ဒီနေ့ဟာ မောင်နဲ့ပထမဆုံးရုပ်ရှင်အတူတူကြည့်ရမယ့်နေ့ဘဲ။ နှစ်ယောက်တည်းတော့မဟုတ်ပေ။ မနေ့ညက
"ဒေါက် ဒေါက်"
မောင့်အကြောင်းဒိုင်ယာရီရေးနေစဉ် အခန်းတံခါးလာခေါက်နေသည်မို့ ရေးလက်စကို သတ်ရင်းစာအုပ်အား လုံခြုံစွာသိမ်းလိုက်သည်။ပြီးနောက်တံခါးအားဖွင့်ကာ
"တံခါးဖွင့်ဖို့အရေး နှစ်တစ်ရာလောက်ကြာတယ်၊ ဘာတွေလုပ်နေလို့ဒီလောက်ကြာနေတာလဲ"
ပြောလဲပြောအခန်းထဲသို့ခွင့်တောင်းခြင်းအလျင်းမရှိဘဲဝင်လာသည်။ ဒီလိုဘဲ ကျွန်တော့်နှလုံးသားအိမ်ထဲကိုလဲ တံခါးမခေါက်ဘဲ သူ့ဘာသာနေရာဝင်ယူနေလေသည်။
"ဘာကိစ္စလဲ"
မောင်ကစာကြည့်စားပွဲဘေးက ခုံမှာထိုင်ပြီး ကျွန်တော်ကတော့ ကုတင်ပေါာတွင်သာထိုင်လိုက်သည်။ တော်သေးတယ် ခုနကစာအုပ်ကိုမသိမ်းဘဲဒီတိုင်းထားရင် ပြသနာတက်တော့မို့။မောင်ကခုံနားကိုသူ့လက်ထိပ်နဲ့ခေါက်နေရင်းပင်
"မနက်ဖြန် နွယ်နဲ့မိတ်ဆက်ပေးဖို့ငါပြောထားတာမေ့နေမှာစိုးလို့၊ လာအသိပေးတာ"
"မမေ့ပါဘူး၊ ဘယ်အချိန်လဲ"
" ၉နာရီ"
"ဟမ်အစောကြီးပါလား"
"မင်းလာနောက်နေတာလား၊ ၉နာရီက စောမလားကွ"
"မင်းခါတိုင်း ကျောင်းပိတ်ရက်ဆို၁၂နာရီမှထတာမဟုတ်ဘူးလား"ကျွန်တော်ပြောပြီးမှ ကိုယ့်ပါးစပ်ကိုအပြစ်တင်မိသည်။ ဒါပေမယ့် မောင်ကသတိထားမိဟန်မတူဘဲ
" အချစ်နဲ့တွေ့ရမှာလေကွာ ပုံမှန်နဲ့တူပါ့မလားကွ၊ ဒါနဲ့"
ကျွန်တော့်ရင်ထဲဒိတ်ခနဲဖြစ်သွားမိသည်။
အကြောင်းမှာ မောင်က စာအုပ်စင်ဘက်ကို မျက်နှာမူရင်းပြောနေသည်မို့ပင်။"မင်းမှာ စာအုပ်တွေရှိတာဘဲကွ ၊ငါ့ကိုလဲငှားဖတ်ကွာဇေယျာ"
ထိုသို့မှသာ ကျွန်တော့်မှာသက်ပြင်းခိုးချမိသည်။ မောင်လိုချင်ရင် ငါ့စာအုပ်တွေတင်မဟုတ်ဘူး။ ငါ့ကိုယ်ငါပါ အပိုင်ပေးချင်တယ်။ ဒါတွေကိုမောင်တစ်ယောက်သိမှာမဟုတ်ပါဘူးလေ။ ဒါပေမယ့် ငါကနေပြီးမောင့်ဆီတိုက်ရိုက်မသိစေရဘူး။ မောင် ငါ့အချစ်တွေကို သိလာမှာပါ။ငါ့ဆီကနေမဟုတ်ဘဲ။ ကျွန်တော့် ပြုံးလိုက်မိသည်။ ချိုမြိန်တဲ့အပြုံးမဟုတ်တာတော့သေချာသည်။
"မင်းဖတ်ချင် ယူလေ"
"အေး အာ့ဆို ၊ ငါဒီတစ်အုပ်ယူသွားမယ်
မနက်ကျ စောစောထနော်ဟျောင့်"
"အေးပါကွာ"မောင်တစ်ယောက်အခန်းထဲကထွက်သွားပြီးနောက် မောင်ယူသွားတဲ့စာအုပ်နေရာကိုကြည့်မိတော့ မောင်ယူသွားတဲ့စာအုပ်က
ဆရာချစ်ဦးညိုရဲ့ လက်ာဒီပချစ်သူဆိုတဲ့စာအုပ်ပင်ဖြစ်သည်။ ကျွန်တော်ပြုံးမိပြန်သည်။ ဒီတခါတော့ကျေကျေနပ်နပ်အပြုံးပင်ဖြစ်သည်။
~ဒသက မယ်သီတာ့ကို
ရာမလက်ထဲပြန်ထည့်ပေမယ့်
ငါကတော့ ရာမကိုယ်တိုင်
ငါ့လက်ထဲထားခဲ့ဖို့ပိုမျှော်လင့်တယ်~
# Irena
YOU ARE READING
Candy Crush
General Fiction"ငါအဆင်သင့်ဖြစ်တဲ့အခါ မင်းဆီလာခဲ့မယ်' #တေဇာမောင် "အစတည်းက ငါကအရှုံးသမားပါမောင်" #ဇေယျာဦး "ကို့ ကိုအရမ်းချစ်တဲ့သူ့ကိုပြန်ငဲ့ကြည့်ပါအုံး" #နေနွယ်