မျက်ရည်တို့ဟာ တိတ်ဆိတ်စွာ ကျဆင်းလာသည် ။ ရှိုက်သံမထွက်အောင် ဝရံတာဘက်သို့ထွက်ကာ သူငိုချမိသည် ။ သူ့ရင်ထဲကဖော်မပြနိုင်အောင်ဖြစ်ပေါာလာသော အရာကိုဘယ်သူ့ဆီမှာဖွင့်ချပြရမလဲ ။ ဖုန်းကိုဖွင့်ကာ contactကိုနှိပ်မိတော့ "နွယ်"ဆိုတဲ့နပတ်လေးကို လက်ကရောက်သည် ။ သူ့လက်များက ခဏတုံ့ဆိုင်းသွားပြီးနောက် နှိပ်လိုက်သည် ။
~တူး...တူး...~"ဟယ်လို..."
အိပ်ချင်းမူးတူးအသံနှင့်နွယ်ကပြန်ဖြေလာသည်။ ခုနကနောက်ကြည့်နေသော စိတ်တို့က ထိုအသံကြောင့် ကြည်လင်လာရသည်။
နေနွယ် ဖုန်းစခရင်ကိုတစ်ချက်ပြန်ကြည့်ကာ"ဟယ်လို...ကိုဘာဖြစ်လို့လဲ"
"နွယ့်ကိုလွမ်းလို့"
နေနွယ် လှဲနေရာမှ သူတို့အတွက်နားဖို့ပေးထားသောအဆောင်မှ ထွက်လာလိုကသည် ။ တခြားလူတွေအိပ်နေပြီမဟုတ်လား။
"နွယ်တို့မနက်ကျရင် ပြန်လာတော့မှာပါကိုရဲ့"
တဖက်မှ အသံတို့က တိတ်ဆိတ်လို့နေသည် ။
"ဇေယျာ ဘယ်တော့ဆေးရုံဆင်းရမှာတဲ့လဲ"
"မနက်ဖြန် မနက်နွယ်"
"အော်...နွယ်တို့ဆေးရုံကိုလာကြိုမယ်လေ"
"အင်း...."
မိမိချစ်ရသူအသံကြားရုံနဲ့ သူဘာဖြစ်နေလဲ နေနွယ်မခံစားမိနိုင်ရိုးလား။
"ကို...."
"ဟင်"
ပြန်ထူးသံမှာတက်ကြွမှုမပါ ။ နေနွယ့်အားလွမ်းလို့ အခုလိုညဉ့်နက်တဲ့အချိန်မှာ ဖုန်းဆက်မယ့်သူမဟုတ်တာကို နေနွယ်သိပါသည် ။
"ဘာဖြစ်လို့လဲဟင်"
"နွယ့် ကိုလွမ်းလို့ပါ ၊ ဒါလေးပါဘဲ နွယ်"
"တခြားအဆင်မပြေတာကောမရှိဘူးလား"
"ဘာလို့ ကို့ကိုလဲ နွယ်ကလွမ်းပါတယ်လို့ပြန်မဖြေရတာလဲ နွယ်"
"လွမ်းတယ်ဆိုတာမျိုးက အတွေးတွေထဲ ကိုမရှိတဲ့အခါမျိုးမှပါ ၊ နွယ့်ရဲ့အတွေးတွေ၊ နွယ့်ရဲ့နှလုံးသားတစ်ခုလုံးမှာ ကိုကအမြဲရှိနေတော့ နွယ့်မှာလွမ်းဖို့အချိန်မရှိပါဘူး ...ကိုရယ်"
YOU ARE READING
Candy Crush
General Fiction"ငါအဆင်သင့်ဖြစ်တဲ့အခါ မင်းဆီလာခဲ့မယ်' #တေဇာမောင် "အစတည်းက ငါကအရှုံးသမားပါမောင်" #ဇေယျာဦး "ကို့ ကိုအရမ်းချစ်တဲ့သူ့ကိုပြန်ငဲ့ကြည့်ပါအုံး" #နေနွယ်