ကဗျာမပီ စာမမီ
အပိုင်း (၆)မနက် ၄ နာရီလောက်တွင် မော်ကျွန်းမှ ထွက် လာသော သင်္ဘော ကြီးသည် မြို့ရန်ကုန်သို့ ဆိုက်ရောက် လေသည်။
သက်ဝေ အဖို့ တစ်ယောက်တည်း ရန်ကုန် သွား လာ ရခြင်း မှာ ဒါသည် ဒုတိယ အကြိမ်မြောက် ဖြစ်သည်။
သင်္ဘော ဆိုက် သည်နှင့် မြို့အုပ်မင်း ဆိုသူ ကို မကောင်းတက်၍ နှုတ်ဆက် ကာ ကမ်းပေါ်တက် ပြီး ရထားလုံးငှါး ကာ တည်းအိမ်သို့ သွား ရန်ပြင်ရသည်။
သို့သော် အနှောင့်အယှက်က ပါတုန်း။
"ချာတိတ်"
သက်ဝေ သက်ပြင်း တစ်ချက် ပြင်းပြင်း ရှူထုတ်လိုက်ကာ သည် မြို့အုပ်မင်း ဖက် လှည့် လိုက်သည်။
"ဟုတ်ကဲ့ပါ ဗျ"
ထိုသူ က သူ့ သားရေ အိတ်ကြီး ကို မနိုင့်တနိုင်ဆွဲရင်း ဆိပ်ခံဘောတံတား မှ တအိအိ ဖြင့် တက်လာတာတောင် သူ့နာမည် ကို နှုတ်မှ မချ။ ကောင်းလေစွ ။
"ကို့ ကို ကူသယ်ပေး ချင်ဖူးလား ဟင်?"
အော် အံ့ဩဖို့ကောင်းလေစွ။
သက်ဝေ လည်း စိတ်ကူးပေါက်ပေါက်ဖြင့်
"ဟင့်အင်း"
"ဟမ်"
သက်ဝေ ထံမှ အငြင်းစကားကြားတော့ သည် လူ အံ့ဩ သွားပုံပင်
မတတ်နိုင် တော်ရုံ နားရှုပ် မျက်စိရှုပ် လျှင် မပြော အခု ဟာ က သက်ဝေ အတွက်
နားညည်း မျက်စိကိုက် အခြေအနေ ရောက်နေလေပြီ။"မြို့အုပ် မင်း ပေးပါ ဗျာ ကျွန်တော် တို့သယ်ပေးပါ့မယ်"
အိမ်တော်ထိန်း နှင့် အတူ ပြေးထွက် လာပါသော ကောင်လေးတစ်ယောက်
ပြောရင်း သူ့ လက်ထဲ က အိတ်ကို ဆွဲယူ လေသည်။"သခင် ည က ကောင်းကောင်း အိပ်ပျော်ပါရဲ့ လား ကျွန်တော် က စိတ်ပူနေတာ တစ်ခါ မှ ဒုတ်ိယ တန်း က မစီးဖူး ဘဲ စီး တော့လေ အဆင်ပြေပါ့မလား လို့"
"ပြေပါတယ်"
"ကျွန်တော်တို့ကတော့ မြို့အုပ်မင်း ကျေးဇူးနဲ့ကောင်းကောင်း အိပ်ပျော်သဗျား ပထမတန်း က စီး ရတာ ငြိမ့်လို့ဗျား"
YOU ARE READING
ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed
FantasyTime based 1910s Burma ကို့ ကို ရူးတယ် လို့ပြောလည်း ကို ခံရမှာ ဘဲ သက်ဝေ မင်း မျက်တောင်ဖျားမှာ ငြိနေတဲ့ ကို့ အလွမ်းထုထည် ကိုမှ မင်းမမြင်တာ အိမ်မက်ထဲမှာ မငိးကို ပွေ့ဖက်ရင်း ကျေနပ်နေတဲ့ ကိုယ့်ဝိညာဉ် ကိုမှ မင်းမမြင်တာ မြန်မာ ပြည် ကို ပြန်ဖို့ အိမ်နဲ့...