အခန်း(၂၁)

685 23 2
                                    

တေဇာမောင်ရဲ့ပုခုံးနှစ်ဖက်ကို ချက်ချင်းဆုပ်ကိုင်မိသည်။ တဖြည်းဖြည်းလှုပ်ခတ်လာသော ပုခုံးစွန်းနှစ်ဖက်ကို ဇေယျာတစ်ယောက်ရင်ခွင်ထဲ ထွေးပွေ့မိတယ် ။ ပြန်လည်ဖက်တွယ်ခြင်းမရှိမိပေမယ့် သု့ရင်ခွင်ထဲ ဝယ် ရှိုက်သံတစ်ချို့ ထွက်လာသည်။ တုန်ရင်အားငယ်နေတဲ့ ကျောပြင်ကို ခပ်ဖွဖွ‌ပုတ်ပေးရင်းနှင့်ပင် တီးတိုးဆိုမိသည်။

"မင်းအနားကနေ ထွက်မသွားပါဘူး"

ထိုအချိန်ခဏလေးတွင်ပင် သိလိုက်ရတာက တေဇာမောင့်ရဲ့ဘဝတွင် ဇေယျာဦးနှင့်နေနွယ် နှစ်ယောက်လုံးရှိနေဖို့လိုအပ်သည် ဆိုတာကိုပင်ဖြစ်သည်။

"အာ့တာဆို ချီးမို့ ၊ ငါ့ကိုရှောင်နေတာလား"

ဟုပြောလဲပြော ဝမ်းဗိုက်ကို လက်သီးနှင့်ထိုးလာသည်။

"အာ့ လဒကောင် ၊ နာတယ် ဟ"

"နာ နာပေါ့၊ အာ့တာအပြစ်ပေးတာ"

"ခုနက ယောကျာ်းကြီးဖြစ်ပြီးငိုနေတာဘယ်သူလဲမသိဘူး"

ဇေယျာဦးတစ်ယောက် တေဇာမောင့်ကို စကားနှင့်အနိုင်ပြန်ပိုင်းလိုက်သည်။

"မင်းအပူပါလား ဟျောင့်"

ပြောလဲပြောထပ်ထိုးဖို့ပြီးနေသည်မို့

"မင့်ကြီးတော် မင်းတွန်းလိုက်လို့ ငါ့ခါးလဲနာသွားတယ်။ကလေးမဟုတ်ဘာမဟုတ်နဲ့ သူငယ်ချင်းက တနေ့လောက်စကားမပြောလို့ငို၊မင်းနှာရည်တွေလဲ ငါ့အကျီမှာပေကုန်ပြီ။ ခုနကလဲ ဗိုက်ကို ရှက်ရမ်းရမ်းပြီးလာထိုးသေးတယ်"

သူငယ်ချင်းဆိုတဲ့နာမ်စားကို ရင်နာနာနှင့်ဘဲ သုံးရသည်။

" Sorry ပါကွာ ၊လာလာ ငါ မင်းခါးကို ဆေးလိမ်းပေးမယ်"

"ရတယ် ၊ ငါ့ဘာသာလိမ်းမယ်"

"ငါထပ်ထုရင် သေအုံးမယ်၊ မင်းခါးကို ဘယ်လိုဆေးလိမ်းမှာလဲ ၊စကားကြောကိုရှည်တယ် "

တေဇာမောင်က ရိုးရိုးသားသား ဆေးလိမ်းပေးတာဆိုပေမယ့် မရိုးသားတဲ့ကိုယ်က သူဆေးလိမ်းပေးတာကို ဘယ်လိုသမာဓိအားနဲ့ခံရမှာလဲ။

"လာကုတင်ပေါာ မှောက်လိုက် "

"အမ် ဘာပြောတာ"

"ဆေးလိမ်းဖို့လေ ကုတင်ပေါာတက်ပြီးမှောက်လိုက်လို့ပြောတာ၊ "

