အပိုင်း ၂၁

7.6K 1.2K 137
                                    

ကဗျာမပီ စာမမီ
အပိုင်း (၂၁)

အချိန်သည်ကား တစ်စထက်တစ်စ ပို၍
တိုက်စားမြန်ကာ နာရီ လက်တံ တို့
အောက်တွင် ပြားပြားဝပ်ကာ ခစားကြ၏။
မျက်စိတစ်မှိတ်အတွင်းဟု ယူဆ ရသည့် အချိန်၌ပင် ဖခင်ကြီး ၏ စျာပန နှင့် ရက်လည် ခြင်း တို့က ပြီးဆုံး ခဲ့ချေပြိီ။

အဝေး မှ လာရောက်သော ဧည့်သည်၊ဆွေမျိုးညာသကာ များလည်း ပြန်ကြ၍ အိမ်၌ သက်ဝေ၊ မမနှင်း နှင့် မမကြိီး သာ ကျန်ရစ်သည်။

ညနေစာ ထမင်းဝိုင်းသည် ကား လိုတာ
ထက် ပို၍ တိတ်ဆိတ်လျက်။
ဖခင်ကြီး၏ စွတ်ပြုတ်အိုးလေး ကား နေရာ ၌ ပင် မလှုပ်မယှက် နှင့် သူတို့မောင်နှမ ၏ တိတ်ဆိတ်မှု ကို ကြည့်ရှုနေသယောင်ယောင်။

"တော်ပြိီလား ထည့်ဦးလေ"

ထမင်းဝိုင်းမှ မိမိပန်းကန် ကို ဘေးရှိ မိအေး ကို ပေးလိုက်သော မမနှင်း ကို မမကြီး ၏ ကြည့်လျက် စကားဆိုသည်။
မမနှင်းကား မျက်နှာ မရွှင်မလန်း နှင့်
သူ့ရင်ဘတ်ကို လက်တစ်ဖက်တင် ကာ

"တော်ပြီမမကြီး နှင်း ဗိုက်ပြည့်နေတယ်"

"ထမင်း လက်သုတ်လေး စားမလား မမနှင်း မိအေး လုပ်ပေးပါ့မယ်"

"နေပါစေတော့ မိအေး ရယ်
စားချင် စိတ်မရှိလှ ပါဖူး"

မမနှင်း ကား လက်ဆေး ခြင်း အမှု ကိုပြုပြီး ဖခင်ကြီး အခန်းရှေ့ မှ ဖြတ်အလျောက် တစ်ချက်မျှသာ ဝေ့ဝဲကြည့်လျက်
သူနှင့်မမကြီး ဖက် လှည့် ကာ

"မမကြီးနဲ့ သက်ဝေ ပြိီးရင် နှင်းတို့ စကားပြောကြရအောင်ပါ"

မမနှင်း စိတ်ထဲ ဘာတွေ တွေးနေသည် ကို သိချင်၍ သော်လည်းကောင်း သက်ဝေ ကိုယ်တိုင် က လည်း စားချင်စိတ် မရှိတော့၍ လည်းကောင်း ထမင်းစားခြင်း က်ို ရပ်လိုက်ကာ အိမ်ရှေ့ ရှိ မိသားစု ထိုင်နေကြ
ကွပ်ပျစ် သို့ ထွက် လာလိုက်တော့သည်။

ဝါဆို ကျော်လာပြီ ဖြစ်၍
မိုးအနည်းအငယ်လျော့ လာသော်လည်း
မြစ်ဝဒေသ လေးသည် လေအေးအေးလေးများတိုက်ခတ်နေဆဲဖြစ်သည် ။

စံပယ်ရုံလေးများ အတော်တန်ကြီးလာ၍
ဖူးပွင့်နေကြသောကြောင့် လေယူလေသိမ်း၏ အဆုံးသတ်ရနံ့သည် စံပယ်နံ့သင်း၏။

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Tahanan ng mga kuwento. Tumuklas ngayon