အပိုင်း ၁၈

8.9K 1.4K 248
                                    

ကဗျာမပီစာမမီ
အပိုင်း ၁၈

သူရိန်နေမင်းကြီး ကား တစ်စတစ်စ
မြစ်ပြင်အောက် တိုးဝင် လျက်ရှိသည်
တောင်ကုန်းပေါ်ရှိ မြို့ဦး​စေတီ လေး၏
ဆည်းလည်း သံလေးများ က ညနေခင်းလေပြေအောက်တွင် ပို ၍ ကျယ်လောင် လာသယောင်။ ညနေ နေဝင် ခါနီး ဖြစ်သဖြင့် မြို့ဦးစေတီ လေးမှာ အတော်လေး
လူရှင်းနေသည်။

သက်ဝေ ယူ လာသည့် ဒေစီ ပန်းတို့ ကို ဗုဒ္ဓဟူး နေ့နံထောင့်ရှိ ကြေးပန်းအိုး ကြီး ထဲ သို့ အသာ အယာ ထည့် လိုက်တော့
အနောက် က မြို့အုပ်မင်း မှာ သူ့ကို
လိုက်ကြည့်နေလေသည်။

"ကိုရောင်နီဦး ကော ဘယ်နေ့မွေးတာ လဲ"

"Wednesday ချာတိတ်ရော"

သူ့ပြန်မေးတော့ သက်ဝေ က ဂြိုလ်တိုင် ကို တစ်ချက် ပြန် ကြည့်လိုက်ကာ

"ကျွန်တော်လည်း ဗုဒ္ဓဟူးလေ"

"အိုး အတူတူပေါ့ ကိုယ့် မာမီ ကို
ကျေးဇူးတင်သွားပြီ ဒီတစ်ခါတော့"

"ဘာလို့"

"သက်ဝေ နဲ့ တူ လို့ "

"ဟင် "

"မသိဖူး ကို က သက်ဝေ နဲ့ တူ ရရင် ကို
အကုန်ကြိုက်တယ်"

"ဖြစ်ရမယ် "

ထို့နောက် သက်ဝေ ဆီမီးခုံရှိ ဆီမီး တို့ ကို တစ်တို့ယူ ကာ
ညနေလေသွေးကြောင့် မှိတ်ခဲ့ရသည့်
ဖယောင်းတိုင် တစ်ချောင်း ခြင်း စီ ကို
မီး လိုက်ညိှ နေတော့ သူ ကပါ ဖယောင်းတိုင် တစ်ချောင်း လိုက်ယူ ကာ
လိုက်ညှိနေလေသည်။

သက်ဝေ က တော့ နှုတ် မှ
တစ်တွတ်တွတ်ရွတ်ကာ မိီးတစ်ခါတို့ သည်။ ဖယောင်းတိုင် တစ်တိုင် လင်း၏။
ရောင်နီဦးမှာတော့
ဘာရွတ်ရမှန်းမသိ ၍ သက်ဝေ မျက်နှာ တစ်ခါကြည့်၍ မီးတစ်တို့ တို့ ချေ၏။
ဖယောင်းတိုင်တစ်တိုင်လင်းလေသည်။

ဤ သို့ဖြင့် သိပ် မကြာခင် အချိန်၌ ပင် ဆီမီးခုံ တစ်ခု လုံး နီးပါးပြည့် ဖယောင်းတိုင်များ ၏ အလင်းတို့ဖြင့် ထိန်ထိန်ငြီးသွားတော့သည်။

ထို့နောက် အဖြူရောင် စကျင်ကျောက်များ ခင်းထားသည့် ဘုရားကြမ်းပြင်တွင် သက်ဝေ ဆောင့်ကြောင့် ထိုင်ချလိုက်သည်။ မိမိဘေး က လူ ကို ကြည့် လိုက်တော့ သူထိုင်သည့် အတိုင်း ဆောင့်ကြောင့် ထိုင်ဖို့ ကြိုးစားနေသော်လည်း ဝတ်ထားသော ဘောင်းဘီ က
ခွင့်ပြုဟန် မတူ  တုတ်နေသည်မို့ သက်ဝေ ကို မျက်နှာသေလေးနှင့် ကြည့်နေလေသည်။

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Wo Geschichten leben. Entdecke jetzt