အပိုင်း ၂၃

7.6K 1.1K 62
                                    

ကဗျာမပီ စာမမီ
အပိုင်း(၂၃)

စံကားဝါ ပြန်သွားပြီးသည့်နောက် သက်ဝေ အရာရာ ကို အပြန်အပြန်အလှန်အလှန်
စဉ်းစားနေမိတော့သည်။
မည်မျှ ပင် မိမိ က သူ့ဖက် တွင်နေသည်ဟု
ဆိုဆို  ကိုယ့်ချစ်သူ တစ်ယောက်လုံး ကို
ဒုက္ခရောက်စေ ခဲ့ ပြီ လား ဟူသော အတွေးတို့က ကသောင်း ကနင်း ဝင်ရောက်လာသည့် အခါ သက်ဝေ မှာ သက်ပြင်း ကို အဖော်ပြုရုံ မှတစ်ပါး

"သက်ဝေ"

"ယောက်ဖလေး"

တစ်ပြိုင်တည်းထွက်လာသော အသံ တို့၏ လားရာသည်ကား အိမ်ရှေ့မှ ဖြစ်၍ သက်ဝေ မော့ကြည့်မိသောအခါ မြို့အုပ်မင်းကြီး ကတော့ သူ့ စားပွဲရှေ့ ရှိ ခုံ တွင် ဝင်ထိုင် နေပြီး
ယောက်ဖလေး ဟု ခေါ်ဆို သူကြီး ကတော့ အသံ သာ ကျန်ခဲ့ပြီး လူကတော့ဖြင့်
မီးဖိုချောင်ထဲ မမကြီးဘေးရောက်နေပြီ ဖြစ်သည်။

"အဆင်ပြေရဲ့လား "

ဒီနေ့ ရောင်နီဦး ၏ မျှော်လင့်နေသော
ဝိုင်အမ်ဘီအေ ကဲ့သို့သော အလားတူ
အမျိုးသားလှုပ်ရှားရေး အဖွဲ့ မော်ကျွန်း
မြို့ပေါ်တွင်ပေါ်ပေါက်လာရေးအတွက်
အထောက်အကူ ပေးမည့်သူများထံမှ
ကြေးနန်း ပြန်လာမည့်နေ့ဖြစ်သည် မို့ သက်ဝေ
မေးလိုက်ခြင်းဖြစ်သည်။

"ပြေတာ မှ တစ်အားဘဲ
ကိုကို ဖြင့် ဒီလောက်တောင်
အဆင်ချောလိမ့်မယ် မမှန်းထားဖူး"

"ဦးအုန်းတို့ ကိုနိုင် တို့က လာမယ်တဲ့လား မော်ကျွန်း ကို"

မြန်မာ့အလင်းအယ်ဒီတာ အဖြစ် မှ အနားယူ သွားပြီ ဖြစ်သော ဦးအုန်း သည်ကား
အမျိုးသားရေး ဇ က မခေသဖြင့်
ဝိုင်အမ်ဘီအေ နှင့် ပေါင်း ကာ နယ်လှည့်
ဟောပြောပွဲ များ လိုက်နေသူ ဖြစ်သည်။
ကိုနိုင် ကတော့ ရောင်နီဦး တို့ ကိုစိုင်းဟန် တို့
နှင့် အတူ ကောလိပ် တက်ခဲ့ပြီး ယခုတော့ အမျိုးသားရှေ့နေ လုပ်နေသူဖြစ်သည်။

"လာမယ်တဲ့"

ပြောရင်း ရေနွမ်းကြမ်း ခွက် ကို
မော့သောက်ရင်း ပြီးမှ တစ်ခုခု ကို
သတိရဟန်အလောတကြီးနှင့်

"ကိုကို မိုးကျော် တို့နဲ့ လည်း အဆက်အသွယ် ရတယ်"

"ဟင် မိုးကျော် လား"

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Kde žijí příběhy. Začni objevovat