မာပေမယ့်
ဘိုစိတ်ပေါက်နေလို့ ဘိုစတိုင်နေသည်ပေါ့
ကျွန်တော့ ရောင်နီဦး ကလေ ငယ်ငယ်လေးကတည်း က အင်္ဂလန်မှာကြီးတာ ဗျ
အဲ့တာ ဗမာ စတိုင်လ် နဲ့ ဘယ်လိုနေမလဲဗျာ ?
အဲ့တော့ အဲ့ခေတ် က ဘိုတစ်ယောက်နေမယ့် အိမ်အပြင် ကို ဆရာမ ကြီး ဆီက ယူလိုက်ပါတယ် ဘာလို့လဲဆိုတော့ သော်တာနိုင်
လူဖြစ်နောက်ကျ ခဲ့လို့ဗျ။ မဟုတ်ရင် ဒီက ဖြစ်နိုင်ရင် time Machines  စီးပြီး တောင်
ပြန်သွားချင်နေတဲ့ကောင်
၂၀၂၁ ကြီး ကို စိတ်ကုန်လွန်းလို့
အဲ့တော့ စာသားတွေ တူနေလို့မကြိုက်ဖူး ဘာညာ ဆို လာပြောပါ
အလားတူ ပြန်ပြင်ရေးပါ့မယ်
ဒါပေမယ့် တစ်ခုတော့မေးပါရစေ အဲ့တာ ဆို
Inspire လား copy လားဗျ?
တည့် မဟုတ်ရင်ပြီးရော အလားတူ ရတယ်ပေါ့ ကျွန်တော်ဖြင့် အလားတူရေးပေးရင် လည်း "အော် ... မကြိုက်လောက်ဖူး
ထင်တယ် creditပေးပြီး ပြောရေးရင် ရမှာ"ဆိုပြီး တွေးမိတာ ကျွန်တော်မှားသွားတယ်
အဲ့အတွက်လည်းတောင်းပန်ပါတယ် ။

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Donde viven las historias. Descúbrelo ahora