အခန်း(၂)

1.9K 63 2
                                    

နွယ်နဲ့ကျွန်တော်ချစ်သူဖြစ်ပြီးနောက် ကျွန်တော်တို့နှစ်ယောက်လုံးကိုးတန်းဆယ်တန်းများကို ပြန်ပြီးဂိုက်လုပ်ပေးကြသည်။
နွယ်က ပုံမှန်လိုပင်တီရှပ်နှင့်ဘောင်းဘီအပွများကိုသာဝတ်ဆင်ပြီး ဂိုက်ဆရာမလုပ်သည်မှာအမြင်မတင့်တယ်သောကြောင့်
"နွယ် ... ကလေးတွေကိုစာလာပြတာမို့ ဘောင်းဘီနဲ့သင်လို့မသင့်လျော်ဘူးလေ"
"နွယ်လဲ သတိထားမိတယ်‌၊အာ့ကြောင့်နွယ်ဖေဖေ့ကိုပြောပြီးအပ်ချုပ်ဆိုင်မှာအပ်ထားတယ်။"
"ဒါဆိုဘယ်တော့ရမယ်တဲ့လဲ"
"နွယ်လဲမသိဘူး။ ဖေဖေ့အမ ကြီးကြီးကတော့အပ်ချုပ်ဆိုင်ကထဘီတွေမရခင်သူဒီရက်ပိုင်းဝတ်လို့ရအောင်တစ်ထည်နှစ်ထည်ချုပ်ပေးမယ်လို့တော့ပြောတယ်"
"ဒါဆိုလဲမြန်မြန်ရအောင်ပြောနွယ်၊
ဘောင်းဘီနဲ့ကအဆင်မပြေဘူး"
"ဟုတ်...ကို"
ဟုပြောကာခေါင်းလေးငြိမ့်လက်လေးပိုက်ကာမျက်လုံးလေးတွေမှိတ်ပြီးပြောလိုက်သောအခါအရမ်းကိုမှချစ်ဖိုါကောင်းလွန်းလို့ကျွန်တော့်မှာအသည်းတယားယား၊နွယ့်ကိုကျွန်တော့်ဘက်ပိုတိုးလို့ပခုံးကနေဆွဲကာနွယ့်နဖူးလေးကိုနမ်းလိုက်သည်။
"ဟာ ကို "
ဟုနှုတ်ခမ်းဆူကာပြောရင်းမျက်စောင်းပါအစစ်ရလိုက်သည်။
"ဘာဖြစ်လဲကို့‌ချစ်သူကိုယ်နမ်းတာ ဟမ်"
အသည်းယားလွန်းလို့နွယ့်နှာခေါင်းလေးကိုအသာဖျစ်ညစ်မိတောါ
"ကဲ ကိုတေဇာမောင် ဒီနေရာတင်ရပ်နော်မဟုတ်ရင်"
"မဟုတ်ရင်ဘာဖြစ်လဲ"
ကျွန်တော်လဲလက်ပြန်ပိုက်ရင်းနွယ့်နားတိုးကာမခံချင်အောင်စလိုက်သည်။
"ရွှတ်"
ကျွန်တော့်ပါးကိုခြေဖျားထောက်ပြီးလူအလစ်ပြန်နမ်းပြီးထွက်ပြေးသွားတဲ့နွယ့်ကို‌ကြောင်ငေးနေရာမှပြုံးကာနွယ့်အနောက်ကိုပြေးလိုက်မိသည်။
ဒီည‌ဆယ်တန်းနဲ့ကိုးတန်းနှစ်တန်းပေါင်းလဝက်စာမေးပွဲဖြေဖို့ရှိသည်မို့ကျွန်တော်ကောနွယ်ကောနှစ်ယောက်လုံးကျူရှင်လာဖို့ရှိသည်။သို့သော်နွယ်တစ်ယောက်အခုထိရောက်မလာသေး။
"ဟေ့ရောင်တွေ...အပြင်ထွက်ကြည့်ကြအုံး"
"ဘာလို့လဲဟ"
"ငါတော့အိုင်ဒေါမမရပြီသားကြီးတို့ရေ"
ဟုဆိုကာတစ်ယောက်တစ်ပေါက်နှင့်ကျူရှင်ဆောင်အပြင်မှကျောင်းသားတွေရဲ့အသံကြောင့် ကျောင်းသူတွေရောကျွန်တော်ပါထွက်ကြည့်မိသည်။‌
နေဝင်ခါနီးဆည်းဆာချိန်တွင်စက်ဘီးအပြာရောင်ကိုစီးနင်လာသောမိန်းခလေးတစ်ယောက်ပင်ဖြစ်သည်။
မြန်မာရင်ဖုံးရိုးရိုးချည်ထည်အဝါနုလေးကို
‌ချင်းအဆင်ထဘီအနက်ရောင်လေးဝတ်ကာသနပ်ခါးပါးကွက်ကြားရေကျဲလေးကိုလိမ်းလာသောသူမ။ပခုံးကျော်ဆံပင်များကိုစုစည်းထားသောလဲမညီညာသောကြောင့်တချို့ဆံနွယ်တွေကသူမမျက်နှာပေါာတွင်ကျနေလျက်ရှိသည်။ကတီပါးဖိနပ်ပါးလေးကိုစီးထားသောသူမကစက်ဘီးကိုကျွန်တော့်အရှေ့တွင်ရပ်ကာ
"နောက်ကျနေလို့sry"
နွယ့်အပြောကို ကိုတစ်ယောက်မကြားလေသလား။ကျောင်းသားတွေကလဲဒီနေ့မှ သူမကိုကွက်ကြည့်ကွက်ကြည့်နဲ့မို့စိတ်ကမလုံချင်တာကြောင့်
"ကို ..နွယ်တစ်ခုခုအဆင်‌မပြေလို့လား"
ဟုကို့လက်ကိုအသာဖျစ်၍မေး‌မိတော့
"နွယ်နောက်‌တခါအဝါရောင်မဝတ်နဲ့နွယ်နဲ့မလိုက်ဘူး"
ဟုဘုဆတ်ဆတ်ပြောကာကျူရှင်အဆောင်ထဲဝင်သွားသောကို့‌ကိုရော၊အိမ်က ဖေဖေနဲ့ကိုကိုတို့ကိုကောနွယ်နားမလည်ချေ။
နွယ့်ကိုဒီအရောင်နဲ့မလိုက်ဘူးဟုသာပြောကြသည်။
"ညီမလေးတို့ ၊ မမဒီအရောင်နဲ့တကယ်မလိုက်တာလား"
"ဘယ်ကသာမမကလဲ၊ မမအသားဝါဝါလေးနဲ့ဒီအရောင်နဲ့ကအရမ်းကိုလိုက်ဖက်လွန်းနေလို့ဆရာတေဇာကသဝန်တွေတိုနေတာ"
"ဟုတ်လား"
နွယ့်မှာကြိတ်ပြီးပျော်ရသေးတယ်။
ထို့နောက်ပိုင်း‌နွယ်တီရှပ်နှင့်ထဘီပြောင်များကိုသာဝတ်ဆင်တော့သည်။နွယ့်ရဲ့ချစ်သူကသဝန်တိုတတ်တယ်လေ။

Candy CrushWhere stories live. Discover now