မိမိအကြောင်း မိမိသာသိသည်မို့ ဇေယျာတစ်ယောက် ပူလာသလိုပင်ဖြစ်နေသည်။
အရွယ်ရောက်လာတဲ့ယောကျာ်းလေးတစ်ယောက်အနေနဲ့ တစ်လ တခါတော့ စိတ်အာသီသ ဖြစ်ကြသည်မဟုတ်လား။ ထိုအခါတိုင်း ‌တေဇာမောင်ရဲ့ ရနံ့များခိုအောင်းရာ အကျီလေးကို ရှူရှိုက်ရင်းစိတ်ဖြေခဲ့သူမို့ ယခုလို အသားချင်းထိတွေမှုကို သူ့အနေနဲ့ မထိန်းသိမ်းနိုင်မှာ စိုးသည်။

ဒါအပြင် ခုနကတင် နီးနီးကပ်ကပ်အနေအထာပင်ရောက်ခဲ့သည်မဟုတ်လား။ ထိုသို့အတွေးများဝင်ရောက်လာသည်နှင့်တပြိုင်နက် စိတ်အစဉ်က ခုနကထက်ပင်ပို၍ပူလောင်လာရတော့သည်။ ထိုစဉ် ဇေယျာဦး၏ ခါးပေါာသို့  နူးညံ့ပူနွေးသော လက်ချောင်းများက ပွတ်သပ်ရွေ့လျားနေသောအခါ

"မင်းခါး တော်တော်ညိုမဲသွားတာဘဲ ဇေယျာ"

မတိုးမကျယ်အနေအထားနှင့် အသံ မာမာလေးတစ်ခုထွက်ပေါာ‌လာသောအခါ ဇေယျာဦးတစ်ယောက် အာခေါင်တွေ‌ခြောက်လာရတော့သည်။

"မင်းကအသားတော်တော်ဖြူတာဘဲ ဇေယျာရ"

ဆိုကာ ခါးနာကို လက်နှင့်တစ်ချက်ဖျစ်ညစ်လိုက်သောအခါ

"အာ့ "

"နာသွားလို့လား sorry"

ဟုဆိုကာ မူလဆးလိမ်းနေခြင်းကိုပို၍နူးညံ့လိုက်သည့်အခါ

"အား......."

"ဘာလို့လဲ ခုနကနာတယ်ထင်လို့ လက်ကိုပိုဖျော့ထားတယ်လေ"

အကျီကို ချက်ချင်းဆွဲချကာ စောင်ကို ကမန်းကတန်းယူခြုံရင်း

"ရပြီ တေဇာမောင်၊ ငါအိပ်တော့မယ် "

"အမ် အစောကြီးရှိသေးတယ်လေ"

"ဟုတ်တယ် ငါ ဒီနေ့နည်းနည်းပင်ပန်းလို့ စောစောအိပ်တော့မယ် ၊သွားရင်းနဲ့ မီးပိတ်လိုက်အုံး"

"အော်အေးအေး"

တေဇာမောင်ကတော့ ဇေယျာဦး မိမိကိုစိတ်ဆိုးနေခြင်းမဟုတ်တာကြောင့်စိတ်သက်သာရာရသွားလေသည်။

"ငါ့ကိုနောက်တစ်‌ခါ မခေါာဘဲမနေနံ့နော် ဟျောင့် စိတ်ဆိုးစရာရှိရင်လဲပြော ကြားလားဟျောင့်"

ဟုဆိုကာ သူ့ကိုကျောပေးနေသော ဇေယျာဦးကိုအနောက်ကနေ တစ်ချက်ဖက်လိုက်သည်။ ထိုါနောက် သူ့ကုတင်ဘက်သို့ သွားကာ နေနွယ့်ကိုဖုန်းခေါာရန်ပြင်လိုက်သည်။

"ငါ လေး လို့ မောင်"

ဟုခပ်တိုးတိုးဆဲကာ မိမိဒုက္ခကို ဖြေရှင်းရန် စိတ်လျှော့ခြင်းအမှုကို ပြုရတော့သည်။

#ဇေယျာဦးဘာဖြစ်တာလဲ အိုင်ရင်းမသိပါ...
အိုင်ရင်းက အင်နိုးစန့်ပါ

Candy CrushWhere stories live. Discover now