အခန်း(၁၇)

630 23 2
                                    

ကိုယ့်ဘက်ကဘဲ တစ်စုံတစ်ယောက်ကို ချစ်မိသည်ဖြစ်စေ ၊ တစ်စုံတစ်ယောက်ယောက်က ကိုယ့်ကိုချစ်သည်ဖြစ်စေ ပိုင်ဆိုင်လိုစိတ်က အနည်းအကျဉ်းမျှတော့ ရှိမည်မှာအမှန်ပင်ဖြစ်သည်။

အဝေးကကြည့်နေရုံနဲ့တင်ရောင့်ရဲနိုင်ပါသည်ဆိုသည်မှာ မုသားဟုမသုံးနှုန်းချင်ပေမယ့်လည်း ထိုအရာကမှန်ကန်သည်။

ကိုယ်ချစ်မြတ်နိုးရသူ၏ အစိတ်အပိုင်းသေးသေးလေးတွေကအစ အနားမှာရှိစေချင်သည်။ ထိတွေ့ချင်သည်။ အပိုင်ရချင်သည်။

ကြက်ကြော်စားပြီးသည့်နေ့နောက် ဇေယျာဦးသည်သူ၏အခန်းဖော်နှင့် အဆင်မပြေဟုဆိုကာ အဆောင်မှူးနှင့်ညှိ၍ တေဇာမောင်အခန်းသို့ပြောင်းလာခဲ့သည်။

အရင်ကထက်တေဇာမောင်ဟာ ဇေယျာဦးအပေါာပိုရင်းနှီးလာသကဲ့သို့ ပိုပြီးလဲအနိုင်ယူလာသည်။ ဇေယျာဦးကလဲ တေဇာမောင့်ကို အလိုလိုက်အရှုံးပေးသည်။

ဇေယျာဦးအခန်းပြောင်းပြီးနောက် တေဇာမောင့်ထံတွင်  တချို့အလုပ်များပေါ့သွားသည်။  တေဇာမောင် မနက်ခင်းအိပ်ယာထသည်နှင့် နှစ်ယောက်လုံး၏အိပ်ယာကို ဇေယျာက သိမ်းသည်။ မျက်နှာသစ်ဆင်းရန်အတွက်  သဘက် သာမက ရေလဲပုဆိုးပါအဆင်သင့်ထုတ်ထားပေးသည်။ ‌နောက်နေ့မနက်ကျောင်းတက်ဖို့ရန်အတွက် ညဘက်ထဲက အဖြူအစိမ်းမီးပူတိုက်ပေးသည်။

တဘက်တခါ အခန်းသန့်ရှင်းရေးကိုလဲ ဇေယျာဦးကသာ ပြုလုပ်သည်။ နေ့လည် ထမင်းစားချိန်သော်လည်းကောင်း၊ ညနေစာစားလျှင်သော်လည်းကောင်း၊ ‌ထမင်းခူးပြီးအရန်သင့်စောင့်နေတတ်သလို စားပြီးလျှင်လည်း သူသာလျှင်ဆေးသည်။ ညဘက်များတွင် တေဇာမောင်က နေနွယ်နှင့်ဖုန်းပြောပြီးသည်နှင့်တန်းအိပ်သည်မို့ ခြင်ထောင်ထောင်ခြင်းအမှုကိုလဲ ဇေယျာကသာလျှင်လုပ်သည်။ ဒါသည် ဇေယျာ့အတွက် အခွင့်ကောင်းတစ်ခုလိုဖြစ်နေသည်။

တေဇာမောင့်အတွက် ခြင်ထောင်ထောင်ပေးပြီးသည်နှင့် တေဇာမောင့်ရဲ့ မကျဉ်းမကျယ် နဖူးပြင်ကို ပိုင်ရှင်မသိအောင် နမ်းရှိုက်ပြီး "Good night မောင်"လို့နှုတ်ဆက်ရသည်ကို ဇေယျာဦးတစ်ယောက် နှစ်သက်လာသည်။ မနက်ခင်းတွင်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။

~လူမသိအောင် ခိုးနမ်းရတဲ့ နဖူးပြင်တွေမှအစ
အောက်နှုတ်ခမ်းထူထူတွေကိုမြတ်မြတ်နိုးနိုး နမ်းရှိုက်ခွင့်ရဖို့ အချိန်ဘယ်လောက်ကြာကြာစောင့်ဆိုင်းနေမယ်။ ဒါဟာယောကျာ်းလေးတစ်ယောက်က တခြားယောကျာ်းလေးတစ်ယောက်ကို ချစ်မိလို့ ပေးတဲ့အပြစ်တစ်ခုလို့ဘဲ မှတ်ယူတယ်။

