အခန်း(၃)

1.4K 43 2
                                    

"ကိုဘယ်uniရလဲ
"ကို ပညာရေးတက္ကသိုလ်ရတယ်"
"ကိုနဲ့အံကိုက်ဘဲပေါ့၊ နွယ်က‌စာသင်ရတာဝါတနာပါပေမယ့် အမှတ်မမီဘူးtutorဘဲလုပ်ရတော့မယ်"
"နွယ်တို့ ကဘယ်တော့စာရင်းထွက်မှာလဲ"
"နောက်အပတ်ထဲလို့တော့ကြားတယ်"
နွယ်နဲ့ကျွန်တော် အရင်အပတ်က စစ်ထားသောအဂ်လိပ်စာနဲ့ဓာတုမေးခွန်းသောင်းအဖြေလွှာများစစ်နေရင်း နောက်လထဲတက်ရတော့မယ်တက္ကသိုလ်အကြောင်းကိုပြောနေမိသည်။
"ကို..."
"ဟင်"
"Uniရောက်ရင် stateတုန်းကလိုမနေနဲ့နော်"
နွယ့်စကားကြောင့် ကျွန်တော့်မှာကြောင်အသွားရသည်။
"Uniရောက်ရင်သူငယ်ချင်းများများထား ယောကျာ်းလေးဖြစ်ဖြစ်မိန်းခလေးဖြစ်ဖြစ်အပေါင်းအသင်းများများရှိမှပျော်စရာကောင်းတာကိုရ"
နွယ့်အပြောကြောင့်ကျွန်တော်ငိုင်သွားမိသည်။ဒါကိုရိပ်မိသောနွယ်က
"ကို...ဘာမှမစိုးရိမ်နဲ့၊ကိုလူတွေအများကြီးနဲ့နေရတာမျိုးမကြိုက်ဘူးဆိုတာသိတယ်၊ဒါပေမယ့်အများဆုံး၃ယောက်လောက်တော့ကိုယ်သူငယ်ချင်းဖြစ်အောင်လုပ်နော့်"
ဟုကျွန်တော့်လက်ကိုကိုင်ကာအားပေးစကားပြောနေသောနွယ်ရယ်ပါ။
"ကိုအရင်နှီးဆံုးမိန်းခလေးကမေမေပြီးရင်နွယ်ဖြစ်သလို၊ကို့ဘဝရဲ့အခင်ရဆုံးသူငယ်ချင်းကလဲနွယ်ဘဲ၊တခြားကိုသိတာတွေကနွယ်နဲ့ပတ်သတ်လို့၊ ကို့မှာနွယ်ကလွဲတခြားလူမရှိဘူး"
"နွယ်သိတာပေါ့၊ နွယ်သိလို့ကို့ကိုစိတ်ပူလို့နွယ်မှာနေရတာ၊ထားပါ ဒါတွေကနောက်မှကိုမထားချင်ရင်မထားနဲ့၊ကို့ရဲ့ကျောင်းကိုနွယ်လာလည်မှာပေါ့ဟုတ်ပြီလား"
တကယ်တမ်းကျထင်သလောက်မလွယ်မှန်းနွယ်ကော‌ကျွန်တော်ကောအာ့တုန်းကမသိခဲ့ပါ။
နွယ်က ကုန်ထုတ်ဓာတုဗေဒမေဂျာနဲ့ရန်ကုန်တက္ကသိုလ်ကိုတက်ခွင့်ရသည်။
ကျွန်တော့်ရဲ့ကျောင်းကသက်မွေးနဲ့ဆိုင်တာမို့ပထမနှစ်သည်activityအရမ်းများသည်။
နွယ်တို့ကျ ကျောင်းဖွင့်ရက်ပထမနှစ်ပတ်လောက်ကသာယာနေသည်မို့ကျောင်းသို့ခဏခဏလာလည်သော်လည်းကျွန်တော်ကမအားပေ။ညဘက်တွင်တော့ဖုန်းပြောကြသည်။သို့သော်ကျွန်တော်ကstudyဆင်းရသေးတာမို့ ၉နာရီထိုးမှအားသည်။နွယ်ကောကျွန်တော်ကောကျောင်းဆောင်တွင်သာနေဖြစ်ကြပေမယ့်မနက်စာစားဖို့ကလဲအချိန်မကိုက်ပေ။နေ့လည်စာစားဖို့တော့တပတ်ကိုသုံးရက်လောက်အတူတူစားဖြစ်ကြသော်လည်း ကျန်တဲ့ရက်များတွင် နွယ်praticalရှိရင်ရှိမရှိရင်ကျွန်တော်tuto‌ဖြေဖို့ရှိနေတာမို့မတွေ့ဖြစ်ကြပေ။ဒီလိုနဲ့တက္ကသိုလ်ရဲ့ဒုတိယလသို့ရောက်လာမှနည်းနည်းအခြေကျလာသည်။
