ဇာတ်သိမ်းပိုင်းနှင့် ပတ်သက်၍

11.5K 916 137
                                    

ကျွန်တော် သော်တာနိုင်ပါဗျ။

ကဗျာမပီစာမမီက ရေးတဲ့
အချိန်တိုလေးအတွင်း အရမ်း ကို
လူများပါးစပ်ဖျားရောက်သွားတဲ့ အတွက်
ကျွန်တော် ဝမ်းသာရပါတယ်။ တကယ်ဆို
ကျွန်တော် က လိုအပ်ချက်တွေ အများကြီး ရှိတဲ့ စာရေးသူ တစ်ယောက်ပါ ။

like တွေ followers တွေ ထောင်နဲ့ချီ တဲ့ page တွေ က နေ ကျွန်တော့ ဝတ္ထု ကို ဖတ်ဖို့ ရီဗျူး ပေးကြတာမြင်တော့ ပျော်လည်း ပျော်တယ် ကျေလည်း အရမ်း ကျေနပ်မိပါတယ်
ကောင်းကင်ကြီး က ကြယ်လေးတစ်ပွင့် ကို အသိအမှတ်ပြု လိုက်သလိုပါပဲ။

တစ်ဖက် မှာ လည်း ကျွန်တော့်
ဇာတ်သိမ်းနဲ့ပတ်သတ်ပြီး ထောက်ပြတာတွေ စိတ်ထဲ တနုံ့နုံ့ ဖြစ် လို့ လာပြောကြသူတွေ အပြည့်ပဲ ခင်ဗျ 😂။

ကျွန်တော် စာရေးသူ မလုပ်ခင် စာဖတ်သူ အနေနဲ့ အနည်းဆုံး ၈ နှစ်လောက်
ကျင်လည်ခဲ့ဖူးပါတယ်။
ကျွန်တော် အစမှာ လည်းပြောခဲ့ဖူးမှာပါ
ကျွန်တော့် စာပေကမ္ဘာလေး ရဲ့ ပဲ့က်ိုင်သူ ဆရာ နှစ်ယောက်ရှိပါတယ်။
ကျွန်တော်လည်း တစ်ချိန်က စာဖတ်သူ အနေနဲ့ ပေါက်ကွဲတိုင်း ( လေဒီ တို့က ဒီမှာလာပြောကြသလို) ကျွန်တော် က ကျွန်တော့် မြန်မာစာ ဆရာနဲ့ဆရာမ စီသွားသွားပြီး ပေါက်ကွဲတာပေါ့ အဟဲ သူတို့ဖတ်ခိုင်းတာ ကိုး။ 🥲

ဥပမာ ဂျာနယ်ကျော် မမလေး ရဲ့ သူမ ဇာတ်လမ်း ထဲ က သက်သက် ကို ပညာဝန်နဲ့
ဘာလို့ပေးမညားတာ လဲ ဆိုတာမျိုး
ကျွန်တော် ဂျီတိုက် သမျှ ကို ကျွန်တော့် ဆရာနဲ့ဆရာမ က စိတ်ကျေကျေနပ်နပ် က်ိုရှင်း ပြ ကြပါတယ်။ ကျွန်တော် လည်း
ကျေနပ်တယ်တော့ မဟုတ်ပေမယ့်
ပြေလည်သွားတယ်ပေါ့

အလားတူစွာနဲ့ ကျွန်တော့် ကဗျာရဲ့
အဆုံးသတ်နဲ့ပတ်သက်ပြီး ပြင် လို့တော့
မဖြစ်နိုင်ပေမယ့် ကျေနပ်လောက်မယ့်
ဖြေရှင်းချက် တစ်ခု ကို ကျွန်တော် extra အနေနဲ့ အပိုင်း ပို ၂/၃ ပိုင်းလောက်ထိ
ရေးဖို့စိတ်ကူးရှိပါတယ် ။
သေချာ တာ တစ်ခုကတော့ လေဒီ တို့ တစ်ကြောင်းဖတ်လိုက်
တစ်ခါပြုံးလိုက်ဖြစ်နေမှာပါ
( မဆွိဘူးနော် ပြုံးရုံလေး)
စောင့်တော့ စောင့်ရပါမယ်
( အခု က ပေါက်ကွဲ တာတွေ များနေလို့ လာချော့တာ😂)

You've reached the end of published parts.

⏰ Last updated: Oct 13, 2021 ⏰

Add this story to your Library to get notified about new parts!

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Where stories live. Discover now