အပိုင်း ၅

23.3K 1.9K 71
                                    

ကဗျာမပီ စာမမီ
အပိုင်း (၅)

သက်ဝေ အနေရ ခက်စွာဖြင့် သည်လူ့ဘေးမှ မသိမသာပြေးထွက် ကာ ရပ်ရေးရွာရေး အစည်းအဝေး အတွက် ဖိတ်ကြားထားသော နေရာသို့ဝင် လာခဲ့မိသည်။

သက်ဝေကား ၇ တန်းနှင့် ပင် ကျောင်းနား ကာ ကျန်းမာရေးကြောင့် ၁ နှစ် ခန့်အိမ်တွင်း၌ သာ ဆေး ကြိတ်ကုခဲ့ရ ၍ သက်တူရွယ်တူအပေါင်းအသင်း မှာ မိုးကျော်မှ လွဲ ၍ မရှိ။

မမနှင်း ၏ သူငယ်ချင်း ဖြစ်သော ကို မင်းရောင် တို့ ယောက်ဖလောင်း ကို စိုင်းဟန် တို့ လောက်သာ သိ ကျွမ်း ၍ ယောက်ကျားလေးမိတ်ဆွေ မှာ နည်းပါးလှသည်။
ဆိုတော့ မိန်းကလေးမိတ်ဆွေရော ရှိပါသလားဟု ဆိုလျှင် ဆွေ တို့ ရဝေ တို့ ကဲ့ သို့ မေးထူးခေါ်ပြော တစ်ယောက်နှစ် ယောက်မှ လွဲ ကျန်တာမှာ မူ ပြုံးပြတာ က လွဲ မလုပ်ဖူးချေ။

အတိုချုံး ပြောရရင် သက်ဝေ
ပေါင်းသင်းဆက်ဆံရေး ၌ လူရာသိပ်မဝင် ပါ။ မိမိကဲ့သို့အေးဆေးနေတက်သော လူမျိုး ကို သာ ပေါင်းတက်၍ လွန်စွာမှ သွက်လက် ကာ စကားပြောကောင်းသော လူမျိုး ဆိုလျှင် သက်ဝေ နှင့် ခင်မင်ဖို့မလွယ်ပါ။ အထူးသဖြင့် ခုန က မြို့အုပ်မင်း ကဲ့သို့ လူမျိုး သက်ဝေ နှင့် မေးထူးခေါ်ပြော အဆင့် လောက်ရှိလျှင် ပင် သက်ဝေ တော်တော်လေး နားညည်း နေလောက်ပြီ ဖြစ်သည်။

ကဲ အခုတော့ ထားတော့

"လူလေး လင်း သက်ဝေ လာကွဲ့
ဦးထွန်း ကြီးရယ် နေမကောင်းဖူးကြားတယ်"

ဖေဖေ့ သူငယ်ချင်း ရပ်ရွာလူကြီး တစ်ယောက် သက်ဝေ ကို ဆီး ၍ နှုတ်ဆက်လေသည်။

"ဟုတ် ဦးကြီး ဒီရက်ပိုင်း မိုးက လည်းကောင်းတော့ ဖေဖေရယ် ချောင်းဆိုးသွေးပါ ပြန်ဖြစ်ချင်နေတာနဲ့ အအေး မမိအောင် အိမ်ထဲအောင်းခိုင်းထားရတယ်"

သက်ဝေ အဖေ မှာ မမကြီး ဘီအေအောက်ထစ် အတန်း၌ပင် ချောင်းဆိုး လျှင် သွေးပါသောရောဂါ စတင်ဖြစ်လာ၍ ဆရာဝန်နှင့်
မနည်းကုယူထားရသည်ဖြစ်သည်။

သို့သော် သည်ရောဂါတို့ အတိုင်း အရှင်းမပျောက်၊ မိုးစစ လျှင် ပြန်ပြန် ဖြစ် လာချေရာ မိုးကျပြီ ဆိုသည်နှင့် ဖခင်ကြီး မှာ အအေး မမိအောင် အိမ်၌ သာနေ၍ လုပ်ခင်းဆောင်ဖွယ် အကုန်လုံး ကို မမကြီး နှင့် သက်ဝေ ကို သာ လွှဲ ထားလေ့ရှိတော့သည်။

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Where stories live. Discover now