အခန်း(၁၅)

684 27 2
                                    

ကြက်ကြော်ဆိုင်သို့ရောက်သည်ထိ ရုပ်ရှင်အကြောင်း ဆွေးနွေးလို့မပြီးပေချေ။
မှာထားသောကြက်ကြော်များမရခင် စောင့်နေစဉ်

" တေဇာမောင်၊ နင်ကောဒီကားထဲမှာဘယ်သူမှားတယ်ထင်လဲ"

သီရိက တေဇာမောင်အားမေးလိုက်သည်။

"ငါတော့ မင်းသမီးကမှားတယ်လို့ထင်တာဘဲ"

ကျန်သော သူများက တေဇာမောင်၏ စကားကို စိတ်ဝင်စားသွားသည်။

"ဟုတ်တယ်လေ နင်တို့ဘဲစဉ်းစားကြည့်
သူသာ အဓိက‌ဇာတ်ဆောင်မင်းသားကို တကယ်ချစ်ရင် ဒုတိယမင်းသားဘက်စိတ်ယိုင်မှာမဟုတ်ဘူး"
"ဒုတိယမင်းသားဘက်ကို စိတ်ယိုင်လို့လား ငါတို့ကြည့်တာတော့ မင်းသမီးက ခါးခါးသီးသီးဖြစ်နေတာပါ"
"အာ့တာဘဲ နင်တို့က အပေါာယံဘဲကြည့်တာကို ငါပြောပြမယ်နားထောင်"

သီရိနှင့်မေမီသော်က သေချာအာရုံစိုက်နားထောင်နေသော်လည်း နားထောင်ရုံတင်မဟုတ်ဘဲ တေဇာမောင်ပြောလာမည့် စကားများသည်သူတို့နှစ်ယောက်အတွက်အဖြေတစ်ခုလား စိုးထိတ်နေတဲ့လူနှစ်ယောက်ကတော့ နေနွယ်နှင့်ဇေယျာဦးပင်ဖြစ်သည်။

"မင်းသမီးက မင်းသားနဲ့ မြင်မြင်ချင်းကြိုက်ကြတယ်၊ သူတို့နှစ်ယောက်ရဲ့ အကြိုက်တွေ ဝါတနာတွေကလဲတော်တော်များများတူတယ် ၊အာ့တော့ စကားပြောရအဆင်ပြေပြီး
တစ်ယောက်ကို‌တစ်ယောက်လဲ ပိုနားလည်လွယ်တယ်၊ ညှိယူဖို့သိပ်မရှိဘူးကွာ ဆိုလိုတာက သဘောပေါက်လား"

သီရိနဲ့မေမီသော်ကခေါင်းငြိမ့်ပြသည်။

"ဒါပေမယ့် နောက်ပိုင်းကျ မင်းသားက သူ့အလုပ်တွေရယ် သူ့ဝါတနာရယ်ကြောင့်မင်းသမီးကိုဂရုစိုက်မှုနည်းလာတယ်၊
အာ့ချိန်မှာ ဒုတိယမင်းသားပေါာလာတယ်၊
မင်းသားက မင်းသမီးရဲ့ ပုံစံနဲ့အံမကိုက်ဘူး
ဒါပေမယ့် မင်းသမီးကိုတော့ဂရုစိုက်တယ်။
မင်းသမီးလိုအပ်တဲ့အချိန် အနားမှာ ရှိတယ်၊ ဘယ်နေရာမှာဘဲဖြစ်ဖြစ်ပေါာလာတယ်၊
နင်တို့သေချာပြန်စဉ်းစားကြည့် ‌မွေးနေ့ ပွဲလုပ်တဲ့နေရာမှာဖြစ်ခဲ့တာကို မင်းသမီးမျှော်လင့်တာက သူ့ချစ်သူ ရောက်လာတာက သူအမြင်မကြည်တဲ့လူ"

