အခန်း(၂၀)

712 26 0
                                    

အချစ်ဆိုတာ လိုက်လေပြေးလေ ပြေးလေဝေးလေ များလား......။
ရပ်စောင့်နေပြန်တော့လဲ ခရီးကမတွင်ပေ....။

******* ****** ****** ******* *******
"ဇေယျာ ၊ မင်း...ဒီနေ့ဘာလို့ငါ့ကိုရှောင်နေတာလဲ"

မှန်ပါသည်။ တေဇာမောင် မေးသည်မှာလဲမမှားပေ။ စတွေ့သည့်နေထဲက မနေ့ကညထမင်းစားချိန်ထိ တေဇာမောင် ဘယ်လို ငေါက်ငေါက် အနားမှာကပ်နေသူက ဒီနေ့မနက်ကစလို့ ရှောင်ခွာခွာနှင့်ပင်။

"ငါဘယ်မှာ မင်းကိုရှောင်နေလို့လဲ"

ခပ်တည်တည် နှင့်ပင်ပြန်ဖြေဖြစ်သည်။ အမှန်တကယ်လဲ မိမိ တေဇာမောင်ကိုရှောင်နေခြင်းဖြစ်သည်။ ခန္ဓာကိုယ်ကသာ သူနှင့် ဝေးရာကို‌ထွက်ပြေးနေပေမယ့် စိတ်အစဉ်က သူ့ဆီကိုရောက်နေတာမို့ ဒီနေ့တနေ့လုံးလဲ အကြည့်ချင်းခဏခဏ ဆုံနေသည်။

"ဘော ကိုမရှောင်ဘူးလို့ဖြေနေ ဇေယျာ"

အဆဲလေးနှင့်ပြန်လည် ပြောဆိုလာသူ တေဇာမောင်သည် ဇေယျာမတ်တပ်ရပ်နေရာသို့ လျှောက်လာလေသည်။ တေဇာလျှောက်လာသည် ကို မြင်သည်နှင့်ဇေယျာက စာကြည့်စားပွဲဘက်ကို ဦးတည်လျှောက်လှမ်းလိုက်သည်။ ထိုအခါ

" ဘုန်း"

တေဇာမောင်က ခြေလှမ်းကို ခပ်သွက်သွက်လှမ်းရင်း ဇေယျာဦးကို စားပွဲနားတွန်းလိုက်သည်။ ဇေယျာ့ရဲ့ ခါးနှင့်စားပွဲ ထောင့်စွန်းတိုက်မိကာ စားပွဲပေါာမှာ စာအုပ်များအောက်သို့‌ပြုတ်ကျသွားရတော့သည်။

"မင်းအခုတင် ငါ့ကို ရှောင်သွားတာမဟုတ်ဘူးဇေယျာ"

ဇေယျာ ရဲ့ လက်နှစ်ဖက်ကို စားပွဲပေါာတွင် သူ့လက်နှင့်ချုပ်ထားသဖြင့် ဇေယျာက စားပွဲတွင် ထိုင်လျက်ဖြစ်နေသည်။

"ငါ့ကိုသေချာကြည့်ပြီး မင်းဘာလို့ရှောင်နေတာလဲဆိုတာဖြေ"

ဇေယျာတစ်ယောက် တေဇာနှင့်အခုလိုနီးကပ်နေတဲ့အနေအထားမှာ သူ့ရဲ့မနက်ကတင်ချထားတဲ့ဆုံးဖြတ်ချက်တွေကို တနေ့တည်းနဲ့ ချိုးဖျက်ချင်လာသည်။

"မင်းစောက်မျက်လုံးတွေနဲ့ ငါ့ကိုကြည့်ပြီးဖြေလို့ ပြောနေတယ် ဇေ ယျာ ဦး "

နမည်ကိုတစ်လုံးချင်းခေါာကာ ငုံ့နေတဲ့ ျခါင်း‌နားကို တိူးကပ်လာသောကြောင့် ခေါင်းအနောက်ပိုင်းက ဆံသားလေးတွေက တေဇာမောင် စကားတစ်ခွနါးဆိုတိုင်း တခါလှုပ်ခတ်သွားသည်။

"မနက်က မနက်စာစားတော့လဲ ရင်ပြည့်နေလို့ဆိုပြီး မစားဘူး။ အတန်းထဲကျတော့လဲ မနေ့ကသင်လိုက်တဲ့ lectureတွေ သိပ်နားမလည်လို့ဆိုပြီး roll 1တို့အတန်းမှာ တစ်မနက်လုံး ၊ နေ့လည်ကျတော့လဲ မင်းတို့မြို့က သူငယ်ချင်းနဲ့ချိန်းထားလို့ဆိုပြီးမစားပြန်ဘူး ။ ညနေကျောင်းပြန်ချိန် ကျတော့လဲ တခြားအဆောင်က တစ်ယောက်နဲ့စကားလက်ဆုံကျပြီး ကားပေါာမှာငါမပါမှန်းတောင်မသိဘဲ အဆောင်ကိုအရင်ပြန်တယ်။ ညနေစာလဲအတူတူဘဲ ။ ခုနကလဲ ငါမင်းဆီလာနေတာကို မင်းက ဘာလို့လဲ"

တေဇာမောင်ရဲ့ နောက်ဆုံးစကားမှာ ဇေယျာ တစ်ယောက် တေဇာမောင့်မျက်လုံးတွေထဲ သေချာကြည့်မိသည်။ ဒီလိုစကားလုံးမျိုးကို ဘယ်လိုအဓိပ္ပာယ်မျိုးနဲ့ ပြောနေလဲဆိုတာ ကိုသိမြင်နိုင်ဖို့ ဖတ်ရမယ်။ ရိုးသားလိုက်တာ မောင်ရယ်။ သူငယ်ချင်းရှားတဲ့ မောင်က ကိုယ်နဲ့အနီးဆုံးအခင်မင်ရဆုံးလို့ထင်တဲ့ သုငယ်ချင်းက ကိုယ့်အနား တစ်ချိန်လုံးမရှိတာကို ကိုယ့်အပေါာစိတ်ဆိုးနေတာလားလို့ ထင်နေတဲ့အကြည့်တွေဘဲ။ ဇေယျာဦး မိမိရဲ့ မရိုးသားတဲ့စိတ်တွေကို ရှက်ရွံ၍ တစ်ဖန်ခေါင်းပြန် ငုံ့ချလိုက်သည်။ မောင့်ဆီကရတဲ့ ရနံ့တွေကို ပိုခိုးနမ်းရှိုက်ရဖို့ဆိုရင် ငါ မောင့်ကို ခေါင်းငုံ့ အရှုံးပေးရလဲ ရတယ် ။

"မင်းကော ၊ နွယ်ကော ဘာလို့ဒီရက်ပိုင်း ငါ့နားကနေ ထွက်သွားချင်နေရတာလဲ ၊ ငါ့နားမှာနေရတာ အာ့လောက်တောင် ပျင်းရိဖွယ်ကောင်းနေပြီလား"

ဇေယျာ တစ်ယောက် ချက်ချင်းခေါင်းပြန်မော့ကြည့်မိသည်။ အကြောင်းမှာ တေဇာမောင်ရဲ့စကားသံများဟာတုန်ယင်နေပြီး ချုပ်ကိုင်ခြင်းခံထားရတဲ့လက်ဖမိုးပေါာ အရည်ကြည်တစ်စက်ကျလာခြင်းကြောင့်ဖြစ်သည်။

~‌ဪ ...ချစ်ရသူကြောင့်နာကျင်ခြင်းဆိုတာဒါလား~

Candy CrushWhere stories live. Discover now