လွန်ခဲ့သောရက်အနည်းငယ်က တစ်နည်းအားဖြင့် မောင်နဲ့ကျွန်တော်အတူနေပြီးသောနေ့နောက်ရက်တွင်ဖြစ်သည်။ မောင်ကအပြင်ထွက်ရမှာပျင်းသည်ဟုဆိုကာ အဆောင်တွင်နေခဲ့ပြီး ကျွန်တော်ကမူ အိမ်အတွက်မုန့်အနည်းငယ်ဝယ်ရန်ထွက်လာခဲ့လိုက်သည်။
အဆောင်ရဲ့ရှေ့တွင် တက္ကသိုလ်ရင်ဖုံအကျီအဝါနုလေးကို ထဘီ ပြောင်လေးနှင့် လိုက်ဖက်စွာဝတ်ဆင်ထားသော နေနွယ့်ကိုတွေ့လိုက်ရသည်။ နေနွယ့်ကိုမြင်သော် မိမိကိုယ်ကို လိပ်ပြာမလုံသလိုခံစားရသည်။ လမ်းမဘက်ကိုမျက်နှာမူထားသော နေနွယ်က ကျွန်တော့်ဘက်ကိုပြန်၍လှည့်လာသောအခါ စကားပြောရန်ဟန်ကိုယ့်ဖို့ပြင်ရသေးသည်။
"နေနွယ် ၊ တေဇာမောင့်ဆီလာတာလား"
နေနွယ်က ကျွန်တော့်ရဲ့ရင်ဘက်ကိုတစ်ချက်အကြည့်ပို့ပြီးနောက် ကျွန်တော့်ထံသို့အပြုံးနုတစ်ခုဖြင့်
"နေနွယ် .... ဇေယျာ့ဆီလာတာ ၊ အခုတင်ဖုန်းဆက်လှမ်းခေါာတော့မို့"
တစ်ချက်မျှ ကြောင်အသွားရသည်။
"တခြားတော့မဟုတ်ပါဘူး၊ ဇေယျာနဲ့ပြောစရာလေးရှိလို့ပါ၊ ခဏပါဘဲ တို့လဲသွားစရာလေးရှိသေးတာ"
အမျိုးသမီးတစ်ယောက်၏ ချိန်းဆိုချက်ကိုငြင်းပာ်ဖို့ရာ မကောင်းပေ။ အထူးသဖြင့် နေနွယ့်လိုမိန်းခလေးမျိုးဆိုရင်ပေါ့။
"ကောင်းပြီလေ၊ တို့တွေဘယ်မှာပြောကြမလဲ"
"ဇေယျာက ကိုနဲ့မှညနေစာစားမှာမလား၊ ဒါဆို တို့တွေကန်ဘောင်မှာဘဲပြောကြတာပေါ့"
"Ok"
နေနွယ်နှင့် လက်တစ်ကမ်းစာအကွာအဝေးကနေ လျှောက်ရင်း ဦးနှောက်ကအတွေးဗျာများနေရသည်။ ဘာအကြောင်းအရာတွေများပြောဖို့ရန် မောင်နှင့်တောင်မတွေ့ဘဲ သူ့ကိုချိန်းရပါသနည်း။ မိမိက မောင့်အပေါာခံစားချက်တွေကို သိသွားလို့နောက်ဆုတ်ဖို့ပြောမှာများလား။
"အများကြီးတွေးမနေပါနဲ့ဇေယျာ ၊ တို့နှစ်ယောက်လုံးအတွက်နေရခက်စေတဲ့စကားမျိုးတွေပြောမှာမဟုတ်ပါဘူး""လာနေနွယ်တို့တွေ ဒီမှာဘဲထိုင်ကြရအောင်"
ကျွန်တော်လမ်းထပ်မလျှောက်နိုင်တော့တာ ကျွန်တော့ကိုကျွန်တော်သိသည်။ ဒါကိုပင်နေနွယ်ကအလိုက်သိသည်။
YOU ARE READING
Candy Crush
General Fiction"ငါအဆင်သင့်ဖြစ်တဲ့အခါ မင်းဆီလာခဲ့မယ်' #တေဇာမောင် "အစတည်းက ငါကအရှုံးသမားပါမောင်" #ဇေယျာဦး "ကို့ ကိုအရမ်းချစ်တဲ့သူ့ကိုပြန်ငဲ့ကြည့်ပါအုံး" #နေနွယ်