အပိုင်း ၁၆

8.5K 1.3K 135
                                    

ကဗျာမပီစာမမီ
အပိုင်း (၁၆)

သက်ဝေ ဆေးရုံ မှ ဆင်း လာပြီးနောက် အရာအားလုံး က တစ်မျိုးတစ်ဖုံ ပင်
ပြောင်းပြန်လှန်လို့နေသည်။ ဥပမာဆိုရလျှင် မမကြီး

မမကြီး က သူနှင့် မြို့အုပ်မင်း ကို နှစ်ယောက်တည်း ဘယ်တော့မှ လွှတ်ထားပေးလေ့မရှိတော့ဘဲ ပြောင်သော်လည်းကောင်း မသိမသာသော်လည်းကောင်း ထိုင်ကြည့်နေတက်သည်။ အယုတ်စွ ဆုံး သူတို့ နောက်တစ်ပတ်ထဲဖွင့်မည့် စာကြည့်တိုက် ဖွင့်ပွဲ အကြောင်း တိုင်ပင်လျှင်ပင် ကော်ဖီ လာချသလိုလို ဘာလိုလို နှင့် အလွတ်မပေး ။

ယခု လည်း တစ်အောင့်နေ ရပ်ကျေး အစည်းအဝေး သွားမည် ဆိုသည် ကို ပင် သူ
ပါလိုက်မည်ဟု ဆို လာလေသည်။

"ဟာ မမကြီး က လည်း"

"ဘာ လည်း ဘာမှ မလဲ နဲ့ ငါလည်း ဒီမြို့သူဘဲ
ဒီအစည်းအဝေး က ငါနဲ့မဆိုင်ဖူး လားပြော?"

မှတ်တောင်ထားရဦးမည်
ယခင် က ရပ်ကျေး အစည်းအဝေး
မဆိုထားနှင့် အလှူ အိမ်ဝိုင်းလုပ်သည့် အပျိုခေါင်း အဖွဲ့ ထဲ ၌ ပင် ပါခဲ့ ဖူးသူ မဟုတ်သူ က
ယခုတော့ သက်ဝေ နဲ့ အတူ ရပ်ကျေး အစည်းအဝေး လိုက်မည် တဲ့ ။

"ဟုတ်မှလည်း လုပ်ပါမမကြီးရာ"

"ဟုတ်လို့ လုပ်တာပေါ့အေ ကဲ မောင်မောင် ရှေ့က သွား"

ထမီကို ပြင်ဝတ်ကာ ပုံတော်ဖိနပ် ကို စွန့် ၍
ပဒုမ္မာ ဖိနပ် အပါး နှင့် မမကြီး က သက်ဝေ နောက်က်ို ရေဆုံးမြေဆုံး လိုက်မည့်ဟန်မို့ သက်ဝေ ထိန်းမထားနိုင်တော့ဘဲ အော်ရယ်မိတော့ မျက်စောင်း တစ်ခု က ပျံ့လွင့် လို့ လာသည်။

"မောင်မောင်နော်"

"မမကြီး ရဲ့ ပုံစံ က မသိ ရင် ကိုယ့် ညီမလေး က ပိုးပန်းတဲ့သူရှေ့ စကားသွားခေါ်မှာ သိ လို့
လိုက်လာတဲ့ပုံနဲ့"

သက်ဝေ စကား အဆုံး
မမကြီး က ခါးထောက် ကာ သက်ဝေ
အနောက်က်ု မေးငေါ့ပြ လိုက်ပြီး

"အေးဟေ့ စကား မခေါ်တောင် ပိုးပန်းသူကြီး က ငါ့မောင်နောက် အရိပ်လို လိုက်နေလို့ဟေ့"

မမကြီး စကားအဆုံး သက်ဝေ လှည့်ကြည့် လိုက်မိပါတော့ ခပ်လှမ်းလှမ်းတွင် အပါးတော်မြဲ ထီးမိုးသူတို့နှင့် အတူ ဘို စတိုင် အပြည့်နှင့် လမ်းလျှောက် လာသူ ကို မြင်လိုက်ရသည်မို့။

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Where stories live. Discover now