ဇာတ်သိမ်းပိုင်း

18K 1.6K 377
                                    

ကဗျာမပီစာမမီ
အပိုင်း (၂၅)

တကယ်တော့ လောကကြီးထဲ ရှင်သန်ရတယ် ဆိုတာ အချစ် ၊အမုန်း အပြင် အတ္တမာန်မာန တွေပါ ဝင်ရောက်လာတဲ့ အခါ ကျွန်တော် တို့တွေ သောကအပူလှိုင်း ထဲ ဟက်ထိုး ဆင်း ရတော့တာပါဘဲ။ တစ်ကြိမ်တည်းမက ဖြတ်သန်းတဲ့ အပူ လှိုင်းတွေ စုစည်း လိုက်တဲ့ အခါ လောကဓံ ဆိုတာ ကြီး က ခါးသီး
လိုက်တာ လို့ အခါခါ ညည်းမိတော့သည်အထိ။

မြို့အုပ် ရုံး မှ သူနှင့် အတူ ပြန်လာပြီး
သက်ဝေ ဒီည သူ့အိမ်မှာ သာ ည အိပ်ဖို့ စိတ်ကူး လိုက်သည်။
အဘယ့်ကြောင့်ဆိုသော် သက်ဝေ ပြန်သည်
နှင့် သည် လူ က ပြိုလဲ ကျတော့မည့် ပုံစံ
အပြည့်နှင့် မို့ပေ။

"ကိုကို နား လိုက်ပါ"

သူ့အသံ ကြားမှ ရေနံဆီမီးခွက် ကို ကြာကြာစိုက်ကြည့်နေသူ က သူ့ထံ ကြည့်ရင်း

"သက်ဝေ လည်း နားတော့လေ
အရမ်း ပင်ပန်းနေမှာ ဘဲ"

သက်ဝေ သူ့ ကို စိတ်မပါတစ်ပါနှင့် ပြောနေသူ ကို ကြည့်ကာ

"ကိုက်ို"

"ဟင်"

"ကိုကို့ စိတ်ထဲ ဘာတွေ ရှိနေသလဲ ကျွန်တော်သိ ချင်တယ် မဟုတ်ဖူး ကျွန်တော်မြင်နေရတာ ကိုကို့ ကိုပြောရမလား ကိုကို က ကျွန်တော့် က်ု အရင်ပြောမလား"

သက်ဝေ ၏ ရွေးချယ် စရာ ပေးထားသော်ငြား
တစ်ဖက်တည်းသော အဖြေ အတွက်
ရောင်နီဦး သက်ပြင်းချမ်ိတော့

မနေနိုင်သူ သက်ဝေ က ပင်

"ကိုကို့ ကို မြင် ရတာ ပြောရမယ် ဆိုရင် လေ
ကိုကို အခု ကိစ္စနောက်ကွယ် က လူကိုသိထားတယ်မလား? က်ို့ကို့လောက် တိကျတဲ့လူ က အမတော်ကြေး ငွေ ဘာလို့ သောင်းဂဏန်းထိ ကွာနေရမှာ လဲ ? ပြီးတော့ ကိုကို ဖြစ်တဲ့ အချိန်နဲ့ ကို စိုင်းဟန် ဖြစ်တဲ့အချိန် ဘာလို့ ကိုက်နေရတာ လဲ ? တိုက်ဆိုင်တယ် ဆိုတာ စာအုပ် ထဲမှာ ဘဲ ရှိတဲ့ အရာ ကိုက်ို
လောကကြီးမှာ တိုက်ဆိုင်တာ မှန်သမျှ တမင်တိုးတိုက်ပက်ပင်းဆိုင် အောင် လုပ်ထားတာချည်းဘဲ"

သက်ဝေ မနားတမ်း ပြောသည့် စကားကြောင့် ရောင်နီဦး ဒီကောင်လေး ၏ အကင်းပါးမှု ကို လက်ဖျားခါရသည်။

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Where stories live. Discover now