အခန်း(၉)

711 27 0
                                    

အချစ်ကဆန်းကြယ်တယ် ။ ပြီးတော့ နာကျင်ရတယ်။ ဖွင့်ပြောခွင့်မရတဲ့အချစ်က ပိုလို့ခံစားရခက်တယ်။ ပထမဆုံးအနေနဲ့ယောကျာ်းလေးဖြစ်ရတာကို မုန်းမိတယ်။
မောင်က ကျွန်တော်မပိုင်ဆိုင်ရတဲ့တစ်ဦးဆိုင်နာမ်လေး။ပြီးတော့ ကျွန်တော့်ရဲ့စိတ်ခံစားချက်လေး။

မောင်ပြုံးရင် ကျွန်တော်ပျော်ရသလို ၊ မောင်နာကျင်ရင် ကျွန်တော်စိတ်ထိခိုက်တယ်။ အခုလဲကြည့် ကျွန်တော်ကတော့ သူနဲ့နှစ်ယောက်တွဲပုံရလို့ ပျော်နေတဲ့အချိန် သူက ကျွန်တော့်ကြောင့်စိတ်တွေညစ်၊ စိတ်တွေတိုနေရတယ်။

ကျွန်တော့်ရဲ့မကောင်းတဲ့စိတ်အခြမ်းဘက်ကတော့ မောင်ကျွန်တော့်ကြောင့်သူ့စိတ်ညစ်ရတယ်ဆိုတည်းက သူ့စိတ်ထဲကျွန်တော်ရှိနေလို့ပေါ့။ ဒါပေမယ့် မောင့်မျက်နှာသုန်မှုန်နေတာကိုတော့ မမြင်ချင်ပါ။

"ရော့ ဒီမှာသကြားလုံး"

ကျွန်တော်မောင့်ကို အသည်းပုံသကြားလုံးပေးတော့ မောင်က ဘာတွေလာရှုပ်ပြန်တာလဲဆိုတဲ့အကြည့်နဲ့ပြန်ကြည့်တယ်။ မောင့်ရဲ့ဘယ်လိုအကြည့်တွေကိုမှ ကျွန်တော်ရင်မဆိုင်ရဲပါချေ။ မောင့်ကိုမျက်နှာလွှဲကာ

" အချိုစားရင် stressလျော့တယ်တဲ့၊ ငါ့ကြောင့်မင်းစိတ်မကြည်ဖြစ်နေတာဆိုတော့
ငါသကြားလုံးကျွေးတာ"

ဟုဆို‌လိုက်တော့ ကျွန်တော့်ဘက်ကိုသေချာကြည့်ကာ

"ငါကြားဖူးတာ ချောကလက်ပါ"

"ချောကလက်မရှိဘူး၊ သကြားလုံးဘဲရှိတယ်မင်းစားမလားမစားဘူးလား"

"ပေး၊ဘယ်လိုဘဲဖြစ်ဖြစ်စိတ်ကြည်တာဘဲ‌"

ဟုဆိုတာကာကျွန်တော်ပေးတဲ့ သကြားလုံးကိုဖောက်ကာပါးစပ်ထဲငုံကာပြန်မှောက်နေတဲ့ မောင်ရယ်ပါ။ကျွန်တော်လဲ မောင်ကြည်ကြည်ဖြူဖြူနဲ့ ပေးတဲ့သကြားလုံးကိုယူစားလို့ ကျေနပ်နေမိတယ်။

တေဇာမောင်အနေနဲ့ကတော့ နွယ့်ကိုချက်ချင်းပြေးလွမ်းတော့တာဘဲ....။

~Flash back~
နွယ်ပထမဆုံး မြန်မာဝတ်စုံဝတ်တဲ့နေ့ကဖြစ်သည်။ ကျူရှင်ကကျောင်းသားများက ပြုံးဖြီးကာ

Candy CrushWhere stories live. Discover now