အပ်ိုင်း ၁၁

8.6K 1.4K 37
                                    

ကဗျာမပီ စာမမီ
အပိုင်း (၁၁)

တစ်ဖြောက်ဖြောက် ကျနေသောမိုးစက်တို့က
သွပ်ပြား ပေါ်ကျရောက်သောအခါ အသံအမြည်စုံ ထွက်လို့နေသည်။

မိုးလေကြီးသည်မှာ ၂ ရက်နီးပါး ရှိပြီ ဖြစ်၍
သက်ဝေ တို့အိမ်ရှေ့ ၌ပင် ရေက လှေကားခြေရင်းထိ တက်နေလေပြီ။

တစ်ဖြောဖြော ကျနေသောမိုးရေစက်တို့ကို သက်ဝေ ကြည့်ရင်း နံရံထောင့်တွင်
ထောင်ထားသော ထီးမဲကြီး က မြင်ကွင်းထဲ ဝင်လာသော အခါ  တစ်ပတ်တိတိမရမက အတွေးထဲမှ ထုတ်ထားသော တစ်စုံတစ်ယောက်ကို သတိရမိသွားသေးသည်။

သက်ဝေ မော်ကျွန်းမပြန်ခင် ၂ရက်အလိုကပင် ခဏအပြင်ထွက်သွားခဲ့သောသူ သည်
မော်ကျွန်းပြန်ရောက်သည်အထိ
ပေါ်မလာတော့။

မနက်စာစားသည့် ငွေမောင်းသံ မှန်မှန်ကြား နေ၍သာ ထိုသူမော်ကျွန်းပြန်ရောက်နေမှန်းသိသော်ငြား ယောင်လို့ ပင် သက်ဝေ ထံ သို့ ခြေဦး မလှည့် ခဲ့ သလို သက်ဝေ က လည်း အပြင်ကိုပင် မထွက်ဖြစ်ပါ။

"သက်ဝေ ငိုင်လှချည်လား"

မမနှင်း က အပေါ်ထပ် ရှိဖခင်ကြီး ကို ဆေးတိုက်ပြီး ဆင်းလာသည့်ဟန်ပင် လက်ထဲတွင်ဆေးဗန်းနှင့် ။

မိမိ ကိုယ်တိုင်၏ မရွှင်လန်းသော စိတ်ကို သက်ဝေ ကိုယ်တိုင်လည်း နားမလည်ပါ။

"နေလို့မကောင်းဖူးရယ် ခေါင်းထဲလေးလေးကြီး မမနှင်း"

ဟု ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်
ပလီချ ရသည်။
တကယ်တော့ ဦးနှောက် ထဲ မှ
ထုတ်တာတောင် ညစဉ်ညတိုင်းနီးပါး မက်နေသည့် အိမ်မက် က ဝင်ရောက်နှောင့်ယှက်လို့နေလေသည်။ တစ်ဖြည်းဖြည်းပေါ်လာသောရုပ်လုံးတို့ကြား ငိုနေသော ထိုလူကြောင့် သူ့မှာ နိုး လာတိုင်း ရင်တွေနာ ရသည်။

သူပြောသလို တကယ် သူနဲ့ကိုယ်နဲ့ကြား
ဆက်သွယ်မှုသေးသေး လေးများ
ရှိနေသလားဟု
မျက်နှာ စုံညီမေးလိုက်ချင်ပါသော်ညား
ထိုသူကား  ပျောက်လို့နေသည်။

လက်မခံ ချင်ပါသော စကားတစ်ခု ကို ယုံယုံကြည်ကြည်နှင့်ဖွင့်ပြောခဲ့ပြီး
တစ်လောက လုံးတွင် အချစ်တက်ဆုံး လူပုံစံ ဖမ်း ကာ ယခုတော့ ပျောက်ချက်သားကောင်း သွားလေပြီ။

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Where stories live. Discover now