ကဗျာမပီ စာမမီ
အပိုင်း (၈)ဒီနေ့တော့ သက်ဝေ စောစော ထ
ဘုရားဝတ်ပြုပြီး သည်နှင့် မနက်စာပင် မစားတော့ ဘဲ ဦးတုတ်ကြီး နှင့် ချိန်းထားသည့်
ဗြိတိသျှဘားမား စာအုပ်တိုက် ဖက် သို့ ထွက်လာတော့သည်။ဒီနေ့ စာအုပ် ကိစ္စ ပြိီးသွားရင် ကောင်းမယ်
ဒါဆို သက်ဝေ မနက်ဖြန် သဘက်ခါလောက် မော်ကျွန်း ပြန်ဆင်းနိုင်မည် မဟုတ်ပါလား။
ဖခင်ကြီး လည်း ဆေး ကုန်လု နီးပါး ဖြစ်နေတော့မည်။ သက်ဝေ လည်း အနေရ ခက်မှုနှင့် မနေချင်တော့ ။ မနေ့ က မာလေး က သူနှင့်မြို့အုပ် မင်း ဖြစ်အင် ကို သိ ပြီး ကတည်း က သူ့စိတ်ထဲ လေးဖင့်နေသည်။
တစ်ညလုံးသက်ဝေ ပြောင်းထိုးပြောင်းပြန် အပြန်အပြန်လှန်ကာ စဉ်းစားသော် လည်း
အဖြေ က တစ်ခု တည်းထွက်သည်။သူနှင့် မြို့အုပ်မင်း က မဖြစ်နိုင်ဖူး ဆိုသည့် အဖြေသာ။
သို့သော် သည် အဖြေ ကို ပင် လျှင် သက်ဝေ မဝင့်မရဲ ဖြစ်မိသည်။ ဘာကြောင့် မိမိ သည် မြို့အုပ် မင်း ကို စိတ်မဝင်စား ဟု အပြတ် မငြင်းနိုင် ပါသနည်း ။
မိုးလင်ခါနီးမှ အိပ်ပျော်သွား သဖြင့် ခေါင်းထဲနောက်ကျိနေလျက် ဦးခေါင်းတစ်ခု လုံး တူ နှင့် အဖိ ခံ ထား ရသကဲ့ သို့
လေးလံ နေလေသည်။
သည်ကြားထဲ အိပ်ပျော်သည့် ၂/၃ နာရီ အချိန်၌ တွင်ပင် လျှင် ဟို အိမ်မက်ကြီး ကထွက် လာသေး သဖြင့် သက်ဝေ ရှိုက်ကြီး တငင် နှင့် လန့်နိုး ကာ ဆက် မပျော်တော့ ။တကယ် ဘဲ သူ စိတ်ညစ် လှပြီ။
ဘဝ တစ်လျောက်လုံးရိုးရှင်း စွာနေခဲ့သော
သက်ဝေ အဖို့ မရိုးရှင်းမှု က ချစ်ခြင်းတရား နှင့်သံယောဇဉ် တရား ကို ခုတုံး လုပ်၍ ဝင် လာချေပြီ။"အစ်ကိုလေး"
ခေါ်သံလာရာ ကို သူကြည့်လိုက်မ်ိတော့
လွယ်အိတ်စလွယ်သိုင်းကာ ခေါင်းပေါင်းကြီး နှင့်ဆေးတံကြီး ခဲထားပါသော ဦးတုတ်ကြီး။
"ဦးကြီး စာအုပ် စာရင်း လေး"
"ဒီမှာ အားကိုလေး"
BINABASA MO ANG
ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed
FantasyTime based 1910s Burma ကို့ ကို ရူးတယ် လို့ပြောလည်း ကို ခံရမှာ ဘဲ သက်ဝေ မင်း မျက်တောင်ဖျားမှာ ငြိနေတဲ့ ကို့ အလွမ်းထုထည် ကိုမှ မင်းမမြင်တာ အိမ်မက်ထဲမှာ မငိးကို ပွေ့ဖက်ရင်း ကျေနပ်နေတဲ့ ကိုယ့်ဝိညာဉ် ကိုမှ မင်းမမြင်တာ မြန်မာ ပြည် ကို ပြန်ဖို့ အိမ်နဲ့...