ရုပ်ရှင်ဇာတ်ကားပြီးသည့်နောက် သီရိနှင့်မေမီက မျက်ရည်များကို သုတ်လျက်ထွက်လာသည်။
"ဇာတ်ကားက သနားစရာဟယ် ၊ငါတော့တတိယလူကိုအရမ်းသနားတာဘဲ"
ဟု သီရိက မျက်ရည်များကိုသုတ်ရင်းပြောလာသည်။
"တခြားသူကိုနှလုံးသားထဲတံဆိပ်ခတ်ပြီးသား လူတစ်ယောက်ကိုချစ်ရတာ ခက်ခဲလိုက်တာ"
ဟု သီရိစကားကို နှပ်ညစ်ရင်းပြောလာသူကမေမီသော်ပင်ဖြစ်သည်။
"ငါသာတတိယမင်းသားနေရာမှာဆိုရင် မင်းသမီးကို သူချစ်ရတဲ့သူနဲ့ပျော်စေဖို့နောက်ဆုတ်မှာဘဲ"
နွယ်က ပေါက်ပေါက်စားရင်းပြောလာတော့
"ဘာလို့လဲနေနွယ်"
ဇာတ်ကားပြီးခါနီးမှ ဇာတ်လမ်းပေါာအာရုံရှိလာတဲ့ဇေယျာကမေးလာသည်။
"ကိုယ့်မျက်နှာမြင်နေရတာနဲ့တင် ကိုယ်ချစ်ရတဲ့သူက စိတ်ပင်ပန်းနေရမယ်၊ စိတ်မချမ်းသာရဘူးဆိုရင် သူ့ကိုကိုယ့်ထက်ပိုပျော်ရွှင်နိုင်အောင်လုပ်ပေးနိုင်တဲ့သူဆီမှာဘဲ ပျော်နေခိုင်းမယ်"
"ဒါဆို နွယ်က အချစ်ကိုစွန့်လွှတ်ခြင်းလို့အဓိပ္ပာယ်သတ်မှတ်တယ်ပေါ့"
ဘာရယ်မဟုတ် ဇာတ်ကားတစ်ကားကို အပျော်သဘောနဲ့စကားစရာမှ လေးနက်သည့်ဘက်သို့ကူးပြောင်းလာလေသည်။
ထိုသို့ကူးပြောင်းလာရာတွင်အဓိကပါဝင်သူက နေနွယ်နှင့်ဇေယျာဦးပင်ဖြစ်သည်။
"အာ့လိုလဲမဟုတ်ဘူးဇေယျာ၊ အခြေအနေအလိုက်ပေါ့"
"ကျွန်တော်ကတော့ အချစ်ကို ပိုင်ဆိုင်ခြင်းလို့ဘဲ သတ်မှတ်တယ်၊ ကိုယ်က ချစ်ရပါပြီဆိုမှတော့ ကိုယ်ချစ်ရတဲ့သူနဲ့ ဆံဖြူသွားကျိုးတဲ့ထိနေချင်တယ်၊ မေတ္တာဆိုတာရောင်ပြန်ဟပ်ပါတယ်၊ ဟုတ်တယ်မလားနေနွယ်"ရုပ်ရှင်ရုံမှလမ်းလျှောက်ကာထွက်လာပြီး နဂိုစီစဉ်ထားသည့်အတိုင်းနေ့လည်စာစားရန်
ကြက်ကြော်ဆိုင်သို့သွားနေစဉ်တွင် ဖြစ်သည်။ မုန့်ထုပ်တွေကို ကိုင်ပြီးစိတ်ဆိုးကာရှေ့မှသွားသော မိုးပြာရောင် ကျောပြင်ကျယ်ကြီးကိုကြည့်ကာ ဇေယျာဦးတစ်ယောက်ဆိုနေသည်ကို နေနွယ်က မရိပ်မိဘဲနေမလားလေ။"မေတ္တာဆိုရင်တော့ ရောင်ပြန်ဟပ်ပါတယ်ဇေယျာ၊ အတ္တရောတဲ့ ချစ်ခြင်းတရားဆိုရင်တော့ နေနွယ်လဲ မပြောတတ်ဘူး"
ထက်မြတ်ပြီး စာအုပ်တွေဖတ်ထားသော ရန်ကုန်တက္ကသိုလ် ရဲ့ ကုန်ထုတ်ဓာတုဗေဒမေဂျာကို အဆင့် ၂နဲ့ဝင်ထားသော အမျိုးသမီးပီသပါပေတယ်။ စကားပြောသည့်နေရာမှာ ပညာသားပါလှသလို ဇေယျာဦး၏ စကားဆိုလိုရင်း ရည်ညွှန်းရာက ဘယ်ကိုဦးတည်သလဲဆိုတာကိုလဲ ရိပ်မိနေပါရဲ့။
"ဟိုးအနောက်နားက နှစ်ယောက်"
တစ်ယောက်နဲ့တစ်ယောက် စကားပြောနေရာမှ အတွေးတို့ဖြင့် ငြိမ်နေစဉ် တေဇာမောင်တစ်ယောက်လှမ်းခေါာခြင်းဖြစ်သည်။
"ဘာတွေများအာ့လောက်ပြောစရာများနေလဲ ၊ကြက်ကြော်ဆိုင်ရှေ့တောင်ရောက်နေပြီ"
"လာပါပြီ ကိုရဲ့"တေဇာမောင့်ထံ ကြည့်နေရင်းမှ တစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်ပြီး နောက် အပြုံးတစ်ခုကို ချိတ်လျက်နှင့်ပင် နေနွယ် ချစ်ရသူဆီ သွားလိုက်သည်။
~ကို့ဘက်က ဒီလက်တွေကိုမဖြုတ်သရွေ့ပေါ့...
ကို နေနွယ့်အချစ်တွေနဲ့ပျော်မွေ့နေသရွေ့ပေါ့
နေနွယ်ကတော့ ချစ်ရသူပျော်ရွှင်ဖို့ အဓိက
နေနွယ်ချစ်ရတဲ့ တေဇာမောင်ဆိုတဲ့လူသားလေး စိတ်အေးချမ်းသာစွာ ချစ်နေနိုင်ဖို့က
နွယ့်ရဲ့ပထမဦးစားပေးဘဲ~~ မင်းက သဘောထားပြည့်ဝပြီးစိတ်ထားကောင်းတဲ့အမျိုးသမီးပါ နေနွယ်
မောင်ကမင်းဘေးနားမှာဆို ပြုံးပျော်နေမှာအမှန်ပေမယ့်
ငါ့ရဲ့ ပိုင်ဆိုင်လိုမှုက တနေ့ထက်တနေ့ထိန်းထားလို့မရနိုင်ဘူး နေနွယ်
အာ့အတွက် ငါမင်းကိုအားနာပါရဲ့~#Irena
YOU ARE READING
Candy Crush
General Fiction"ငါအဆင်သင့်ဖြစ်တဲ့အခါ မင်းဆီလာခဲ့မယ်' #တေဇာမောင် "အစတည်းက ငါကအရှုံးသမားပါမောင်" #ဇေယျာဦး "ကို့ ကိုအရမ်းချစ်တဲ့သူ့ကိုပြန်ငဲ့ကြည့်ပါအုံး" #နေနွယ်