နွယ်တစ်ယောက် ကိုနှင့်ဖုန်းပြောရန်အချိန်စောင့်ရင်းFacebookကြည့်နေမိသည်။ထိုအချိန်friend requestတွင်လာaddထားသူတစ်ဦးအားတွေ့လိုက်ရသည်။
Zayer Ooဆိုသောaccနှင့်profileကိုဝင်ကြည့်တော့ ကိုတို့ကျောင်းကပင်။အတန်းလဲအတူတူဘဲမို့။နွယ်လက်ခံလိုက်သည်။
သိပ်မကြာခင်ကို့ဆီမှဖုန်းလာသောကြောင့်နွယ်လိုင်းပိတ်ကာဖုန်းပြောနေလိုက်သည်။တဖက်၏chat boxတွင် Hiဆိုသောစာလေးကိုတော့နွယ်မသိလိုက်ချေ။
"ဒီနေ့အရမ်းပင်ပန်းတာဘဲနွယ်ရာ"
"နွယ် ကိုတို့ကျောင်းရဲ့pgမှာ‌တွေ့လိုက်ပါတယ်၊ kingအရွေးခံရတဲ့ထဲပါတယ်မလား၊ဘယ်ဆိုးလို့လဲငါ့ကောင်လေးကအာ့ပုံထဲမှာအရမ်းသန့်တယ်။"
"မနောက်ပါနဲ့နွယ်ရာ၊ကို့မှာ အာ့ကင်မရာရှေ့မှာတောင့်တောင့်ကြီးတစ်နာရီလောက်ရပ်နေခဲ့ရတာကွစိတ်ကျဉ်းကျပ်လိုက်တာလွန်းပါရောကွာ"
"ဘယ်လိုဘဲဖြစ်ဖြစ်ကိုအခုလူသိများသွားတာဘဲလေ"
"ထားပါ ကို့ကိုအမောပြေအာဘွားပေးအုံး"
"ကြည့်စကားအကောင်းပြောရင်ထထဖောက်တယ်"
"သိဘူး ပေး"
"နွယ့်ကောင်လေးပင်ပန်းနေလို့နွယ်ကဆု‌ချတာပါရှင် အာဘွား၊ ရပြီလား"
"ရပြီ ၊လိမ်မာလိုက်တာကို့ချစ်သူလေးက"
"ဒါနဲ့ကိုတို့မေဂျာပြန်ခွဲသေးတယ်မလား"
"ဟုတ်တယ်၊ ကိုတော့bioတွဲဘဲယူလိုက်တယ်"
"အင်းအဆင်ပြေတာဘဲ၊ဒါနဲ့ကို ကို့သိမလားတော့မသိဘူး၊ဇေယျာဦးတဲ့ ကိုတို့ကျောင်းကဘဲကိုနဲ့နှစ်အတူတူဘဲ ၊နွယ့်ကိုလာaddထားတယ်"
"ဘယ်သူလဲကိုတော့မသိဘူး"
"နွယ်နော်ကျောင်းမှာလဲယောကျာ်းလေးသူငယ်ချင်းဘယ်နှစ်ယောက်ရနေပြီလဲပြော"
"နွယ်မိန်းခလေးတွေနဲ့ဘဲပေါင်းတာပါ ၊ယောကျာ်းလေးတွေနဲ့ဒီတိုင်းသိတာလေး၊ငါးယောက်လောက်ပါဘဲ"
"နွယ်ကွာ"
ဖုန်းနဲ့စကားပြောနေတာဖြစ်သော်လည်းကိုတစ်ယောက်ဘယ်လောက်တောင်စိတ်ဆိုးပြီးနှုတ်ခမ်းထော်နေမလဲဆိုတာနွယ်ရိပ်မိပါသည်။
"နွယ်ကဒီတိုင်းစတာပါကိုကလဲ၊ ဟားဟား"
"မစနဲ့ ကိုက သဝန်တိုတတ်ပါတယ်ဆိုကွာ"
"ဟုတ်ပြီမစတော့ဘူး"
"ဒါဘဲနွယ်မနက်ကျရင်PTချိန်ရှိတယ်၊ကိုအစောကြီးထရမှာနှိုးပေးအုံးနော်၊ချစ်တယ်နွယ်"
"ဟုတ်ကဲ့ ၊နွယ်လဲချစ်တယ်goodnight"
ဒီလိုနှင့်တစ်ရက်တာကုန်ဆုံးခဲ့ရတာပါဘဲ။

Note;အခုမှစရေးတာဖြစ်လို့လိုအပ်တာတွေရှိရင်ပြောပေးပါဒါဒါတို့။ တစ်ဆင့်ချင်းစီနဲ့ဆန်းသစ်တဲ့ပုံစံမျိုးသွားချင်တာမို့ဒါဒါတို့အနေနဲ့ဇေယျာဦးကိုစိတ်ရှည်ရှည်နဲ့စောင်‌ေ့ပးဖို့တောင်းဆိုပါတယ်။ဒါနဲ့voteပေးပါအုံးlove u



Candy CrushWhere stories live. Discover now