အပိုင်း ၁၄

8.2K 1.3K 58
                                    

ကဗျာမပီ စာမမီ
အပိုင်း (၁၄)

ကုတင်ပေါ်တွင် ခေါင်းပတ်တီး လေးနှင့် သတိမေ့နေသော ကောင်လေး ကိုကြည့်ကာ ရောင်နီဦး မည်မျှ ငိုင်နေမိသည်မသိ။

"ရော့ သုတ်လိုက်ပါဦး"

ဘေး တွင် ဝင် ထိုင်ကာ လက်ကိုင်ပုဝါ
လှမ်းပေးသူ တစ်ယောက်ကြောင့်သာ
သတိဝင် မိသည်။ လှည့်ကြည့်လိုက်ပါတော့
ဒီတစ်လော ချာတိတ် သူငယ်ချင်း ဟု ဆိုကာ တွဲသွား တွဲ လာ တပူးပူး ဖြစ်နေသည့်
ကောင်လေး ပင်။

ကမ်းပေးနေသည့် ပုဝါ လေး က်ု ယူ ကာ
ရောင်နီဦး မျက်နှာ တစ်ပြင်လုံး ကို
ခပ်ကြမ်းကြမ်း သုတ်လိုက်မိတော့သည်။ မျက်ရည်မကျအောင်ထိန်းထားသော
မျက်ခမ်းစပ်တို့က မာစပ်စပ်နှင့် နီရဲ ကျန်နေခဲ့မှာ အသေ ချာပင်။

"သက်ဝေ ဘာတဲ့လဲ ?"

"ခုနက ဆရာဝန်တော့ လာတယ်
ခေါင်း သုံးချက် ချုပ်လိုက်ရပြီး
မနက်ဖြန် ညမှ သတိမရ ရင် ရန်ကုန်ဆေးရုံကြီး ကို လွှဲမှ ရမယ် တဲ့ ပိုဆိုး တာက
အနာဖြစ်တဲ့အချိန် မသန့်တဲ့ရေ နဲ့ထိ မိလို့
ပိုးဝင်ရင် ခက်မယ်တဲ့"

ရောင်နီဦး စကားအဆုံး သူသက်ပြင်း သာ ချလိုက်မိတော့သည်။

"ကိုယ် ကတော့ ဖြစ်နိုင်ရင် ဒီကနေ့ကတည်း က ရန်ကုန် တက် ချင်တော့တာပါဘဲ
ချာတိတ် တစ်ခုခု ဖြစ်သွားရင်
ကိုယ် ဘယ်လို မှ ဖြေဆည်နိုင်မှာ မဟုတ်ဖူး ထင်တယ်"

ပြောရင်း မျက်ခမ်း စပ်တွေ ရဲ လာ ကာ
မျက်ရည် မကျ ခင်လေး လက်သွယ်သွယ်တို့နှင့် မျက်နှာ ကို အုပ်လိုက်ပါသော သူ ကို ကြည့်ကာ မိုးကျော် စဉ်းစားမိသည်။

'သက်ဝေရ မင်း က အချစ်ရေးမှာ ကံတော့ကောင်း သားကွာ'

ယောက်ကျား တစ်ယောက်ဟာ မိန်းမ တစ်ယောက်ကြောင့် မျက်ရည် ကျ တာကို တော့ ဝတ္ထုတွေ ထဲ ခဏခဏ ဖတ်ဖူး
မြင်ဖူးပေမယ့်
အရွယ် ရောက်ပြီး သား ယောက်ကျား
တစ်ယောက်ကြောင့် တည်ငြိမ် လှပါချည် ဆိုတဲ့ လူကြီးမင်း မျက်ရည်ကျ တာကိုတော့ အခုမှ မြင်ဖူး တယ်

"အဆင်ပြေမှာပါ ကျွန်တော်သိ တဲ့ သက်ဝေ က မန်ကျည်းပင်ပေါ်က ပြုတ်ကြတာတောင် အပြုံး မပျက်တဲ့ သူမို့
သူ က ခင်ဗျားထင်တာ ထက် သန်မာပါတယ်"

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Where stories live. Discover now