ကဗျာမပီ စာမမီ
အပိုင်း (၁၂)ရောင်နီဦး ကောင်လေး ကို ကြည့် ကာ ဘယ်လို မှ မနေနိုင်တော့သဖြင့် ချာတိတ်ထံ သွားမည် အပြု
"သက်ဝေ"
ချာတိတ် နာမည် ကိုခေါ်ကာ သူ့ဘေးမှ ဖြတ်လျှောက် သွားသူသည် ဟိုနေ့ ကချာတိတ်နှင့် ပြုံးပြုံးပျော်ပျော် နှင့် စကားပြောနေသည့် ကောင်လေးပေ။
"မိုးကျော် ဘယ် ကနေ ဘယ်လို
ဒီလို ကို ရောက်လာ"ယောပုဆိုး နှင့် အကျီင်္ အဖြူ ကို တွဲဖက် ဝတ်ဆင်ထားကာ ဘိုဆံထောက် ကေ ကို ဆီလိမ်းထားသဖြင့် မိုးကျော်
နှဖူးပြင်ကျယ်ကျယ်နှင့် နှာတံ စင်းစင်း မှာ အထင်းသားပေါ်နေလေသည်။ ခပ်တင်းတင်းစေ့ ထားသောနှုတ်ခမ်း တို့က ဂိုထောင်ထဲရှိ အခြေအနေတစ်ခုကိုရိပ်မိနေဟန်"မိုးကျော် ဘယ် က ဘယ်လိုရောက်လာတာလဲလို့"
သူနှစ်ခါပြန်မေးခါမှ မိုးကျော်သည် သတိဝင်ဟန်နှင့်
"အေးကွာ ငါ မင်း အိမ်သွားတော့ မင်း ဂိုထောင်ဘက်သွားတယ်ပြောလို့ ပထမ တော့
ငါအိမ်မှာဘဲစောင့်မလို့ဘဲ နောက်ကျ မင်း မှာထီးမပါသွားတာ တွေ့ လို့ မင့် ထီး အမဲကြီးကောက်ယူ ပြီး ငါထွက်လာလိုက်တာ သက်ဝေရ"ရှင်းပြနေသော သူငယ်ချင်း က်ို ပင်မကြည့်အားဘဲ ထိုသူ့လက်ထဲမှ ထီး အမဲကြီး ကိုသူ စိုက်ကြည့်နေမိသည်။
တချို့အမှတ်တရတွေ ပြန်မမှတ်မိတော့အောင် ဘာလုပ်သင့်သလဲ သက်သေခံ ပစ္စည်းတွေကိုဘဲဖျောက် လိုက်သင့်သလား?
"သက်ဝေ"
မိုးကျော် ၏ သူ့ပုခုံး ကိုပုတ်ကာခေါ်လိုက်သည့်အသံကြောင့် သက်ဝေ အသိဝင်ကာထူးမိသည်။
"ဟင် ပြော"
မိုးကျော် က ငူငူငိုင်ငိုင်ဖြစ်နေသော သူ့က်ို ကြည့်ကာ
"မင်းအလုပ်တွေပြီးရင် ပြန်ကြမယ်လေ
ဒီထက် မိုးချုပ် ရင် မကောင်းဖူး"ထိုအခါမှ ပင် စံကားဝါ က
"ဟုတ်ပြီ တို့ကတော့ စပါးတွေ ကြိုက်ပါတယ် တောင်းစျေးပေးမှာမို့
မနက်ဖြန်စာချုပ်ချုပ်ချင်ပါတယ်"
BINABASA MO ANG
ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed
FantasyTime based 1910s Burma ကို့ ကို ရူးတယ် လို့ပြောလည်း ကို ခံရမှာ ဘဲ သက်ဝေ မင်း မျက်တောင်ဖျားမှာ ငြိနေတဲ့ ကို့ အလွမ်းထုထည် ကိုမှ မင်းမမြင်တာ အိမ်မက်ထဲမှာ မငိးကို ပွေ့ဖက်ရင်း ကျေနပ်နေတဲ့ ကိုယ့်ဝိညာဉ် ကိုမှ မင်းမမြင်တာ မြန်မာ ပြည် ကို ပြန်ဖို့ အိမ်နဲ့...