အခန်း(၁၂)

651 25 0
                                    

နေနွယ်တို့ကြည့်မည့်ရုပ်ရှင်သည် စပြသည့်ပထမအပတ်ဖြစ်တာကြောင့် လူများကျပ်နေသည်ဖြစ်ရာ

"ဇေယျာတို့ကလက်မှတ်ဝယ်ဖို့လုပ်လိုက်ပါလား၊ နွယ်နဲ့ကိုက စားဖို့တစ်ခုခုသွားဝယ်လိုက်မယ် ဒီပုံနဲ့ဆိုအုပ်စုလိုက်သွားဖို့အဆင်မပြေလောက်ဘူး"
" အာ့လိုမျိုးဘဲလုပ်လိုက်မယ်လေ"
"ဇေယျာတို့ဘာစားကြမလဲဝယ်ခဲ့ပေးမယ်"
"ရတယ်၊ နေနွယ်တို့အဆင်ပြေမယ်ထင်တာဝယ်ခဲ့ကြ"
"အိုကေ အိုကေ"

နေနွယ်ကတေဇာမောင်၏ ရင်အုပ်ကျယ်ကြီးထဲကနေ အိုကေပုံစံလက်လုပ်ပြရင်းမုန့်ဝယ်တဲ့ဘက်သို့ ရောက်သွားတော့သည်။

"ဒေါာနေနွယ်၊ လူကောင်ကသေးသေးနဲ့ လာဒီကို ထွက်ထွက်မသွားနဲ့"

ဟု အသံမာသည်မဟုတ် စိုးရိမ်လို့ပြောသည့်ပုံစံနှင့် အနောက်တွင် မားမားကြီးရှိနေသော ကို့အားတစ်ချက်မော့ကြည့်ကာ အဆူခံရသည့်ကြောင်ငယ်လေးလိုနေလိုက်သည်။

နေနွယ်က မိန်းကလေးတစ်ယောက်အနေနှင့်ကြည့်ရင်တောင် မပုပေမယ့်လဲ တေဇာမောင်နှင့်ဆိုရင်တော့လူကောင်ပုပုသေးသေးလေးဖြစ်သွားရသည်။ အခုလဲ လူတွေပြည့်ကျပ်နေတာမို့လက်ကိုင်ထားလျှင်အဆင်မပြေနိုင်တာမို့ သူ့ရင်ခွင်ထဲထည့်ကာ လူ‌တိုးရလျှင် ထိမိမှာစိုး၍လက်နှင့်ကာပေးထားပြန်သည်။

မုန့်ဝယ်ရမည့်ရှေ့သို့ရောက်တော့ အဓိကဝယ်ဖြစ်သည်မှာ တေဇာမောင်က နွယ်အကြိုက်မုန့်နှင့် နွယ်က တေဇာမောင့်အကြိုက်များသာဝယ်လာဖြစ်ခဲ့သည်။ရုပ်ရှင်ကြည့်ဖို့စောင့်သည့်နေရာရောက်တော့

"သွားဝယ်တုန်းကတော့ နင်တို့ဘာစားကြအုံးမလဲဆိုပြီးမေးသွားတာဘဲ၊ နောက်ဆူံးဝယ်လာတာကျ သူတို့နှစ်ယောက်ကြိုက်တာချည်းဘဲပါလာတယ်၊ တော်တော်တရားကျဖို့ကောင်းတဲ့အတွဲတွေ"

ဟူသော သီရိ၏မဆဲရုံတမယ် အပြစ်တင်သံကိုကြားရတော့မှ နွယ်နှင့်တေဇာမောင် ဝယ်လာသည့်အထုပ်ကိုကြည့်မိကာ ပြုံးမိတော့သည်။

"လူတွေကများနေတာ ၊ အဆင်ပြေမယ်ထင်တာဆိုပြီးဝယ်လိုက်တာ ငါကလဲ ကို့အကြိုက်တွေချည်းရွေးမိ၊ ကိုကလဲငါ့အကြိုက်တွေဘဲရွေးမိလာတာတော့ ငါတို့လဲမတတ်နိုင်ဘူး"
" ဖူးစာဖက်တွေဆိုတော့စိတ်ချင်းဆက်နေတာလေ"

Candy CrushWhere stories live. Discover now