အခန်း (၃၂)

865 22 1
                                    

သံယောဇဉ်ကြောင့်ဖြစ်တည်လာသော အချစ်တစ်ခုရယ်၊ အချစ်ကြောင့်ဖြစ်တည်လာသော သံယောဇဉ်တစ်ခုရယ်.....။
******* ******** ******** ********* *******
နေရောင်ခြည်နွေးနွေးက တစ်ယောက်အိပ်ကုတင်ပေါာတွင် တည်ရှိနေသော ကောင်ငယ်လေးနှစ်ယောက်၏မျက်နှာပေါာသို့ ဖြာကျနေသည်။ ရင်ခုန်သံခပ်နွေးနွေးတစ်ခုကလဲ ပျံ့လွင့်နေရင်းနှင့်ပင် ဖြစ်သည်။

အိမ်မက်တစ်ခု သို့မဟုတ် စိတ်ကူးယဉ်ဝတ္ထုတစ်ခုနှယ် အမှတ်ရစရာ ညတစ်ညပင်ဖြစ်ပေမည်။ ဇေယျာဦးတစ်ယောက် မိမိအားရင်ခွင်ထဲ ထွေးပွေ့ထားသော မိမိ၏ချစ်ရသူအကြင်လူသားအား ငေးကြည့်မိသည်။ ကျယ်ပြန့်သောရင်ခွင်ထဲ ခိုဝင်နားဖူးချင်သော အရင်က စိတ်ကူးများက လက်တွေ့ဖြစ်လာပေပြီ။ နှလုံးသားကိုမရလျှင်တောင် ရုပ်ပိုင်းဆိုင်ရာအရပိုင်ဆိုင်ရလျှင်ပင်ကျေနပ်နေသောမိမိအဖို့ မောင့်၏ဝန်ခံချက်များအောက်တွင် အကြိမ်ကြိမ်အခါခါ ရူးသွပ်ဖို့လုံလောက်သည်။

ယခုအချိန်ထိ မောင့်အထိအတွေ့၊ မောင့်ရဲ့ အငွေ့အသက်များက မိမိ၏ခန္ဓာကိုယ်နေရာအနှံ့မှာစွဲထင်ကျန်ရစ်နေလျက်ပင်ဖြစ်သည်။ အခိုးအငွေ့တစ်ခုလား သို့မဟုတ် ပုံရိပ်ယောင်တစ်ခုလားသိဖို့ နဖူးပေါာကျနေသော မောင့်ရဲ့ဆံသားညိုညိုတွေကို ထိတွေ့မိကြည့်သည်။ ထို့နောက် မောင့်ရဲ့မျက်ဝန်းညိုညိုတွေကို ဖုံးထားတဲ့ မျက်တောင်ရှည်ရှည်တွေဆီသို့ ၊ ထိုမှတစ်ဆင့် သူ့ရဲ့ပါးပြင်များအားတမက်တမော နမ်းရှိုက်ဖူးသည့်မောင့်ရဲ့နှာတံဖျားဆီသို့ ၊နောက် သူ့အားအကြိမ်ကြိမ်ကျရှုံးစေသည့် မောင့်အောက်နှုတ်ခမ်းထူထူလေးများဆီသို့ .....။

မြတ်နိုးခြင်း ၊ ချစ်ရခြင်း ၊ တွယ်တာရခြင်း ဟူသည်တို့ကား မိမိ၏ရှေ့မှထိုလူသားပါလား။

"ဘာလို့မျက်ရည်တွေနဲ့လဲ ....ဇေ"

ဪ...မသိလိုက်တဲ့တခဏအတွင်းမှာ မိမိမျက်ရည်ကျမိသည်တဲ့လား။

"ဘယ်နားနာနေလို့လဲ ဇေရဲ့၊ မောင့်ကိုပြောပါအုံး"

အလိုမကျလေဟန် မျက်ခုံးတို့တွန့်ချိုးထားတာတောင် မောင့်ရဲ့ ချောမောမှုတို့က သူ့အားပြုစားထားလေသည် ။ မောင်....မင်းဟာ ကဝေလေး‌လား။ မောင့်ရဲ့မျက်နှာအား သူ့လက်ဖဝါးများနှင့်ထိတွေ့မိလိုက်ပြီး မောင့်ရဲ့မျက်ဝန်းတွေထဲအသေအချာကြည့်မိသည်။

"မောင့်ကို ငါပိုင်ဆိုင်လိုက်ရတယ်ဆိုတာကို၊ အခုထိမယုံကြည်နိုင်သေးဘူး"

"အော်...ဇေရယ်"

မောင့်ရဲ့နှုတ်ခမ်းဖျားဆီသို့ သူအနမ်းတစ်ပွင့်‌ခြွေလိုက်သည်။ မောင်က အံ့ဩမှုကြီးစွာမျက်လုံးများဝိုင်းစက်သွားသည်။ ထို့နောက် မောင့်နှုတ်ခမ်းထောင့်စွန်းတို့ကွေးတက်သွားသည်။ ပြီးနောက်ဩရှရှ ရီသံတစ်ခုထွက်လာသည်။

"မောင့်ကို ဒီလိုနည်းနဲ့စကားပြောဖို့ပိတ်တယ်ပေါ့ဟုတ်လား...ဇေ"

မောင့်ရင်ခွင်ထဲတိုးလို့ မောင့်ဘယ်ဘက်မှာရှိမယ့် မောင့်နှလုံးသားဆီ အနမ်း‌ခြွေမိသည်။

"မောင့်ကိုချစ်လိုက်ရတာ"

"မောင်လဲ ချစ်ပါတယ်"

ဒီအချိန်အခိုက်အတန့်လေးကို ရပ်ထားချင်မိသည်။ အနာဂတ်တွေ၊ အတိတ်တွေကိုမတွေးဘဲ  အခုလိုလေး ကျွန်တော်တို့နှစ်ယောက်တည်း တစ်ယောက်ရင်ခုန်သံတစ်ယောက်နားထောင်ရင်း တစ်ယောက်ကိုတစ်ယောက်အမြတ်တနိုးနမ်းရှိုက်ရင်း ၊ တစ်ယောက်ကိုတစ်ယောက်ထွေးပွေ့ထားရင်း အရာရာဟာဗလာနတ္ထိ ဖြစ်နေတဲ့အခိုက်အတန့်လေးတစ်ခုပေါ့....။

#Irena
Upတာလေးတွေပုံမှန်ပြန်ဖြစ်နိုင်အောင် အိုင်ရင်းကြိုးစားပါ့မယ် ။ reader nimတို့က vote လေးပေးပေးပါ

Candy CrushWhere stories live. Discover now