အပိုင်း ၁၉

7.5K 1.4K 56
                                    

ကဗျာမပီစာမမီ
အပိုင်း ၁၉

ဟိုဖက် အိမ်တွင် ချာတိတ်ဖျော်ပေးသည့်ကော်ဖီသောက်ပြီး ပြုံးပြုံးပျော်ပျော်နှင့် ဝင်လာသူ ရောင်နီဦး ကို သူငယ်ချင်း ကိုစိုင်းဟန် က အိမ်ကြီး ရှင် အထာနှင့် လက်ပိုက်ကာ ကြည့် လျက် ။

"What? "

"တော်တော်လေး သဘောခွေ့နေတာပေါ့လေ
လူစွမ်းကောင်း ဝင် လုပ်ခဲ့တော့"

"အဟဲ ဆိုပါတော့"

သူ က စပ်ဖြီးဖြီး မျက်နှာထားနှင့် တုံ့ပြန်တော့ စိုင်းဟန် က သက်ပြင်း ချပြီး

"အေးပါကွာ လောကကြီး က မတရားလိုက်တာ ကိုယ့်လောက်လည်း ရုပ်မချော
ဝင်ငွေ လည်း မကောင်း တဲ့ စပ်ကြားကောင် က တော့ လူစွမ်းကောင်းဖြစ်လိုက် ကယ်တင်ရှင် ဖြစ်လိုက်နဲ့ စိတ်သဘော နှလုံး မြင့်မြတ်သူ ငါကတော့ အခုထိ မမကြီး လှည့်ကြည့် တာ ကိုမခံရသေး"

ငိုချင်း ချတာတောင် မိမိက်ို အားပါးတရ နှိမ်သွားသူ ကို ရောင်နီဦးငေးသာကြည့်နေမိတော့သည်။

"အေး မင်း ပါးစပ် လေး က အဲ့လို အပြောမကောင်း လို့လေ အားနေတည့်တိုး ပြောဖို့ဘဲ စဉ်းစားနေတာကိုး"

"နေပါဦး ငါအခု မှ စဉ်းစားမိတယ်
ငါ မင်းနဲ့ သက်ဝေ အကြောင်း ကို သိတယ်လို့ငါ့မမကြီး က်ို ပြော လိုက်တာ မင်းမလား"

"အေး .."

"ဘာရယ် ဟေ့ကောင် ရောင်နီဦး
သူတောင်းစား"

ရောင်နီဦး ၏ အေးဆေး ဖြေသံအဆုံး
စိုင်းဟန်ထံမှ ဆဲသံ အစုံထွက်လာတော့သည်။

"အဲ့တာထား....မင်းဒီနေ့ မမကြီး ဆီ သွားခဲ့သေးလား"

"သွားတယ် ရောင်နီဦးရေ တိုက် ကို သွားတယ် အတွေ့မခံ ဖူး ...အိမ်ရှေ့မှာ ထိုင်စောင့်နေတယ် မမြင်ချင်ယောင် ဆောင်သွားတယ်
အိမ်ထဲဝင်ပြီး နှုတ်ဆက် တယ် ငါ့မှာ
ယောက်ခမ လောင်း ကြီး နဲ့ ဘဲ
စကား စမြည်ပြောပြန်ထွက် လာရတယ်
ကိုယ့် လူ ဒီပုံစံ အတိုင်း ဆို
ငါတော့မလွယ်ဖူး"

"ယောက်ခမကြီး ဆိုမှ သတိရတယ်
ဦးထွန်းသက်သာရဲ့ လာ"

"ဦးကြီး ကတော့ ဒီလိုပါဘဲကွာ
ဆေး နဲ့ဘဲ အသက်ဆက်နေရတယ်
နို့ ငါတော့ အားသိပ်မရ ဖူးရော်
ငါနဲ့စကားပြောရင်း ချောင်းဆိုးတာ
သွေးပါတယ် ခဏခဏ"

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Where stories live. Discover now