အခန်း(၁)

4.7K 115 2
                                    

မိုးအုံ့တုံ့တုံ့နှင့် သံလမ်း၏ မနက်ခင်းတစ်ခုတွင်ဖြစ်သည်။ တက္ကသိုလ်လျှောက်လွှာများကိုလာရောက်ထပ်နေသူများနှင့်ပြည့်လို့နေသည်။ဆယ်ကျော်သက်ရွယ်များဖြစ်တာကြောင့်အားလုံးဟာလန်းဆန်းတက်ကြွလို့နေသည်။မိမိတို့၏ရည်မှန်းချက်ရှိရာတက္ကသိုလ်သို့သွားရန်လဲစိတ်အားထက်သန်နေကြသည်။

"နွယ် ..."

ဟုအနားကပ်ကာခေါာနေသောတေဇာမောင် ခေါာနွယ့်၏ ချစ်သူအားမေးဆတ်ပြကာဘာလဲဟူသည့်သဘောမျိုးဖြင့်မေးလိုက်သည်။

"ဘယ်uniကိုနွယ်လျှောက်မလဲ"

"နွယ်က ကို့လိုအမှတ်မများဘူး၊ပြီးတော့ဂုဏ်ထူးပါတဲ့ဘာသာကလဲ မြန်မာနဲ့ဓာတုမို့နွယ်တော့မသိသေးဘူး"

"နွယ်က တော်ပြီးသားဘဲဘယ်uniရောက်ရောက်လူချစ်လူခင်ပေါမှာပါ"

"နွယ့်ကိုယ့်ဘာသာကိုသိပါတယ် ကိုရဲ့"

ဟုပြောပြီး ကို့ရဲ့ပခုံးဘက်အားတိုက်လိုက်သဖြင့် အနည်းငယ်ကိုယ်ယိမ်းသွားသည်။

"ကြည့် နွယ်တို့များ ကိုယ့်ရည်းစားကိုပခုံးချင်းယှဉ်တိုက်တယ်"

"ပခုံးချင်းယှဉ်တိုက်လို့မရပါဘူးကိုရယ်
ကို့အရပ်က နွယ့်ထက်ခေါင်းတစ်လုံးတောင်မြင့်နေတာ"

တကယ်လဲနွယ်ကကျွန်တော့်ထက်ခေါင်းတစ်လုံးစာနိမ့်ပါတယ်။ဒါပေမယ့်နွယ်နဲ့ယှဉ်ရင် ကျွန်တော်ကနွယ့်ကိုမီခိုနေသလိုခံစားရတယ်။နွယ်ကထက် မြက်တယ်။ နွယ့်မှာအမေမရှိတော့တဲ့နောက်နွယ်ဟာနွယ့်ဖေဖေ၊အကိုနဲ့မောင်တွေကြားထဲမှာဘဲကြီးပြင်းခဲ့ရတော့ တခြားမိန်းခလေးတွေလိုနူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့မရှိဘူး။ အလုပ်လုပ်ရင်လဲပြတ်သားတယ်။ဆုံးဖြတ်ချက်လဲခိုင်မာတယ်။အခုလဲကြည့် တက္ကသိုလ်ဖောင်ဖြည့်ဖို့လာတာကိုတီရှပ်အဖြူကိုအောက်ကနီညိုရောင်ချင်းအဆင်ထဘီနဲ့ဝတ်လာတယ်။
နွယ်နဲ့ကျွန်တော်ကငယ်သူငယ်ချင်းတွေ။နွယ်ကယောကျာ်းလေးလိုဘဲဝတ်စားတတ်တယ်။ယောကျာ်းလေးအပေါင်းအသင်းများတယ်။မိန်းခလေးသူငယ်ချင်းအနည်းငယ်ဘဲရှိတယ်။အနားနီးငယ်သူငယ်ချင်းမယောကျာ်လျာလေးကိုကျွန်တော်ဘယ်လိုချစ်မိသွားမှန်းမသိဘူး။သူ့ကိုကျောင်းသားသစ်ကရည်းစား‌စကားပြောလို့နွယ်ကအ‌ဖြေပြန်ပေးမယ်ပြောတဲ့အချိန်ကလား။ နွယ်တစ်ယောက်သူ့ဆံပင်တိုတွေကိုပူလို့ယော င်ပေစူးပုံစံစီးလိုက်ချိန်ကလား။ ဇီးဖျော်ရည်တစ်ခွက်ဘဲကျန်တော့တဲ့အချိန် ရော့နင်ဘဲသောက်လိုက်တော့လို့ပြောတဲ့အချိန်ကလား။ဘယ်အချိန်ကမှန်းမသိပေမယ့်သတိထားမိချိန်မှာကျွန်တော်နွယ့်ကိုချစ်မိနေပြီ။နွယ့်ကိုဆံပင်ရှည်ထားဖို့ပြောတော့နွယ်က

"အင်းထားရမှာပေါ့ နွယ်ကမိန်းခလေးဘဲဟာတခါလောက်တော့ဆံပင်ရှည်နဲ့လှချင်ပါသေးတယ်"

ဟုပြောလိုက်တည်းကသူ့ယောကျော်းလေးကေကိုအရှည်ထားတာအခုဆိုပခုံးတောင်ကျော်နေပြီ။

"ကို့ ဘာတွေငေးနေတာလဲ၊ လာလေအထဲဝင်ပြီးနွယ့်ကိုဘယ်မေဂျာလျှောက်ရမလဲကူရွေးပေး"

နွယ်ကကျွန်တော့်လက်ကိုကိုင်ကာဆွဲခေါာတော့မှ ကျွန်တော်ပြုံးမိတော့တယ်။
ဘယ်လိုကြောင့်နဲ့ဘယ်အချိန်မှာချစ်မိချစ်မိ နွယ်ဟာကျွန်တော့်ရဲ့နွယ်ပါဘဲ....။

Candy CrushDonde viven las historias. Descúbrelo ahora