ကျန်တဲ့နှစ်ယောက်ကခေါင်းတဆတ်ဆတ်ငြိမ့်သည်။

"ကြာလာတော့ မင်းသမီးက သူ့ကိုဂရုစိုက်ပေးတဲ့လူကို စိတ်ယိုင်လာတယ် ၊ သူသာ မင်းသားအပေါာ စိတ်လုံးလုံးနစ်ဝင်နေရင် ပွင့်လင်းရမယ်ကွာ၊ မင်းသမီးကအာ့လိုမလုပ်ခဲ့ဘဲ နောက်မှားတော့မှ မင်းသားအပေါာအပြစ်တစ်ခုလိုဖြစ်သွားတော့ သူဒုတိယမင်းသားနဲ့ရှောင်နေတာ၊ အာ့ကြောင့်မဖြစ်သင့်တာတွေဖြစ်လာတာဘဲ ၊ အာ့တော့မင်းသမီးမှားတယ်လို့ဆိုလိုတာ"

ပြောနေရင်းတန်းလန်ူကြက်ကြော်ရပြီမို့ သီရိနဲ့မေမီက သွားယူနေစဉ်

"နေနွယ်ကကော အပြင်မှာ မင်းသမီးလိုမျိုး တေဇာက ဖြစ်ခဲ့ရင် ခွှင့်လွှတ်နိုင်မှာလား"

ဇေယျာ့ဆီမှ ထိုမေးခွန်းထွက်လာသည့်နောက် ဇေယျာ့ထံနေနွယ်အကြည့်ပို့မိသည်။

" ကို သာ နေနွယ့်နားနေချင်မယ် ၊နေနွယ့်နားမှာ ဘာစိုးရိမ်စရာမှမရှိဘဲ ပျော်နေနိုင်မယ်ဆိုရင် နေနွယ်က ကို့ကို နေနွယ့်အနားထားဖို့ဝန်မလေးဘူး၊ ပြီးတော့ နေနွယ် ကို့ကိုယုံတယ်၊ နေနွယ် ယုံကြည်ထားတဲ့ကိုဟာ တစ်ဦးတစ်ယောက်ရဲ့ပယောဂမပါရင် နေနွယ့်ရဲ့လက်တွေကိုဖြုတ်မှာမဟုတ်ဘူး"

နေနွယ်ရဲ့ စကားတစ်လုံးချင်းစီနှင့် အကြည့်တွေက ဇေယျာဦးရဲ့မျက်ဝန်းတွေမှတဆင့် သွေးကြောတွေထိ စီးဆင်းသွားသည်ဟုပင်ထင်ရသည်။

နေနွယ့်ရဲ့ပညာသားပါပါစကားတွေနှင့်အကြည့်တွေကိုဇေယျာဦးတစ်ယောက် ရင်မဆိုင်နိုင်တော့သည့်နောက် အေးချမ်းရပ်ဝန်းတို့ လှည့်ကြည့်မိတော့ ဇေယျာဦး၏ဘဝတွင်ဘယ်တော့မှ ရလာနိုင်မှာမဟုတ်သည့် အချစ်တွေ၊ နားလည်မှုတွေ ၊သစ္စာကိုအ‌ခြေတည်ထားတဲ့ အကြည့်တွေပြည့်နေတဲ့မျက်ဝန်းတွေနှင့်တိုးမိတော့ ဇေယျာ တစ်ယောက်ထိုနေရာတွင် ထိုင်ဖို့ခွန်အားမရှိတော့ပါ။

"ကျွန်တော်က ဒီတိုင်းမေးလိုက်တာပါ၊ နေနွယ်က တေဇာ‌့ကိုအရမ်းချစ်တာဘဲ"
ဟုဆိုပြီးသည်နှင့်

" Toiletခဏ"ဟုဆိုကာလှည့်ထွက်မည်အပြု

"ကျေးဇူးပါနွယ်၊ ကို့ကို ယုံကြည်ပေးလို့
ကိုထင်ထားတာထက် ကို့ကိုချစ်ပေးလို့၊
နွယ့်ကို ဘယ်တော့မှမခွဲဘူး"

ဟူသော စကားသံဟာ ဇေယျာရဲ့အမြင်တွေကိုနှစ်ထပ်ဖြစ်‌‌ စေတာမို့ ထိုနေရာကနေသာ ထွက်လာခဲ့တော့သည်။

#Irena

*ဇာတ်လမ်းက ရုပ်လုံးပေါာလာပါပြီ reader nimတွေအနေနဲ့ ဖတ်ရတာအဆင်ပြေရဲ့လား
Messageလေးရေးပေးကြပါအုံး

Candy CrushWhere stories live. Discover now