ရည်းစားနဲ့ရန်ဖြစ်ပြီးရင် တခြားလူတွေကော တေဇာမောင့်လိုဖြစ်ကြလား ဆိုတာ ဇေယျာဦးတစ်ယောက်သိချင်မိသည်။ နေနွယ်နှင့်ဖုန်းပြောပြီးထဲက ထမင်းကိုတစ်လုတ်မှ မစားဘဲ ဖုန်းကိုသာစိုက်ကြည့်နေသောကြောင့် မနေနိုင်စွာပင် နေနွယ့်ဆီ စာလှမ်းပို့ရတော့သည်။ သိပ်မကြာလိုက်ပါ တေဇာမောင်ရဲ့ ဖုန်းမှ သီးသန့်ဖြစ်သော ringtoneကိုကြားလိုက်ရသည်။ အစိမ်းရောင်လေးကို screenပေါာမှ ဆွဲပြီးနောက် စပီကာကို ဖွင့်လိုက်သည်။
"ဟယ်လို ကို ၊ အခုထိထမင်းတစ်လုတ်မှမစားရသေးဘူးဆို"
ဖုန်းတစ်ဖက်မှ နေနွယ်က ဆိုတော့ တေဇာက ကျွန်တော့်ထံ ဘာလို့သွားပြောလိုက်ရတာလဲဆိုသည့်အကြည့်နှင့် ခဏမျှသာကြည့်ပြီး ဖုန်းဘက်ကိုမျက်နှာပြန်လှည့်သွားသည်။
"ကို့ ကို နွယ် နေ့လည်ကတောင်တက်အသင်းဝင်မို့ ကိုကောစိတ်ပါလားဆိုပြီးလှမ်းမေးပါသေးတယ်။ နွယ်လဲ ခရီးက အခုလို မြန် မြန်ဆန်ဆန်သွားဖြစ်မယ်မှန်းမသိဘူး။
နွယ့်ကိုစိတ်ဆိုးပြီး ထမင်းမစားဘဲနဲ့တော့မနေပါနဲ့ကိုရယ်၊ ကို့မှာအစာအိမ်ရောဂါအခံရှိတယ်လေ ကိုရဲ့"နေနွယ်ပြောတော့မှ ဇေယျာလဲ စိတ်တွေ ပူထူလာတော့သည်။ ခဏနေ ထမင်းစားဆောင်ပိတ်တဲ့အခါ တစ်လုတ်မှ မစားဘဲအဆောင်တက်ဖြစ်ခဲ့ရင် ဒီညတော့ မတွေးရဲစရာဘဲ။
"ကို စိတ်ဆိုးတာမဟုတ်ပါဘူး။ ကိုစိတ်မကောင်းဖြစ်တာ၊ ကိုဘယ်တော့များမှ နွယ့်ရဲ့ ဝါတနာ တွေကို အတူတူပါရမီဖြည့်ပေးနိုင်မလဲလို့ တွေးပြီးစိတ်မကောင်းဖြစ်မိတာ။ အရင်တည်းက ကို့ရဲ့ စိတ်ကူးတွေ ဝါတနာတွေဆို နွယ်က ဘေးကနေ ပါဝင်ပေးနိုင်ပေမယ့် ကိုကျ အာ့လိုမလုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်နေမိတာ"
"ကို ရယ် အာ့တာတွေ တွေးမနေပါနဲ့ ၊နွယ်က ကို့ကိုချစ်ပြီးသားမို့ အာ့တာတွေကို မတွေးမိဘူး၊ အခု တော့ထမင်းလေးစားလိုက်ပါအုံးနော် နွယ်ဖုန်းမချသေးဘဲ ကို ထမင်းစားလို့ပြီးတဲ့ထိနေပေးမယ် ဟုတ်လား"
ထိုအခါမှ ဇေယျာဝယ်ထားပေးသော ကြက်သဲကြက်မြစ်ဟင်းနဲ့ အဆောင်က ကျွေးသော ချဉ်ပေါင်းဟင်းကို ယူကာ ထမင်းစစားတော့သည်။ ထမင်းလဲစားရင်း နေနွယ်နဲ့ဖုန်းပြောနေသောတေဇာတို့ကို ဇေယျာတစ်ယောက်ကြည့်ရင်း ဝမ်းနည်းနေမိသည်။
ဒီလိုတစ်ယောက်ကိုတစ်ယောက် ဖြည့်ဆည်းပေးရင်း တစ်ယောက်ကိုတစ်ယောက် မခွဲနိုင်အောင် ချစ်နေကြတဲ့ ခိုင်မြဲနေတဲ့သံယောဇဉ်တွေရှိနေတဲ့ လူနှစ်ယောက်ကြားထဲ သူဘယ်လိုနည်းနဲ့ ဝင်နိုင်ပါ့မလဲ။
တစ်ဖက်သတ်ဆိုတည်းက ကိုယ့်ဘက်ကသေနေပြီးသား။တတိယလူဆိုတဲ့နေရာကို အချိန်မရွေးပစ်ဝင်နေရတဲ့ လူတစ်ယောက်။ နေဝင် နေထွက်ချိန် ဘေးနားရှိနေတာတောင် ချစ်ရသူရဲ့နှလုံးသားထဲ ကိုယ့်နေရာဟာ မြူမှုန်တစ်စလောက်တောင်မရှိ။
ရင်ဘက်ထဲနာကျင်ရလွန်းလို့အသံတိတ်မျက်ရည်တွေကလဲ ရင်ထဲအပြည့်။ ဘယ်လောက်အတိုင်းအတာထိ နာကျင်ရပြီးမှ မင်းရဲ့နှလုံးသားမှာ ငါ့အတွက်နေရာရှိမလဲ.....။
#ဇာတ်လမ်းက တခြားbl တွေနဲ့မတူတာမို့ ဖတ်ရတာပျင်းနေပြီလား reader nimတို့
True storyကိုအခြေခံပြီး ပြန်လည်ပြင်ဆင်ရေးသားထားတာမို့ ချို မြိန်မှာမဟုတ်ပါဘူးလို့ ပြောချင်ပါတယ် ။ ဒါပေမယ့်လဲ ဆက်ပြိးစိတ်ပါဝင်စားပေးကြပါအုံးလို့ ချစ်တဲ့အိုင်ရင်းမှ
YOU ARE READING
Candy Crush
General Fiction"ငါအဆင်သင့်ဖြစ်တဲ့အခါ မင်းဆီလာခဲ့မယ်' #တေဇာမောင် "အစတည်းက ငါကအရှုံးသမားပါမောင်" #ဇေယျာဦး "ကို့ ကိုအရမ်းချစ်တဲ့သူ့ကိုပြန်ငဲ့ကြည့်ပါအုံး" #နေနွယ်