အပိုင်း ၁၀

9.6K 1.4K 154
                                    

ကဗျာမပီ စာမမီ
အပိုင်း (၁၀)

ကြား လိုက်ရသော အသံချိုချိုလေးသည်
ယခင် တုန်း က တော့ ရောင်နီဦး အတွက် ချိုမြိန်မှုလေး ဖြစ်ခဲ့ သော်ငြား ယခု အခါတွင် ကား စိတ်ရှုပ်မှု တစ်ခုထက်ပိုမလာခဲ့

လက်ထဲ တွင်ကိုင်ထားသည့် ဓာတ်ပုံ ကို အသာ ချ ကာ လှည့် လိုက်ပါတော့ အခန်းပေါက်ဝ တွင် အသီးဗန်း ကိုင် လျက် ရပ်နေပါသောသူမ။

အဖြူရောင် ပိတ်ဖောက် ဇာ နှင့် ရှမ်းခံ ထမီ အဖြူ က ဖြူစင်သစ်လွင်နေပါသော်ငြား
သူမ မျက်နှာတွင်၌ မူပိုင် အပြုံး တစ်ချို့က ခပ်မဲ့မဲ့ ။

"ဓာတ်ပုံ ထဲ က ပါတဲ့ လူနှစ်ယောက် လုံး က ရောင်နီဦး ကို ပါးချိုင့်ကြီး ပေါ်လာတဲ့ အထိ ပြုံးနိုင်အောင် စွမ်းဆောင်နိင်မယ်တော့မထင် ပါဖူးလေ ပြောပါဦး ဒါလင် ရဲ့ အိမ်မက်ထဲ ကကောင်လေး ကို ရှာတွေ့ရဲ့ လား"

ရောင်နီဦး ကိုပေါ့ပါးစွာပင် ဖြတ်ကျော် သွားကာ ဓာတ်ပုံဘေးနားတွင် သူမ ကိုင် လာသည့် အသီးဗန်း ကို အသာချသည်။

"သိပြီး သား မေးခွန်း ကို ထပ်မေးနေတာ အကြောင်း အရင်း ကဘာများ ဖြစ်မလဲ
နံပါတ် ၁ က မဖြစ်နိုင်ဖူးထင်လို့
နံပါတ် ၂ က ကျွန်တော့် ဆီ က အတည်ပြု ချက် ယူ ချင် လို့
အခု ဘယ်အချက် နဲ့မေးနေတာလဲ စံကားဝါ က"

ရောင်နီ ဦး စကားအဆုံး သူမ က ခပ်ဟဟ ရယ် ကာ လက် ထဲမှ ဘရမ်ဒီခွက် ကို အသာ ချ ရင်း

"နံပါတ် ၃ အချက် ထည့်ပေါင်း လိုက်ပါဦး
တို့က အတည် ဖြစ်နေတောင် ဂရုစိုက်မယ့် လူစားမျိုးမဟုတ်လို့ ပုံပြင်တစ်ပုဒ် လို နားထောင်ချင် လို့မေးတာပါ ဒါလင်ရယ်"

ဝတ်ထား သည့် မြန်မာ ဝတ်စုံ သည် ခန္ဓာကိုယ် အချိုးအစားနှင့် လိုက်ဖက်နေသော်ငြား
လက်ခလယ် နှင့် လက်သူကြွယ်ကြား ညှပ်ကိုင်ထားသည့် ဘရမ်ဒီ ခွက် က သည် လှပ မှု ကို ကန့်လန့်ဖြတ် ဝင်နေလေသည်။

"ပုံပြင်တော့ မဟုတ်ပါသေးဖူးလေ ဒါက
ရာဇဝင် လို့ခေါ်ရမလား
၁၉ရာစု ရဲ့ ရိုမီယို and ရိုမီယို? အဲ့ လို ဘဲပြောရမလား ...?"

သူ့ကို ခနဲ့ စကား ဆိုကာ တံခါးဘောင် ကို ခပ်ဖျော့ဖျော့ မှီရပ်နေသူ ထိုအမျိုးသမီး က ဆွဲဆောင်မှု ရှိသည် မှာ မှန်သော်ငြား ရောင်နီဦး က တော့ စိတ်မဝင်စားပါ။

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Tahanan ng mga kuwento. Tumuklas ngayon