"နွယ်ရယ်...ဘာလို့ကိုယ့်ကိုမစောင့်တာလဲ"

ထမင်းစားဆောင်တွင်ဖြစ်သည်။ နေနွယ်နှင့်တေဇာမောင်ဘာတွေ ‌သဘောတူညီမှုမရနေလဲဆိုတာ ဇေယျာတစ်ယောက်သိသည်။ ထမင်းပန်းကန်များကိုယူ၍ ထိုင်နေကြနေရာသို့လာခဲ့သည်။

"ကိုယ်တို့ကျောင်းလဲ နောက်အပတ်ထဲမှာ တက္ကသိုလ်ပေါင်းစုံတောင်တက်အစီအစဉ်ရှိပါတယ်ကွ အာ့ခါကျ အတူတူသွားရအောင်ပါဆိုကွာ"

"နွယ်က အမြဲအာ့လိုဘဲ၊ လုပ်ချင်ပြီဆိုရင် နွယ့်ဘာသာအရင်ဆုံးဖြတ်ပြီးမှ ကိုယ့်ကိုအသိပေးသလိုမျိုးဘဲပြောတယ်၊ တိုင်ပင်တာမျိုးမဟုတ်ဘူး၊ အခုလဲနွယ်သွားချင်သပ့ဆိုသွား"

ဟုဆိုကာဖုန်းကိုချလိုက်သည်။ ထမင်းလဲယူမစားဘဲဖုန်းကိုသာ စိုက်ကြည့်နေသော တေဇာမောင်ကို ဇေယျာတစ်ယောက် တစ်ခုခုပြောဖို့ပြင်နေသည်။ထိုစဉ်

"ငါတို့tutoရှိတယ်ဆိုတာကို မင်းသွားပြောထားတာလား ဇေယျာ"

‌ဖုန်းကိုစိုက်ကြည့်နေရင်းကနေ မေးလာသောကြောင့် ခဏတော့လန့်သွားရပေမယ့်ဒီလိုဖြစ်လာမယ်ဆိုတာသိ၍ ကြိုတင်ဆင်‌ခြေရှိပြီးသားပင် ဖြစ်သည်။

"ဟုတ်တယ် တေဇာ ၊ နေ့လည်က နေနွယ်မင်းဆီဖုန်းဆက်တယ်၊ မင်းအိမ်သာသွားနေတဲ့အချိန်မို့ ငါကိုင်လိုက်တာ သူတို့ကျောင်းတောင်တက်အသင်းမှာပါဝင်မယ်ဆိုပြီး၊ မင်းကိုပြောခိုင်းထားတာငါမေ့နေလို့"

‌ဖုန်းကိုဘဲဆက်ကြည့်နေတုန်းမို့

"ပြီးတော့ သူက ငါတို့ဒီလtutoချိန်တွေမေးတာနဲ့ဘဲ ငါလဲဖြေလိုက်တာ ၊ အခုကဘာဖြစ်လို့လဲ"

"သူတို့တောင်တက်ခရီးစဉ်က ဒီအပတ် သောကြာနေ့ည စထွက်မှာတဲ့ နှစ်ညအိပ်သုံးရက်ခရီး တနဂ်‌နွေနေ့မှ ပြန်လာဖြစ်မယ်ဆိုတာလှမ်းပြောတာ"

ဟု ဖုန်းကိုကြည့်နေရာက အသံမတိုးမကျယ်နှင့် ပြောလာသည်။ ပြီးနောက် ထမင်းပန်းကန်ကိုလှမ်းယူသည်။

"အာ့တော့"
"နွယ် အခုနောက်ပိုင်းငါ့ကို သိပ်အလေးမထားတော့သလိုဘဲကွာ"

ဟုဆိုကာထမင်းပန်းကန်ကို ထိုးဆွနေလေသည်။

#အိုင်ရင်းအလုပ်တွေများနေလို့ upနောက်ကျသွားတာမို့ တနေ့နှစ်ပိုင်းတင်ဖြစ်အောင်တင်ပေးပါ့မယ်....love u အချစ်တွေလျော့မသွားနဲ့နော်

Candy CrushWhere stories live. Discover now