အပိုင်း ၂၀

8.2K 1.1K 58
                                    

ကဗျာမပီစာမမီ
အပိုင်း (၂၀)

သက်ဝေ အချိန်အတိုင်း အတာ တစ်ခု ထိ သက်ဆိုင်ရာ သူ၏ ရင်ခွင်ထဲ ငိုကြွေးပြီးနောက် မိမိအသိစိတ်ကို ပြန်ကပ်ထားလိုက်သည်။ ယခု ဤ အိမ်တွင် တစ်ဦးတည်းသော ကျန်ခဲ့မည့် ယောက်ကျား သား သည် သက်ဝေ ဖြစ်သည်။ မမကြီး မည် မျှ ပင် သန်မာ ပြတ်သား သည် ဟုဆိုဆို သက်ဝေ က သာ ယောက်ကျား လေး ဖြစ်သည်။ ထို့ကြောင့်
မိမိ က ပို သန်မာ ရမည် ဖြစ်၍ ဖခင်ကြီး အသုဘ ကိစ္စ အတွက် သက်ဆိုင်ရာ လူတို့နှင့် တိုင်ပင် ရတော့သည်။
သူကတော့ အလိုက်သိစွာနှင့် ပင် ဘေးမှာ ရှိနေပေးခဲ့ပါသည်။

"ထမင်း ပြန်စားတော့ လေ မြို့အုပ်မင်း
ညစာစားချိန်ကျော်လှပြီ မလား?"

သူ့ စကား ကို ခေါင်းတစ်ချက်မျှသာ ခါပြီး
ငြင်း ကာ အိမ်ရှေ့ရှိ ကာလ သား အုပ်စု ထဲ ရောယောင် ကာ ဝင် ထိုင်နေတော့သည်။

မည်မျှ ပင် သူ က အရောတဝင်နေချင်သည်ဟု ဆိုဆို ကျန်သူများမှာ သူ့နောက်မှ မြို့အုပ်မင်း ဟူသော ဂုဏ် ဒြပ်ကြောင့် ရှိုးတိုးရှန့်တန့်နှင့် အနေရ ခက် နေသည် ကို သက်ဝေ မြင်ရသော အခါ မနေနိုင်တော့ဘဲ အသာလေး လက်ကုပ် ၍ ခေါ်ထုတ် လာရတော့သည်။

ခြံ ထဲ လူရှင်းသည့်နေရာရောက်ခါမှ သည်လူ ကို သက်ဝေ ဆုံးမ စကားဆိုရတော့သည်။

"ပြန်တော့လေ တစ်မနက်လုံး လည်း စာကြည့်တိုက် ကိစ္စ နဲ့ အလုပ်ရှုပ်ထားသည် မလား"

တည့်တိုးပြောကာ နှင်တော့ သည် လူ က သက်ဝေ ကို မျက်နှာငယ်လေးနှင့် ကြည့်ကာ

"ကိုကျော် တို့ အဖွဲ့ က ညစောင့် အိပ်ကြမှာ ဆို
စိုင်းဟန်လည်း အိပ်မယ် တဲ့ ကိုကျ ဘာလို့မရတာလဲ ? သွေးနှော ဖြစ်နေလို့လား"

သည် လူ ၏ အကြီးမားဆုံး ခံစားချက်ကြီး က တစ်ခါတစ်ခါ ထထဖောက် လျှင် သက်ဝေ မှာ
မနည်း ပြန်ရှင်း ယူရသည်။
ယခု လည်းရှင်းရပေဦးမည် မို့...

"မဟုတ်ပါဖူး ခင်ဗျား က ဂုဏ်ဒြပ်ရှိတဲ့ လူလေ ခဏတစ်ဖြုတ်လာတော့ လက်ခံနိုင်ပေါ့
လာကူညီလည်း ရတယ်
ဒါပေမယ့် ရောင်နီဦးရယ် သ်ိတယ် မလား အများအမြင်မှာ ခင်ဗျား က မြို့အုပ်မင်းလေ"

ကဗျာမပီ စာမမီ (ကဗ်ာမပီ စာမမီ)completed Tempat cerita menjadi hidup. Temukan sekarang