နောက်ဆုတ်ဖို့ ကြိုးစားခဲ့ပါတယ်.....။ နှလုံးသားကမလိုက်နာရုံလေးပါ.....။
•••••••••••••••••• •••••••••••••••••• •••••••••••••••••••••
တက္ကသိုလ်ဆေးရုံ၏ ကုတင်တစ်ခုတွင် လဲလျောင်းနေသောလူငယ်တစ်ဦးနှင့် ကုတင်ဘေးတွင် ခေါင်းငိုက်စိုက်ကျနေသော လူငယ်လေးတစ်ဦးတို့ရှိနေသည် ။ မိမိ၏ကုတင်ဘေးတွင် ဖုန်းပြောပြီးစဉ်တည်းက ခေါင်းပြန်မမတ်လာသော တေဇာမောင်ကို ဇေယျာဦးတစ်ယောက် ကြည့်နေမိသည် ။တမင်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းမျိုးမဟုတ်ဘဲ မတော်တဆဖြစ်သွားခဲ့ခြင်းသာဖြစ်ကြောင်း အမှန်တရားကို မိမိနဲ့ မိမိကိုယ်စောင့်နဲ့မှလွဲ၍ တခြားသူယုံပါလိမ့်မည်။ အနည်းအများတော့နာကျင်ရမှာပေါ့လေ ။ အဓိကနာကျင်ရမည့်သူဟာ ကိုယ်ရဲ့ချစ်ရသူဖြစ်နေမှန်းကို တနေ့ထက်တနေ့သိလာပေမယ့် နောက်ဆုတ်ဖို့ နှလုံးသားကလက်မခံချေ ။
"တေဇာ...."
အခန်းကျယ်ကြီးထဲတွင် ကျွန်တော်တို့ကုတင်နှင့် ထောင့်စွန်းက ကုတင်ကလူတစ်ယောက်ရယ်ဘဲရှိသဖြင့် အသံတိုးတိုးဆိုသော်လည်း ကျယ်နေသယောင် လိုပင် ။
"ဟင်...၊ ဘယ်နားနာလို့လဲ ဇေယျာ"
အိမ်မက်ကလန့်နိုးသူပမာ ပြန်ပြောလာသော မောင့်ကြောင့် မိမိမှားသွားသလားဟု ပင်စိတ်ထဲ မှတ်ယူမိသည် ။
"ဘယ်နားမှာမနာပါဘူး ။ မင်းညနေစာမစားရသေးဘူးလေ"
"အော်...အေး၊ ခနနေ ငါစားလိုက်ပါ့မယ်"
ထိုမျှသာဆိုပြီး ပြန်ငိုင်ကျသွားသော မောင့်အား
"နေနွယ်တို့ ဘယ်နားရောက်ပြီလဲဖုန်းဆက်မေးချင်မေးလေ"
ဪ...မိမိတောင် မောင့်မျက်ဝန်းတွေကနေတဆင့် စိတ်ကိုဖတ်တတ်နေမိပါရောလား။
"၁၁နာရီတော့ရှိပြီ ။ နွယ်အိပ်နေလောက်ပြီ ။ မနက်ကျမှ ဖုန်းဆက်ပါတော့မယ် ။ "
တကိုယ်တည်းရေရွတ်သလိုပြောနေပေမယ့်လဲ စကားလုံးတစ်လုံးစီအားပီပြင်စွာကြားနေရသည်။
"နွယ်က ကားစီးရင်းအိပ်ပြီးတဲ့အခါ ဇက်ကြော်တွေတင်းနေတတ်တယ် ။ နွယ်က လမ်းတွေ အဆောက်အအုံတွေကို သိပ်မမှတ်မိတတ်ဘူး ။
အာ့ကြောင့် ယာဉ်ရပ်နားစခန်းရောက်တဲ့အခါ သီရိကနွယ်နဲ့အတူ အိမ်သာလိုက်ပါ့မလား ။ နွယ်က လူကောင်သေးသေးလေး တောင်တက်တဲ့အခါ ကိုယ့်လွယ်အိတ်ကိုသယ်ရတယ်လို့ငါကြားထားတယ်။ နွယ်က အစပ်တွေအများကြီးစားရင်ဗိုက်အောင့်တတ်တယ်"ဖုန်းကို လက်ဖြင့်ပွတ်ရင်း ဖြည်းညှင်းစွာပြောနေသော စိုးရိမ်နေသံတို့သည် မိမိနှလုံးသားကိုအဆိပ်အပ်တစ်ချောင်းချင်းစီ စိုက်နေသလို ။
"အာ့ကြောင့်ငါ နွယ်စားဖို့ မုန့်တွေဝယ်ထားတာအခုတော့"
ကြေမွနေသော ၊ ပွင်နေသော မုန့်ထုတ်များကို ကြည့်ကာဆိုရင်း ကျသွားသောမျက်ရည်ကို မြင်ဖြစ်အောင်မြင်လိုက်ရသည် ။ နာကျင်လိုက်တာဆိုတာလေ....။
"တောင်းပန်ပါတယ်...။"
မောင့်ကိုမျက်ရည်ကျအောင်လုပ်မိလို့တောင်းပန်မိတာလား ။ မောင့်ကို စိတ်မချမ်းမြေ့အောင်လုပ်မိလို့တောင်းပန်မိတာလား ။ မောင့်ကိုပူပန်စေမိလို့တောင်းပန်မိတာလား ။ ဘယ်အရာကိုတောင်းပန်မိတာလဲမသဲကွဲပေမယ့် သေချာတာတစ်ခုက ရင်ထဲကကို သိနေတဲ့ တောင်းပန်မှုတစ်ခုက မောင့်ကို လက်မလွှတ်ချင်မိလောက်အောင်ချစ်နေမိလို့ မောင့်ကိုပိုင်ဆိုင်ချင်မိလို့ မောင့်ချစ်ရတဲ့မောင့်မိန်းခလေးကို နာကျင်စေမိလို့ မောင်ဆက်ပြီးခံစားရမှာတွေအတွက် တောင်းပန်ပါတယ် ။
ယောကျာ်း မိန်းမဆိုတာမျိုးမခွဲဘဲ လူတစ်ယောက်က လူတစ်ယောက်ကို ချစ်မိတဲ့အခါ ပိုင်ဆိုင်လိုမှုလို့ဘဲ မောင်နားလည်ပေးရင်ကောင်းမယ်။ မောင်ခံစားပေးရင်ကောင်းမယ် ။ အချိန်မရွေး မောင့်အနားမောင့်လိုအင်တွေကို ဖြည့်ဆည်းဖို့အသင့်ရှိနေတဲ့ လူတစ်ယောက်အဖြစ် မောင်သိနားလည်ပေးလာရင်ကောင်းမယ် ။ ဒီလောက်ပါဘဲမောင်....။ မောင့်ကို ပိုင်ဆိုင်ချင်မိရုံကလွဲလို့ဘာမှမမျှော်လင့်ပါဘူး ။ ရုပ်ပိုင်းဆိုင်ရာအရပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်တောင်ပေါ့ ။
#မတွေ့တာကြာပြီ readernimတို့
YOU ARE READING
Candy Crush
General Fiction"ငါအဆင်သင့်ဖြစ်တဲ့အခါ မင်းဆီလာခဲ့မယ်' #တေဇာမောင် "အစတည်းက ငါကအရှုံးသမားပါမောင်" #ဇေယျာဦး "ကို့ ကိုအရမ်းချစ်တဲ့သူ့ကိုပြန်ငဲ့ကြည့်ပါအုံး" #နေနွယ်