အပိုင်း ၄

9.8K 1.6K 188
                                    

ကဗျာမပီ စာမမီ
အပိုင်း (၄)

မြို့အုပ်မင်းမှ ပြုံးပြုံးပျော်ပျော် ဖြင့် ရင်းနှီးစွာ နှုက်ဆက်နေသော်လည်း ရှေ့ဆုံး က သက်ဝေ မှာ ဖြင့် ကြောင် အအ

မမနှင်း ကတော့ မီးရောင် အောက် မှ လင်းလင်းလက်လက်တောက်ပနေသူ ကို ပါးစပ်အဟောင်းသားနှင့် ပေါ်တင်ငေးနေလေသည်။

နောက်ဆုံး သွက်သွက်လက်လက် ရှိသူ
မမကြီး က ပင်

"တွေ့ရတာ ဝမ်းသာပါတယ် မြို့အုပ်မင်း
ကျွန်မက"

"အိုး စကားဖြတ်ပြောလို့စိတ်မရှိပါနဲ့
ကျွန်တော့ သူငယ်ချင်း ရဲ့ ဇနီးလောင်း ?"

မြို့အုပ်မင်း ၏ စကားအဆုံး မမကြီး မှာ ပါးအို့လေးများ ပင်ရဲ သွားလေသယောင်ယောင်။

ဤ အချင်းအရာ ကို ကြည့် ကာ မြို့အုပ်မင်း က ရယ်မောလျက် ချီကျူးစကားဆို သည်။

"ဒါ့ကြောင့် စိုင်း က ဘိလပ်တုန်း က ဘယ်သူ့က်ိုမှ စိတ်မဝင်စားတာ သူ့မှာ ဒီလောက်လှ တဲ့ ဇနီးလောင်းရှိနေတာကိုး ဟဟ"

"ဒါ က ကျွန်မ တို့ဖေဖေ ဦးထွန်း"

မမကြီး စကား သံနှင့် အတူ အဖေ ကို
မြို့အုပ်မင်း ဆိုသူ က ခါးညွှတ်လျက်
နှုတ်ဆက်သည် မို့ သက်ဝေ အဖေ မှာ အယောင်အယောင် အမှား မှား နှင့် လက်အုပ် ပင်ချီမိလေသည် ။

"အိုး အဲ့လောက်ထိ မလိုပါဖူး"

"အဲ ဗျာ ကန်တော့ ကန်တော့"

သက်ဝေ အဖေမှာ သည်လူငယ်မြို့အုပ်မင်း ၏ အရှိန်အဝါ ကြောင့် အယောင်အယောင်အမှားမှား ပင်ဖြစ်လို့နေလေသည်။

"ဒါက ညီမငယ် နှင်းနှင်း"

"လေဒီ တွေ့ရတာ ဝမ်းသာပါတယ်"

မမနှင်း ရှေ့ မြို့အုပ်မင်း က လက်ထိုးပေးကာ နှုတ်ဆက်ရန်ကြ်ုးစား သော်ငြား မမနှင်း မှာ ပြန်စာမလာ ကြောင်သာ ကြည့်နေသောအခါ

မြို့အုပ်မင်းလည်း အူကြောင်ကြားနှင့် သက်ဝေ ဘက်လှည့်ကြည့် ကာ
သူများ ဘာမှား လုပ်မိသလဲ ဟူသော သဘောနှင့် မျက်ခုံး ပင့်ပြလေရာ ။

နောက်ဆုံး မနေနိုင်သူ သက်ဝေ ကပင်

ဘေးရှိ မမနှင်း အား ပခုံး ကို တစ်ချက် ပုတ်၍

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Where stories live. Discover now