အခန်း(၅)

1K 34 0
                                    

နဂိုStateကျောင်းမှာတည်းကအားကစားဆိုဝါတနာမပါလှသော ကျွန်တော်တေဇာမောင်‌တစ်ယောက်uniရောက်မှPTချိန်ကိုလစ်ပြေးချင်နေပြီဖြစ်သည်။
သို့သော်ဒါတွေကRoll noနဲ့မေဂျာခွဲတဲ့အခါထည့်တွက်တာမို့အောင့်အီးသည်းခံနေရသည်။
"မောင် မောနေပြီလား၊ ခဏဘဲတောင့်ထားလိုက် တအောင့်နေရင်ပြီးတော့မှာပါ"
လူကမောရတဲ့ကြားထဲဘေးနားကတမောင်မောင်နဲ့ မောင်နေတဲ့ လူကြောင့် ပိုပြီးမောလာကာစိတ်လဲအချဉ်ပေါက်လာတော့သည်။
"မင်းအပူပါလားဟျောင့်၊ ပြီးတော့ငါ့ကိုမောင်လိုလာမခေါာစမ်းနဲ့နားကြားမျှင်းကပ်လိုက်တာကွာ"
ဟုပြောပြီးသူ့ထက်ရှေ့သို့ရောက်ပြေးနေလိုက်တော့သည်။ ဘယ်လိုတွေတောင်လားကွာ။စိတ်ညစ်လိုက်တာ။
"ဟာ...မောလိုက်တာငါတော့ကျောင်းထွက်ချင်နေပြီနင်ကောတေဇာမောင်"
ဟုပြောလဲပြောလက်မောင်းကိုလက်သီးနဲ့ထိုးလာသောအသံသေးသေးနဲ့‌ကောင်မလေးကိုကြည့်လိုက်မိတော့ နွယ့်လိုမျိုးဘဲဒါပေမယ့်သူကနွယ်နဲ့လားလားမျှမတူ။ နွယ်ကယောကျာ်းလေးလို့နေပမယ့် နွယ့်မျက်လုံးများကဝိုင်းသည်။နှုတ်ခမ်းတွေကခပ်တင်းတင်းစေ့ထားရင်မာနကြီးသယောင်နှင့်ပြုံးလိုက်ရင်တစ်ဖက်လူကိုသေစေနိုင်လောက်တဲ့နှုတ်ခမ်းမျိုးပင်ဖြစ်သည်။မျက်ခုံးများကအရောင်မခြယ်ဘဲနှင့်ကိုနက်မှောင်သည်။ဆံနွယ်များပိတုန်းရောင်ကိုမှထူထဲသည်။ပြီးတော့နွယ့်အရပ်ကသူ့လောက်မပုချေ။သူ့ကိုစိုက်ကြည့်နေ၍လားမသိသူမက
"ငါ့မျက်နှာ ဘာပေနေလို့လဲ"ဟုပြောလဲပြောလိုက်စမ်းကာသုတ်နေသောသူမကို
"ဘာမှမပေဘူး၊ နင်ကငါ့သိလို့လား"
"နင်ကking sectionထဲပါတာမလား၊Aခန်းထဲကလေ၊ ငါက Bခန်းကဝိဇ္ဇာတွဲမို့၊ ငါ့နမည်မေမီသော်"
"ငါကတော့နင်သိပြီးသားဘဲမိတ်ဆက်မနေတော့ဘူး"
နှစ်ယောက်သားခဏနားနေချိန်
"ရော့မောင် ၊ငါရေဘူးယူလာတယ်သောက်လိုက်"
ကျွန်တော်ကောမေမီသော်ကောမျက်လုံးအပြူးသားနှင့်ထိုလူကိုကြည့်မိသည်။အကြည့်တွေကတော့မတူပေ။ မေမီသော်က တော့ကျွန်တော်တို့နှစ်ယောက်ကိုဟိုလိုမျိုးကြည့်ခြင်းဖြစ်ပြီး၊ကျွန်တော်ကတော့အရှုပ်ထုတ်ပုံစံမျိုးကြည့်ခြင်းသာဖြစ်သည်။
"နင်တို့နှစ်ယောက်ရည်းစားတွေလား"
ဟုမေမီသော်အမေးကြောင့်ကျွန်တော့်မှာတံတွေးပင်သီရတော့သည်။ ထင်လဲထင်ချင်စရာ သကောင့်သားကတမောင်မောင်နဲ့မောင်နေ‌တာရော၊ ရေဘူးကအစသစ်သျှူးအဆုံးဘေးနားလာချကာပြောနေတော့ ထင်မှာပေါ့။
"မဟုတ်တာဟာ ၊ ငါသူ့ကိုမသိဘူး၊ပြီးတော့ငါကအဖြောင့်၊ငါ့မှာအရမ်းကိုချစ်ဖို့ကောင်းတဲ့ငါ့ငယ်ချစ်ဦးရှိတယ်၊သူ့နမည်ကနေနွယ်တဲ့နောက်ကျမိတ်ဆက်ပေးမယ်၊နွယ်နင့်ကိုသဘောကျမှာသေချာတယ်"
"အော်ဟုတ်လား၊မသိဘူးလေ သူကနင့်ကိုမောင်လို့ခေါာတော့ငါကဟိုလိုထင်နေတာ"
"ပေါက်တက်ကရဟာ ငါဖြင့်သူနမည်တောင်မသိဘူး"ဟုဆိုတော့ထိုပါးစပ်ပိတ်‌တေမိကောင်က
"ငါ့နမည် ဇေယျာဦး၊ ငါလဲAခန်းကဘဲ ၊ငါမောင်နဲ့သူငယ်ချင်းဖြစ်ချင်တယ်"
"မင်းငါနဲ့သူငယ်ချင်းဖြစ်ချင်ရင်ငါ့က်ုမောင်လို့မခေါာပါနဲ့ကွာ၊ငါ ကသီလွန်းလို့ပါကွာ ဟုတ်ပြီလား"
"တကယ်လားအာ့ဆိုငါတို့သူငယ်ချင်းဖြစ်ပြီပေါ့ဟုတ်‌လားမောင်"
ကျွန်တော်သူ့ကိုပြောထားတယ်ဆိုတော့အကြည့်ဖြင့်ကြည့်တော့
"Sorry, မခေါာတော့ဘူး"
~မောင့်ကိုမောင်လို့တရားဝင်ခေါာခွင့်ဒီတစ်သက်မရှိရင်တောင်မောင့်အနားရှိနေခွင့်နဲ့တင်ရပြီ
ဇေယျာဦးတစ်ယောက်စိတ်ထဲတွင်တေဇာမောင်နဲ့သူငယ်ချင်းဖြစ်ခွင့်ရခဲ့၍အလွန်ပျော်ရွှင်နေလေသည်။
ဒီလိုနဲ့ဘဲ ကျွန်တော်တို့သုံးယောက်သူငယ်ချင်းဖြစ်လာခဲ့တယ်။
#Irena

Candy CrushWhere stories live. Discover now