ကဗျာမပီ စာမမီ
အပိုင်း (၂)ဟိုဖက် ခြံဝန်း ဝင်စ က ပင် လက်တွန်းလှည်းဖြင့်
တစ်မျိုး ၊ ကူလီကုလားတွေ ကလည်း ထမ်းလို့ပိုးလို့ဖြင့် တစ်ဖုံ တာလမ်းမကြီးတစ်လျှောက်
ပြည့်နှက်နေပုံကိုကြည့်ကာ
သက်ဝေ အတော်လေး အံ့ဩ မိသည်။'ဒါ ဆိုင်ပြန်ဖွင့်ဖို့တော့မဟုတ်လောက်ဖူးမလား ?'
သယ်လာသည့် ပစ္စည်းများကို ထင်းရူး သေတ္တာကြီးငယ် ရွယ်စုံ များဖြင့် သေ ချာ စွာ ပိတ်စည်း ထားလေရာ လေတိုး၍ ပင်မပေါက်
"တို့တိုင်းပြည် က ထင်းရှူးပင်တွေတော့ ကျန်မှကျန်ပါသေးရဲ့လား"
ကူလီများ ထမ်းပိုးနေသော သေတ္တာ တို့က်ိုကြည့် ကာ လင်းသက်ဝေ တိုးတိုးသာ ရွတ်မိတော့သည်။
ထိုစဉ် အသက်သုံးဆယ် အရွယ်လောက်ရှိမည့် အရပ်မြင်မြင့် အသားညိုညို လူတစ်ဦး ကမိမိအနားရောက်လာကာ အရိုအသေပြု၍ နှုတ်ဆက်လေသည်။
"ကို လင်းသက်ဝေမှတ်တယ်"
"ဟုတ်ပါတယ်ဗျ ကျွန်တော်ပါဘဲ"
"တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်က အောင်မြင့်ပါ
သခင့် အိမ်တော်ထိန်းပေါ့ "'အော် မြို့အုပ်မင်း အိမ်တော်ထိန်းပေါ့'
သက်ဝေ မှာ ဘာဆက်ပြောရမှန်းမသိ ကြောင်အနေစဉ် ထို လူကပင်အနေမခက်စေရေး စကားဆက်သည်။
"ပုံမှန်ဆို သခင် ကကျွန်တော်တို့နဲ့ တစ်ပါတည်း လိုက်ခဲ့မို့ပါဘဲ ဒါပေမယ့် ရန်ကုန်ရုံးမှာ အလုပ် တစ်ချို့ ရှိတာ
နဲ့နေကျန်ရစ်တယ်""အော် ...."
သက်ဝေ မှာ "အော်" ဟု ပြောကာ သူ့ဝသီအတိုင်း ငြိမ်ကျ သွားလေရာ ပတ်ဝန်းကျင်၌ ကူလိီများ ၏
ထမ်းပ်ိုးအထုတ်ချသံမှတစ်ပါး အခြားမကြားရ။အိမ်တော်ထိန်းပါလျက်နှင့် ဘာကြောင့်မိမိကို မမကြီး တို့က စေလွှတ်ရပါသနည်း ဟု အတွေးများနေစဉ်
"ကို သက်ဝေ အိမ်ပြင်တဲ့လက်ရာ ကိုကြည့်ပြီး အမြင်ရှိတဲ့ လူမှန်း ကျွန်တော်က လက်ခံထားပါဗျ"
သက်ဝေ ပြုံးပြသည့် အခါ သည် လူ က သက်ဝေ ကို တစ်ချက်ငေးခနဲ ဖြစ်သွားသည် ကို သတိထားမိလေသည်။
ČTEŠ
ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed
FantasyTime based 1910s Burma ကို့ ကို ရူးတယ် လို့ပြောလည်း ကို ခံရမှာ ဘဲ သက်ဝေ မင်း မျက်တောင်ဖျားမှာ ငြိနေတဲ့ ကို့ အလွမ်းထုထည် ကိုမှ မင်းမမြင်တာ အိမ်မက်ထဲမှာ မငိးကို ပွေ့ဖက်ရင်း ကျေနပ်နေတဲ့ ကိုယ့်ဝိညာဉ် ကိုမှ မင်းမမြင်တာ မြန်မာ ပြည် ကို ပြန်ဖို့ အိမ်နဲ့...