အခန်း (၃၁)

897 26 0
                                    

စာမေးပွဲပြီးသည့် ညတွင် ယောကျာ်းဆောင်ဖြစ်သည့်အလျောက် အကုန်လုံးက နှုတ်ဆင်ပွဲအနေနဲ့ သောက်ဖို့စီစဉ်ထားကြသည် ။ အဆောင် ECရဲ့အခန်းထဲတွင်သာ ဝိုင်းဖွဲ့ကြသည် ။ တေဇာမောင်နှင့်ဇေယျာဦးလဲ ပါဝင်သည် ။ ည‌ (၇)နာရီ မှစတင်သောဝိုင်းတွင် ဂစ်တာသံများ ၊ သီချင်းဆိုသံများနှင့် အသဲကွဲဇာတ်လမ်းများပါဝင်လာကာ တဖြည်းဖြည်းညဉ့်နက်လာသည် ။ တေဇာမောင်သည်လည်း သူ၏ အစာအိမ်အတွင်း၌ အယ်ကိုလ်ဟောဓာတ်များ ပြည့်လာသည့်အတွက် အစာအိမ်က အစွမ်းပြလာသည် ။

ရုတ်တရက် ထထွက်သော တေဇာမောင့်ကို

"တေဇာတို့တော့ ဝေါယာဉ်ဆိုက်ပြီထင်ပါရဲ့ကွာ"

"ငါ သွားကြည့်လိုက်အုံးမယ် ၊ တခါတည်း အခန်းထဲ ပြန်တော့မယ်။ မင်းတို့လဲညဉ့်နက်မနေနဲ့"

"အေးပါကွာ ၊ မင်းတော့ဒီညအန်ဖက်ကြုံးရတော့မှာဘဲ ဇေယျာရေ "

တဟားဟားဖြင့် ရယ်မောရင်းကျန်ခဲ့သောသူများကိုလျစ်လျူရှူကာ သူထွက်လာခဲ့သည် ။ တေဇာမောင့်ကို အိမ်သာထဲသွားရှာကြည့်သည် ။ ဘေစင်တွင်ခေါင်းငိုက်စိုက်အန်နေသော တေဇာ့ကို ကျောကနေ ဖိပေးသည် ။ ရေနဲ့မျက်နှာကိုသေချာသစ်ပေးလိုက်သည် ။

"ဘယ်...သူ...လဲ"

လျှာလေးအာလေးဖြင့်ပြောနေသော တေဇာမောင့်ကို တစ်ချက်ကြည့်ကာ

"ငါ မင်းလင်"

"အော် ၊ဇေယျာဦး"

"ဟုတ်တယ်၊ လာအခန်းထဲပြန်ကြမယ် ။ အစာိမ်ရောဂါအခံရှိတာကို မတော်မတရားတွေသောက်နေတာ၊ နွယ်တာသိရင် ငါတော့အဆူခံရဦးမယ်"

"နွယ်လား၊ နွယ်ဆိုလို့ နွယ့်ဆီဖုန်းမဆက်ရသေးပါလား"

"ဆက်မနေနဲ့၊ မင်းမူးနေမှန်းသိရင် ဟိုကစိတ်ပူနေရမယ်"

"မင်းကကော၊ ငါ့ကိုစိတ်မပူဘူးလား"

ဘေစင်ကိုမီကာ သူ့အားရီဝေသော မျက်လုံးများဖြင့်စိုက်ကြည့်ကာ မေးလာသော တေဇာမောင်ကို
သူ့ရဲ့လက်မောင်းကိုမကာတွဲကူလိုက်သည်။

"မေးနေတယ်လေ၊ ဖြေဦး"

ပခုံးပေါာတင်ထားသော လက်ရဲ့အခြားတစ်ဖက်နဲ့သူ့ကို မျက်နှာချင်းဆိုင် ကြည့်လာသောအခါ နှစ်ဦးသားရဲ့အကွာအဝေးက နှာတစ်ဖျာသာသာ။

Candy CrushWhere stories live. Discover now