အပိုင်း ၁၅

9K 1.3K 42
                                    

ကဗျာမပီစာမမီ
အပိုင်း (၁၅)

ဤ လူ့ဘောင်လောက တွင် တစ်ချို့ ကိစ္စ များ ဟာ မျက်နှာဆုံညီ စကားပြော ဖြေရှင်း ရုံနှင့် မပြီးနိုင်ကြောင်း သိထားသော်လည်း မိမိကိုယ်တိုင် နှဖူးတွေ့ ဒူးတွေ့ နှင့် လက်တွေ့ကြုံ လာသည့်အခါ သင်း အနေနှင့် အတော်လေး အကြပ်ရိုက်စေသည်။

မုဒုံ စောင် နီည်ိုရောင် အောက်တွင် ဖြူဖျော့သော နှုတ်ခမ်း အစုံ နှင့် အရင် က သင်း လွန်စွာမှ သဘောကျ ခဲ့ရပါသော မျက်တောင် တို့ ကို လှုပ်ရှား ခြင်း အလျင်းမရှိပါဘဲ
ငြိမ်သက်စွာ နေနေ သူကို ကြည့် လိုက်တော့
ပကတိဖြူစင်စွာပင်။

နှဖူး ပေါ် မှဆံစနုနု လေး တစ်ချို့ ကို
သပ်တင်ကာ ရေ ပတ်တင် ပေးလိုက်သည်။
မျက်တောင် တစ်ချို့ လှုပ်ရှားသွားသည် ထင်၍ အာရုံစိုက်ကြည့်သော်ငြား မည်သည့်ထူးခြားချက်မှ ထပ်မလာသောအခါ

'စိတ်ထင် လို့နေမှာပါ'ဟုသာ တွေးမိသည်။

တစ်ခါတစ်လေ တော့လည်း အတ္တ ကြီး စွာနှင့်
သူ မောင်မောင့် က်ို ဘယ်သူမှ မတွေ့အောင် ဖွက်ထား လိုက်ချင်ပါသည်။

နှင်းနှင်း ဘေး က မမကြီး
ကိုသာငေးကြည့်မိနေသည်။
မိခင်ကြီး ဆုံး ပြီး ကတည်း က မိမိတို့မိသားစု ၏ မိခင် နေရာကို ဘယ်သူမှ မပေးဘဲ
တာဝန်ယူခဲ့သော မမကြီး သည် တစ်ခါမှ
ပျော့ညံ့သည့် ပုံရိပ် ကို ပြလေ့ပြထမရှိ။ အဆိုးဆုံး လေနီကြမ်း တိုက်ကာ စပါးတွေရေစို ကုန်၍ ခွက်ခွက်လန်အောင်ရှုံးပြီး ထမင်း ပင် နပ်မမှန်သည့် အချိန်တုန်း က ပင် ယခု ကဲ့သို့
ငိုင်တိုင်တိုင်ဖြစ်မနေ ။ ပြတ်သားစွာ ဖြင့် လုပ်သင့်တာ ကို လုပ်သည်။

ယခုတော့ မူ မပြတ်သား ခြင်းတို့ က ကြီးစိုးနေလေရာ မျက်စံနက်နက် တို့ က အရည်ကြည် တစ်ချို့ ဖြင့် ရစ်သိုင်းလျက်။

"မမကြီး နှင်းတို့ ငယ်ငယ်တုန်း ကလေ
မော်ကျွန်း ရေကြီးတုန်း က အိမ် တွေ
ရေမြုပ်တဲ့အချိန်ကို မှတ်မိသေးလား"

နှင်း ပြောသည့် စကား မမကြီး ခေါင်းထဲ
ဝင် လားမဝင် လား တော့မသိပေမယ့်
မှတ်မိသေးကြောင်း ခပ်လေးလေးနှင့်
ခေါင်းငြိမ့် ပြ လာသည့် အခါ
ဆက်ပြောရန်ပြင်သည်။

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Opowieści tętniące życiem. Odkryj je teraz